iPhone XR က Drop Test စမ္းသပ္တဲ့ေနရာမွာ iPhone XS ကို အမွီလိုက္နိုင္တယ္လို႔ ေျပာလို႔ရ

0
693

Zawgyi version

Apple ရဲ႕ အသစ္ထြက္ရွိထားတဲ့ တန္ဖိုးသင့္ဖုန္းလို႔ ေျပာလို႔ရတဲ့ iPhone XR ကApple ရဲ႕ တန္ဖိုးျမင့္ဖုန္းေတြျဖစ္တဲ့ iPhone XS နဲ႔ XS Max တိ႔ုရဲ႕ အၾကမ္းခံနုိင္မႈစြမ္းရည္ကို အမွီလိုက္နိုင္တယ္လို႔ ေျပာလို႔ရတဲ့ အေနအထားပါ။ ဘာကိုၾကည့္ျပီး ေျပာတာလဲဆိုေတာ့ Apple ရဲ႕ warranty company ျဖစ္တဲ့ SquareTrade ကေန စမ္းသပ္ထားတဲ့ drop test ရဲ႕ result ကိုၾကည့္ျပီးေျပာနိုင္တာပဲ ျဖစ္ပါတယ္။

ဖုန္းရဲ႕ေနာက္ေက်ာဘက္ကို glass နဲ႔ျပဳလုပ္ထားတဲ့ OLED iPhone XS နဲ႔ LCD display ၊ အလူမီနီယံေဘာင္၊ ေနာက္ေက်ာဘက္ glass နဲ႔ျပဳလုပ္ထားတဲ့ iPhone XR တို႔ကို drop test မွာ ေတာ္ေတာ္ဆိုးဆိုး၀ါး၀ါးအေျခအေနထိ စမ္းသပ္ထားပါတယ္။ iPhone XR ကေတာ့ iPhone XS ထက္ $250 နီးပါးေစ်းခ်ဳိပါတယ္။

SquareTrade က စက္တင္ဘာလမွာ ျပဳလုပ္ခဲ့တဲ့ iPhone XS နဲ႔ XS Max တို႔ရဲ႕ စမ္းသပ္နည္းအတိုင္း iPhone XR ကိုလဲ စမ္းသပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ဖုန္းရဲ႕မ်က္နွာျပင္စမ္းသပ္မႈမွာေတာ့ ၆ ေပအျမင့္ကေန ကြန္ကရစ္ေပၚကို လႊတ္ခ်တဲ့ စမ္းသပ္နည္းပဲ ျဖစ္ပါတယ္။ first drop ျပီးတဲ့အခ်ိန္မွာ iPhone XR ရဲ႕ LCD မ်က္နွာျပင္ကေတာ့ က်ိဳးပဲ့သြားပါျပီ။ မ်က္နွာျပင္ပိုင္းကလဲေတာ္ေတာ္ ပ်က္စီးေနျပီး သံုးလို႔မရေတာ့တဲ့ အေနအထား ျဖစ္ေနပါျပီ။ iPhone XS ကို စမ္းသပ္တုန္းကလဲ အဲ့ဒီအတိုင္းပါပဲ။ ဖုန္းရဲ႕ ေနာက္ေက်ာဘက္ကို ၆ ေပအျမင့္ကေန စမ္းသပ္တဲ့အေနအထားမွာေတာ့ first drop မွာ ကင္မရာရဲ႕ ေဘးပတ္၀န္းက်င္နားက ပ်က္စီးသြားတာကို ေတြ႔ရပါတယ္။

iPhone XR က bend test မွာလဲ ေတာ္ေတာ္ခံနို္င္ရည္ရွိတယ္လို႔ေျပာလို႔ရပါတယ္။ သူက iPhone XS Max လိုပဲ pressure 260 pounds နဲ႔ဖိျပီး စမ္းသပ္တာကို မည္သည့္ေနရာမွ ပ်က္စီးထိခိုက္ရာမရွိဘဲ လုပ္ေဆာင္ခ်က္ေတြလဲ ေကာင္းမြန္စြာလုပ္ေဆာင္နို္င္ဆဲ ျဖစ္ပါတယ္။ iPhone XS ကလဲ pressure 250 pounds ထိခံနိုင္ရည္ရွိပါတယ္။ LCD မ်က္နွာျပင္နဲ႔ iPhone XR က OLED မ်က္နွာျပင္ ေတြျဖစ္တဲ့ iPhone XS နဲ႔ XS Max တို႕နီးပါး အၾကမ္းခံနိုင္ပါတယ္။ iPhone XR ကေတာ့ iPhone Xs နဲ႔ iPhone XS Max ေလာက္ထိေတာ့ ေစ်းမၾကီးပါဘူး။

ပ်က္စီးသြားတဲ့ iPhone XR ကိုျပန္ျပဳျပင္မယ္ဆိုရင္ေတာ့ iPhone XS နဲ႔ XS Max တို႔ရဲ႕ ျပင္ဆင္စရိတ္ေလာက္ ကုန္က်မွာေတာ့ မဟုတ္ပါဘူး။ iPhone XR ရဲ႕မ်က္နွာျပင္ကို ျပဳျပင္မယ္ဆိုရင္ေတာ့ ျပင္ဆင္စရိတ္က $199 နီးပါး ရွိနို္င္ျပီး တစ္ျခား အပ်က္အစီးဒဏ္ရာနဲ႔ ေနာက္ေက်ာဘက္ေရာ ျပဳျပင္ခ်င္မယ္ဆိုရင္ေတာ့ $399 ေလာက္ကုန္က်နို္င္ပါတယ္။

Unicode version

iPhone XR က Drop Test စမ်းသပ်တဲ့နေရာမှာ iPhone XS ကို အမှီလိုက်နိုင်တယ်လို့ ပြောလို့ရ
Apple ရဲ့ အသစ်ထွက်ရှိထားတဲ့ တန်ဖိုးသင့်ဖုန်းလို့ ပြောလို့ရတဲ့ iPhone XR က
Apple ရဲ့ တန်ဖိုးမြင့်ဖုန်းတွေဖြစ်တဲ့ iPhone XS နဲ့ XS Max တိ့ုရဲ့ အကြမ်းခံနိုင်မှုစွမ်းရည်ကို အမှီလိုက်နိုင်တယ်လို့ ပြောလို့ရတဲ့ အနေအထားပါ။ ဘာကိုကြည့်ပြီး ပြောတာလဲဆိုတော့ Apple ရဲ့ warranty company ဖြစ်တဲ့ SquareTrade ကနေ စမ်းသပ်ထားတဲ့ drop test ရဲ့ result ကိုကြည့်ပြီးပြောနိုင်တာပဲ ဖြစ်ပါတယ်။
ဖုန်းရဲ့နောက်ကျောဘက်ကို glass နဲ့ပြုလုပ်ထားတဲ့ OLED iPhone XS နဲ့ LCD display ၊ အလူမီနီယံဘောင်၊ နောက်ကျောဘက် glass နဲ့ပြုလုပ်ထားတဲ့ iPhone XR တို့ကို drop test မှာ
တော်တော်ဆိုးဆိုးဝါးဝါးအခြေအနေထိ စမ်းသပ်ထားပါတယ်။

SquareTrade က စက်တင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ iPhone XS နဲ့ XS Max တို့ရဲ့ စမ်းသပ်နည်းအတိုင်း iPhone XR ကိုလဲ စမ်းသပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင်စမ်းသပ်မှုမှာတော့ ၆ ပေအမြင့်ကနေ ကွန်ကရစ်ပေါ်ကို လွှတ်ချတဲ့ စမ်းသပ်နည်းပဲ ဖြစ်ပါတယ်။ first drop ပြီးတဲ့အချိန်မှာ iPhone XR ရဲ့ LCD မျက်နှာပြင်ကတော့ ကျိုးပဲ့သွားပါပြီ။ မျက်နှာပြင်ပိုင်းကလဲတော်တော် ပျက်စီးနေပြီး သုံးလို့မရတော့တဲ့ အနေအထား ဖြစ်နေပါပြီ။ iPhone XS ကို စမ်းသပ်တုန်းကလဲ အဲ့ဒီအတိုင်းပါပဲ။ ဖုန်းရဲ့ နောက်ကျောဘက်ကို ၆ ပေအမြင့်ကနေ စမ်းသပ်တဲ့အနေအထားမှာတော့ first drop မှာ ကင်မရာရဲ့ ဘေးပတ်ဝန်းကျင်နားက ပျက်စီးသွားတာကို တွေ့ရပါတယ်။
iPhone XR က bend test မှာလဲ တော်တော်ခံနိုင်ရည်ရှိတယ်လို့ပြောလို့ရပါတယ်။ သူက iPhone XS Max လိုပဲ pressure 260 pounds နဲ့ဖိပြီး စမ်းသပ်တာကို မည်သည့်နေရာမှ ပျက်စီးထိခိုက်ရာမရှိဘဲ လုပ်ဆောင်ချက်တွေလဲ ကောင်းမွန်စွာလုပ်ဆောင်နိုင်ဆဲ ဖြစ်ပါတယ်။ iPhone XS ကလဲ pressure 250 pounds ထိခံနိုင်ရည်ရှိပါတယ်။ LCD မျက်နှာပြင်နဲ့ iPhone XR က OLED မျက်နှာပြင် တွေဖြစ်တဲ့ iPhone XS နဲ့ XS Max တို့နီးပါး အကြမ်းခံနိုင်ပါတယ်။
iPhone XR ကတော့ iPhone Xs နဲ့ iPhone XS Max လောက်ထိတော့ ဈေးမကြီးပါဘူး။
ပျက်စီးသွားတဲ့ iPhone XR ကိုပြန်ပြုပြင်မယ်ဆိုရင်တော့ iPhone XS နဲ့ XS Max တို့ရဲ့ ပြင်ဆင်စရိတ်လောက် ကုန်ကျမှာတော့ မဟုတ်ပါဘူး။ iPhone XR ရဲ့မျက်နှာပြင်ကို ပြုပြင်မယ်ဆိုရင်တော့ ပြင်ဆင်စရိတ်က $199 နီးပါး ရှိနိုင်ပြီး တစ်ခြား အပျက်အစီးဒဏ်ရာနဲ့ နောက်ကျောဘက်ရော ပြုပြင်ချင်မယ်ဆိုရင်တော့ $399 လောက်ကုန်ကျနိုင်ပါတယ်။

Leave a Reply