
0
595




unicode

Sliding Camera နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာပါတဲ့ Honor Magic 2

Honor က စွမ်းဆောင်ရည်မြင့် Magic 2 ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ Screen-to-body Ratio အမြင့်မားဆုံး ဖုန်းများထဲမှ တစ်လုံး ဖြစ်လာပါတယ်။ ေဘောင်ပျောက် ဒီဇိုင်း ဖြစ်ပြီး အလွန် လှပပါတယ်။ သူ့မှာ ၆.၃၉ လက်မ AMOLED Display ထည့်သွင်းထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ Full HD+ Resolution ဖြစ်ပြီး မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်ပါတယ်။

ဒီလို ဘောင်ပျောက်ဖုန်း ဖန်တီးဖို့ အတွက် အရှေ့ ကင်မရာများကို Slider Design ဖန်တီးထားပါတယ်။ Slider မှာ 16MP Camera နဲ့ အတူ 2MP Depth Sensor ၂ လုံးကို အားဖြည့်ထားပါတယ်။ 3D Face Unlock အတွက် IR Face Scanner တစ်လုံး ထည့်ပေးထားပါတယ်။ အနောက်ဘက်မှာ 16+24+16MP Camera သုံးလုံး ထည့်သွင်းထားပြီး 24MP ဟာ အဖြူ၊ အမည်းနဲ့ 16MP ဟာ မြင်ကွင်းကျယ် ကင်မရာများ ဖြစ်ပါတယ်။ AI က ထောက်ကူထားတဲ့ အတွက် Selfie များ၊ Bokeh Effects များ၊ Beautification Feature များက အလွန် ကောင်းမွန်ပါတယ်။

သူ့မှာ နောက်ဆုံးထုတ် HiSilicon Kirin 980 Chip ထည့်သွင်းထားပြီး 7nm ဖြင့် တည်ဆောက်ထားတာပါ။ မော်ဒယ် သုံးခု ထုတ်လုပ်ထားပြီး 6/128 GB ကို CNY3,799, 8/128 GB ကို CNY4,299, 8/256 GB ကို CNY4,799 သတ်မှတ်ထားပါတယ်။ တရုတ်မှာ ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး အခြား နိုင်ငံများမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Leave a Reply