ကမာၻ႕ ပထမဆံုး ေကြးညႊတ္ စမတ္ဖုန္း ျဖစ္လာတဲ့ FlexPai

0
951

ကမာၻ႕ ပထမဆံုး ေကြးညႊတ္ စမတ္ဖုန္း ထြက္ေပၚလာပါၿပီ။ သူ႔ရဲ႕ အမည္က FlexPai ျဖစ္ၿပီး သူ႔ကို ျဖန္႔ထားရင္ ၇.၈ လက္မ စကရင္ ျဖစ္သြားၿပီး တက္ဘလက္လို သံုးႏုိင္ပါတယ္။ ေခါက္ခ်ိဳးထားရင္ ၄ လက္မ အရြယ္သာ ရွိပါတယ္။ သူဟာ 7nm Snapdragon 8150 ကို သံုးထားတဲ့ ပထမဆံုး Device ျဖစ္ပါတယ္။

သူ႔ရဲ႕ စကရင္ဟာ AMOLED အမ်ိဳးအစား ျဖစ္ၿပီး အလယ္ကေန ထက္၀က္ ေခါက္ခ်ိဳးႏုိင္ပါတယ္။ သူ႔မွာ Water အမည္ရ OS ထည့္သြင္းထားၿပီး ဖုန္းကို ေခါက္ခ်ိဳးလိုက္ရင္ စကရင္ရဲ႕ တစ္ဖက္မွာသာ သံုးေနတဲ့ App or Game ကို ျပသေပးပါတယ္။ အျခား တစ္ဖက္မွာ Wallpaper ကို ျပသထားပါတယ္။ 16+20MP Dual Camera မ်ား ထည့္သြင္းထားၿပီး ဒုတိယ ကင္မရာမွာ Telephoto Lens ပါပါတယ္။

သူဟာ ၇.၆ မီလီမီတာ အထူ ရွိၿပီး ေခါက္လိုက္ရင္ ၁၅.၂ မီလီမီတာ ရွိပါတယ္။ အႀကိမ္ေပါင္း ၂၀၀ ၀၀၀ ေလာက္ ေခါက္ခ်ိဳးႏုိင္တယ္လို႔ သိရပါတယ္။ 6GB RAM , 128GB Storage or 8/256 or 8/512 မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ Ro-Charge အမည္ရ လွ်င္ျမန္စြာ အားသြင္းႏိုင္တဲ့ နည္းပညာ ပါပါတယ္။ တစ္နာရီ အတြင္းမွာ ၀ ကေန ၈၀ ရာခုိင္ႏႈန္း အထိ အားျဖည့္ႏိုင္ပါတယ္။ တန္ဖိုး အနည္းဆံုး ေမာ္ဒယ္ကို ယြမ္ ၉၀၀၀ ( ၁၃၀၀ ေဒၚလာ) သတ္မွတ္ထားပါတယ္။

unicode

ကမ္ဘာ့ ပထမဆုံး ကွေးညွှတ် စမတ်ဖုန်း ဖြစ်လာတဲ့ FlexPai

ကမ္ဘာ့ ပထမဆုံး ကွေးညွှတ် စမတ်ဖုန်း ထွက်ပေါ်လာပါပြီ။ သူ့ရဲ့ အမည်က FlexPai ဖြစ်ပြီး သူ့ကို ဖြန့်ထားရင် ၇.၈ လက်မ စကရင် ဖြစ်သွားပြီး တက်ဘလက်လို သုံးနိုင်ပါတယ်။ ခေါက်ချိုးထားရင် ၄ လက်မ အရွယ်သာ ရှိပါတယ်။ သူဟာ 7nm Snapdragon 8150 ကို သုံးထားတဲ့ ပထမဆုံး Device ဖြစ်ပါတယ်။

သူ့ရဲ့ စကရင်ဟာ AMOLED အမျိုးအစား ဖြစ်ပြီး အလယ်ကနေ ထက်ဝက် ခေါက်ချိုးနိုင်ပါတယ်။ သူ့မှာ Water အမည်ရ OS ထည့်သွင်းထားပြီး ဖုန်းကို ခေါက်ချိုးလိုက်ရင် စကရင်ရဲ့ တစ်ဖက်မှာသာ သုံးနေတဲ့ App or Game ကို ပြသပေးပါတယ်။ အခြား တစ်ဖက်မှာ Wallpaper ကို ပြသထားပါတယ်။ 16+20MP Dual Camera များ ထည့်သွင်းထားပြီး ဒုတိယ ကင်မရာမှာ Telephoto Lens ပါပါတယ်။

သူဟာ ၇.၆ မီလီမီတာ အထူ ရှိပြီး ခေါက်လိုက်ရင် ၁၅.၂ မီလီမီတာ ရှိပါတယ်။ အကြိမ်ပေါင်း ၂၀၀ ၀၀၀ လောက် ခေါက်ချိုးနိုင်တယ်လို့ သိရပါတယ်။ 6GB RAM , 128GB Storage or 8/256 or 8/512 များ ရွေးချယ်နိုင်ပါတယ်။ Ro-Charge အမည်ရ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာ ပါပါတယ်။ တစ်နာရီ အတွင်းမှာ ၀ ကနေ ၈၀ ရာခိုင်နှုန်း အထိ အားဖြည့်နိုင်ပါတယ်။ တန်ဖိုး အနည်းဆုံး မော်ဒယ်ကို ယွမ် ၉၀၀၀ ( ၁၃၀၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Leave a Reply