0
754
unicode
RAM , Core နဲ့ Connector များ ပိုပါလာတဲ့ Apple ရဲ့ Mac mini အသစ်
Apple က လွန်ခဲ့တဲ့ ၄ နှစ်အကြာက နောက်ဆုံးထုတ်လုပ်ရောင်းချခဲ့တဲ့ Mac mini ရဲ့ မျိုးဆက်သစ်ကို ကြေညာလိုက်ပါတယ်။ သူဟာ အရွယ်သေး ဒတ်စတော့ ကွန်ပြူတာ ဖြစ်ပါတယ်။ သူ့ကို စွန့်ပစ် အလူမီနီယမ်များဖြင့် ၁၀၀ ရာခိုင်နှုန်း ဖန်တီးထားပါတယ်။ Intel 8th Gen Quad-core Core i3 Processor ကနေ Six-core Core i7 Chip များအထိ ရွေးချယ်နိုင်ပါတယ်။ ဂရပ်ဖစ် အပိုင်းမှာ ယခင်မျိုးုဆက်ထက် ၆၀ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။
သူ့မှာ 128GB ကနေ 2TB SSD အထိ ရွေးချယ်နိုင်ပါတယ်။ အလုံးစုံစွမ်းရည်ဟာ ယခင်မျိုးုဆက်ထက် ၅ ဆ ပို ကောင်းလာပါတယ်။ Mac mini အသစ်မှာ Ports များစွာ ထည့်သွင်းထားပါတယ်။ 10Gbps Ethernet Port ၁ ခု ၊ HDMI 2.0 ၊ USB-A Port ၂ ခု ၊ Thunderbolt 3 Connector ၄ ခု နဲ့ 3.5mm Audio Jack ၁ ခု ထည့်သွင်းထားပါတယ်။
T2 Security Chip ပါပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပြီး ယခုလ ၃၁ ရက်နေ့မှာ ကြိုတင်မှာယူနိုင်ပါပြီ။ Space Gray အရောင် အသစ်ကိုလည်း ရွေးချယ်နိုင်ပါပြီ။ Core i3 Processor , 8GB RAM, 128GB Storage များပါတဲ့ တန်ဖိုး အနည်းဆုံး မော်ဒယ်ကို ၇၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တန်ဖိုး အမြင့်ဆုံး မော်ဒယ်ဟာ ၄၁၉၉ ဒေါ်လာ ဖြစ်ပါတယ်။
Leave a Reply