iPhone X နဲ႔ iPhone 8 Series မ်ားအတြက္ iOS 12.1 မွာ ဖုန္း ေႏွးေကြးေစတဲ့ လုပ္ေဆာင္ခ်က္ ပါလာ

0
1014

Äpple က iOS 12.1 ကို ျဖန္႔ခ်ီေပးလိုက္ၿပီ ျဖစ္ပါတယ္။ သူ႔မွာ ေနာက္ဆံုးထုတ္ အုိင္ဖုန္း အသစ္မ်ားတြင္ အားသြင္းမရတဲ့ ျပႆနာကို ေျဖရွင္းေပးထားၿပီး အျခား တိုးတက္မႈမ်ားလည္း ပါလာပါတယ္။ ဒါေပမယ့္လည္း မေကာင္းတဲ့ လုပ္ေဆာင္ခ်က္ တစ္ခုလည္း ပါလာပါတယ္။ အဲဒါကေတာ့ Performance Management Feature ျဖစ္ပါတယ္။

iPhone 8 , iPhone 8 Plus နဲ႔ iPhone X မ်ားအတြက္ iOS 12.1 မွာ ဒီလုပ္ေဆာင္ခ်က္ ထည့္သြင္းထားပါတယ္။ ဒါေပမယ့္ Apple က အဆင့္ျမင့္ ဟာ့ဒ္၀ဲနဲ႔ ေဆာ့ဖ္၀ဲ ဒီဇိုင္းမ်ားေၾကာင့္ ဖုန္း ေႏွးေကြးတာ သိပ္မသိသာဘူးလို႔ ေျပာပါတယ္။

ယခင္ကေတာ့ ဖုန္းဟာ ျပႆနာမ်ားနဲ႔ ရင္ဆိုင္ရတာနဲ႔ ဒီလုပ္ေဆာင္ခ်က္ဟာ အလိုအေလွ်ာက္ Enable ျဖစ္သြားတာပါ။ အခုေတာ့ ဒီလုပ္ေဆာင္ခ်က္ကို Üser ႏွစ္သက္သလို အဖြင့္၊ အပိတ္ လုပ္ႏိုင္ၿပီ ျဖစ္ပါတယ္။ Battery Health Screen မွာ ျပဳလုပ္ရမွာ ျဖစ္ပါတယ္။ ဘက္ထရီ စြမ္းရည္ က်ဆင္းသြားၿပီး လဲလွယ္သင့္တဲ့ အခ်ိန္ကိုလည္း အသိေပးမွာ ျဖစ္ပါတယ္။

Performance Management Feature အေၾကာင္း အေသးစိတ္ကို ဒီလင့္မွာ ဖတ္ႏုိင္ပါတယ္။ အဲဒီ ၀က္ဘ္စာမ်က္ႏွာမွာ ဒီလုပ္ေဆာင္ခ်က္ကို ဖြင့္ထားရင္ App Launch Times, Frame Rates, Dimmer Screen , Lower Loudspeaker Volume စတာေတြအေပၚ အက်ိဳးသက္ေရာက္မႈမ်ားကို ေဖာ္ျပထားပါတယ္။

unicode

iPhone X နဲ့ iPhone 8 Series များအတွက် iOS 12.1 မှာ ဖုန်း နှေးကွေးစေတဲ့ လုပ်ဆောင်ချက် ပါလာ

Äpple က iOS 12.1 ကို ဖြန့်ချီပေးလိုက်ပြီ ဖြစ်ပါတယ်။ သူ့မှာ နောက်ဆုံးထုတ် အိုင်ဖုန်း အသစ်များတွင် အားသွင်းမရတဲ့ ပြဿနာကို ဖြေရှင်းပေးထားပြီး အခြား တိုးတက်မှုများလည်း ပါလာပါတယ်။ ဒါပေမယ့်လည်း မကောင်းတဲ့ လုပ်ဆောင်ချက် တစ်ခုလည်း ပါလာပါတယ်။ အဲဒါကတော့ Performance Management Feature ဖြစ်ပါတယ်။

iPhone 8 , iPhone 8 Plus နဲ့ iPhone X များအတွက် iOS 12.1 မှာ ဒီလုပ်ဆောင်ချက် ထည့်သွင်းထားပါတယ်။ ဒါပေမယ့် Apple က အဆင့်မြင့် ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲ ဒီဇိုင်းများကြောင့် ဖုန်း နှေးကွေးတာ သိပ်မသိသာဘူးလို့ ပြောပါတယ်။

ယခင်ကတော့ ဖုန်းဟာ ပြဿနာများနဲ့ ရင်ဆိုင်ရတာနဲ့ ဒီလုပ်ဆောင်ချက်ဟာ အလိုအလျှောက် Enable ဖြစ်သွားတာပါ။ အခုတော့ ဒီလုပ်ဆောင်ချက်ကို Üser နှစ်သက်သလို အဖွင့်၊ အပိတ် လုပ်နိုင်ပြီ ဖြစ်ပါတယ်။ Battery Health Screen မှာ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဘက်ထရီ စွမ်းရည် ကျဆင်းသွားပြီး လဲလှယ်သင့်တဲ့ အချိန်ကိုလည်း အသိပေးမှာ ဖြစ်ပါတယ်။

Performance Management Feature အကြောင်း အသေးစိတ်ကို ဒီလင့်မှာ ဖတ်နိုင်ပါတယ်။ အဲဒီ ဝက်ဘ်စာမျက်နှာမှာ ဒီလုပ်ဆောင်ချက်ကို ဖွင့်ထားရင် App Launch Times, Frame Rates, Dimmer Screen , Lower Loudspeaker Volume စတာတွေအပေါ် အကျိုးသက်ရောက်မှုများကို ဖော်ပြထားပါတယ်။

Leave a Reply