
0
769

Zawgyi version




Unicode version

Blu ရဲ့ တန်ဖိုးသင့် စမတ်ဖုန်း
Blu Vivo Go ကတော့ Blu ရဲ့ ပထမဦးဆုံး Android Go စမတ်ဖုန်းပဲ ဖြစ်ပါတယ်။ သူက fingerprint scanner ပါဝင်ပြီး ကင်မရာ ၂ လုံးနဲ့ကိုမှ $90 ပဲ ကျသင့်မှာ ဖြစ်ပါတယ်။
Blu Vivo Go ကတော့ အရမ်းကြီး တန်ဖိုးမြင့် Android Go စမတ်ဖုန်းတော့ မဟုတ်ပါဘူး။ သူက ဘတ်ဂျတ်ဖုန်းပဲ ဖြစ်ပါတယ်။ သူက MediaTek MT6739 chipset (quad-core Cortex-A53 at 1.5Ghz) ကို အသုံးပြုထားပြီး RAM ကတော့ 1GB ပဲထည့်သွင်းပေးထားပါတယ်။
Storage ကတော့ 16GB ပဲဖြစ်ပါတယ်။ Display ပိုင်းအနေနဲ့ကတော့ 1,440 x 720 display (18:9) ရှိပြီး ဘက်ထရီကတော့ 2,600mAh ပဲရှိပါတယ်။ ဒါပေမယ့် သူက dual-SIM အသုံးပြုနိုင်မှာပါ။
ဖုန်းရဲ့နောက်ကျောဘက်မှာ fingerprint scanner ပါဝင်ပြီး ကင်မရာကတော့ 8MP shooters လုံးနဲ့ 0.3MP snapper ၁ လုံးရယ်ပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ Amazon မှာ နောက်လလောက်မှာ ရောင်းချမှာပဲ ဖြစ်ပါတယ်။ ဘူးထဲမှာပါဝင်တာတွေကတော့ မှန်မကွဲရယ်၊ ကာဗာရယ်၊ နားကြပ်ရယ်ပဲ ဖြစ်ပါတယ်။ သူ့ကို Xiaomi ရဲ့ Redmi 6A နဲ့ယှဉ်ကြည့်ရင်တော့ သူကပိုသာပါတယ်။ Xiaomi ဖုန်းက ကင်မရာ ၂ လုံးမဟုတ်တဲ့အပြင် fingerprint scanner လဲမပါဝင်ပါဘူး။ ဒါပေမယ့် ဘက်ထရီပိုင်းရယ်၊ RAM ပိုင်းရယ်နဲ့ chipset ပိုင်းမှာတော့ Xiaomi ရဲ့ Redmi 6A က ပိုပြီး သာပါတယ်။

Leave a Reply