Sliding Camera ပါတဲ့ Lenovo Z5 Pro

0
558




unicode


Lenovo က Sliding Camera ပါတဲ့ Z5 Pro ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Slider ဟာ Mi Mix 3 , Honor Magic 2 တို့လို လက်ဖြင့် တွန်းဖွင့်ရတဲ့ အမျိုးအစားပါ။ ဒါပေမယ့် လီနိုဗိုက သူ့ရဲ့ ဖုန်းဟာ Screen-to-body Ratio နဲ့ ဈေးနှုန်း အပိုင်းမှာ အဲဒီဖုန်း ၂ လုံးထက် သာတယ်လို့ ပြောပါတယ်။ Lenovo Z5 Pro ကို Snapdragon 845 အစား 710 က မောင်းနှင်းထားပါတယ်။ ဒါပေမယ့် အခြား အစိတ်အပိုင်းများက စွမ်းရည်မြင့်မားပါတယ်။

သူ့မှာ ၆.၃၉ လက်မ FHD+ Display ထည့်သွင်းထားပြီး အရှေ့ဘက်ရဲ့ ၉၅ ရာခိုင်နှုန်းကို နေရာယူထားပါတယ်။ ဒါပေမယ့် Mi Mix 3 ရဲ့ ဘေးဘောင်များက ပိုပါးလွှာတယ်လို့ ထင်ရပါတယ်။ Z5 Pro မှာ 6GB RAM တစ်မျိုးသာပါပါတယ်။ microSD Card Slot ပါလားတော့ မသိသေးပါဘူး။ အနောက်ဘက်မှာ 16+24MP Camera နဲ့ Slider မှာ 16+8MP Camera များ ထည့်သွင်းထားပါတယ်။ အဆင့်မြင့် Face Unlock ကို သုံးနိုင်ပါတယ်။

မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ 3350mAh Battery , Android Oreo အခြေပြု ZUI 10 မောင်းနှင်ထားပါတယ်။ ဖုန်းမှာ AI လုပ်ဆောင်ချက်များ ပါပြီး Camera Scene Recognition ,Power Saving နဲ့ Gaming Mode များကို ထောက်ကူပေးထားပါတယ်။ 64GB ကို ၂၈၇ ဒေါ်လာနဲ့ 128GB ကို ၃၃၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Ceramic Black တစ်မျိုးသာ ရှိပါတယ်။

Leave a Reply