Face ID ၊ ပါးလႊာတဲ့ Bezel ၊ အျမန္ဆံုး Mobile Chipset မ်ားပါလာတဲ့ iPad Pro အသစ္မ်ား

0
568

Apple က iPad Pro ေမာ္ဒယ္ အသစ္ႏွစ္ခုကို ေၾကညာလိုက္ၿပီး ေစ်းကြက္ထဲက လက္ပ္ေတာ့ေတြထက္ ၉၂ ရာခုိင္ႏႈန္း ပိုျမန္တယ္လို႔ ေျပာပါတယ္။ အိုင္ပတ္မ်ားဟာ လက္ပ္ေတာ့မ်ားကို ယွဥ္ႏုိင္လာၿပီလို႔ ေျပာလိုက္တဲ့ သေဘာပါ။ အိုင္ပတ္ အသစ္မ်ားမွာ စြမ္းရည္ျပည့္ Adobe Photoshop နဲ႔ Autodesk AutoCAD မ်ားကို ထည့္သြင္း အသံုးျပဳႏုိင္ပါတယ္။

iPad Pro 11 မွာ ၁၁ လက္မနဲ႔ iPad 12.9 မွာ ၁၂.၉ လက္မ မ်က္ႏွာျပင္မ်ား ထည့္သြင္းထားပါတယ္။ မ်က္ႏွာျပင္ေဘးေဘာင္မ်ားဟာ အလြန္ ပါးလႊာတဲ့ ဒီဇိုင္းကို ေျပာင္းသံုးထားပါတယ္။ Liquid Retina Display မ်ား ျဖစ္ၿပီး ေထာင့္စြန္းမ်ားဟာ လံုး၀န္းပါတယ္။ 120fps ျဖင့္ Content မ်ားကို ျပသႏိုင္သလို 120Hz ျဖင့္ Apple Pencil အသစ္ကို အာရံုခံႏုိင္ပါတယ္။ Touch ID အစား Face ID ကို သံုးထားပါတယ္။ Pencil ကို သံလုိက္ျဖင့္ တက္ဘလက္မွာ ကပ္ထားႏုိင္ၿပီး ႀကိဳးမဲ့ အားသြင္းႏုိင္ပါတယ္။ Lightning Connector အစား USB-C Port ပါၿပီး External Monitor, DSLR မ်ားနဲ႔ ခ်ိတ္ဆက္ႏုိင္ပါတယ္။ USB-C to Lighting Cable ျဖင့္ သင့္ဖုန္းကို အားသြင္းႏုိင္ပါတယ္။

အိုင္ပတ္ အသစ္မ်ားမွာ A12X Bionic Chip ထည့္ထားၿပီး iPhone XS မွ A12 ရဲ႕ အဆင့္ျမင့္ ဗားရွင္း ျဖစ္ပါတယ္။ Chip မွာ 8 Core CPU , 7 Core GPU ပါတဲ့ အတြက္ ယခင္ အိုင္ပတ္ထက္ Single-core စြမ္းရည္ဟာ ၃၅ ရာခုိင္ႏႈန္းနဲ႔ Multi-core စြမ္းရည္ဟာ ၉၀ ရာခုိင္ႏႈန္း ပိုျမန္လာပါတယ္။ တန္ဖိုး အနည္းဆံုး ေမာ္ဒယ္မ်ားမွာ 64GB Storage ထည့္သြင္းထားၿပီး 1TB အထိ ေရြးခ်ယ္ႏိုင္ပါတယ္။ တန္ဖိုးအနည္းဆံုး ၁၁ လက္မကို ၇၉၉ နဲ႔ ၁၂.၉ လက္မကို ၉၉၉ ေဒၚလာ သတ္မွတ္ထားပါတယ္။

အုိင္ပတ္မ်ားကို သံလိုက္ျဖင့္ ခ်ိတ္ဆက္ႏိုင္တဲ့ Folio Keyboard ကိုလည္း ထုတ္လုပ္ေပးထားပါတယ္။ မိုက္ကရိုဖုန္း ၅ လံုးပါတဲ့ အတြက္ Group Face Time Call မ်ားမွာ အသံအလြန္ ၾကည္လင္ျပတ္သားမွာပါ။ စပီကာ ေလးလံုး ထည့္ထားပါတယ္။ iPad Pro အသစ္မ်ားကို ႀကိဳတင္မွာယူႏိုင္ၿပီ ျဖစ္ၿပီး ႏုိ၀င္ဘာလ ၇ ရက္ေန႔မွာ ေရာင္းခ်မွာပါ။ WiFi နဲ႔ LTE Version မ်ား ထုတ္ထားပါတယ္။ ကီးဘုတ္ကို ၁၈၀ ေဒၚလာနဲ႔ ေဘာပင္ကို ၁၃၀ ေဒၚလာျဖင့္ သီးျခား၀ယ္ရမွာပါ။ သူ႔ရဲ႕ Specs Sheet ကို ေအာက္မွာ ေလ့လာပါ။

unicode

Face ID ၊ ပါးလွှာတဲ့ Bezel ၊ အမြန်ဆုံး Mobile Chipset များပါလာတဲ့ iPad Pro အသစ်များ

Apple က iPad Pro မော်ဒယ် အသစ်နှစ်ခုကို ကြေညာလိုက်ပြီး ဈေးကွက်ထဲက လက်ပ်တော့တွေထက် ၉၂ ရာခိုင်နှုန်း ပိုမြန်တယ်လို့ ပြောပါတယ်။ အိုင်ပတ်များဟာ လက်ပ်တော့များကို ယှဉ်နိုင်လာပြီလို့ ပြောလိုက်တဲ့ သဘောပါ။ အိုင်ပတ် အသစ်များမှာ စွမ်းရည်ပြည့် Adobe Photoshop နဲ့ Autodesk AutoCAD များကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

iPad Pro 11 မှာ ၁၁ လက်မနဲ့ iPad 12.9 မှာ ၁၂.၉ လက်မ မျက်နှာပြင်များ ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ဘေးဘောင်များဟာ အလွန် ပါးလွှာတဲ့ ဒီဇိုင်းကို ပြောင်းသုံးထားပါတယ်။ Liquid Retina Display များ ဖြစ်ပြီး ထောင့်စွန်းများဟာ လုံးဝန်းပါတယ်။ 120fps ဖြင့် Content များကို ပြသနိုင်သလို 120Hz ဖြင့် Apple Pencil အသစ်ကို အာရုံခံနိုင်ပါတယ်။ Touch ID အစား Face ID ကို သုံးထားပါတယ်။ Pencil ကို သံလိုက်ဖြင့် တက်ဘလက်မှာ ကပ်ထားနိုင်ပြီး ကြိုးမဲ့ အားသွင်းနိုင်ပါတယ်။ Lightning Connector အစား USB-C Port ပါပြီး External Monitor, DSLR များနဲ့ ချိတ်ဆက်နိုင်ပါတယ်။ USB-C to Lighting Cable ဖြင့် သင့်ဖုန်းကို အားသွင်းနိုင်ပါတယ်။

အိုင်ပတ် အသစ်များမှာ A12X Bionic Chip ထည့်ထားပြီး iPhone XS မှ A12 ရဲ့ အဆင့်မြင့် ဗားရှင်း ဖြစ်ပါတယ်။ Chip မှာ 8 Core CPU , 7 Core GPU ပါတဲ့ အတွက် ယခင် အိုင်ပတ်ထက် Single-core စွမ်းရည်ဟာ ၃၅ ရာခိုင်နှုန်းနဲ့ Multi-core စွမ်းရည်ဟာ ၉၀ ရာခိုင်နှုန်း ပိုမြန်လာပါတယ်။ တန်ဖိုး အနည်းဆုံး မော်ဒယ်များမှာ 64GB Storage ထည့်သွင်းထားပြီး 1TB အထိ ရွေးချယ်နိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး ၁၁ လက်မကို ၇၉၉ နဲ့ ၁၂.၉ လက်မကို ၉၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

အိုင်ပတ်များကို သံလိုက်ဖြင့် ချိတ်ဆက်နိုင်တဲ့ Folio Keyboard ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။ မိုက်ကရိုဖုန်း ၅ လုံးပါတဲ့ အတွက် Group Face Time Call များမှာ အသံအလွန် ကြည်လင်ပြတ်သားမှာပါ။ စပီကာ လေးလုံး ထည့်ထားပါတယ်။ iPad Pro အသစ်များကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး နိုဝင်ဘာလ ၇ ရက်နေ့မှာ ရောင်းချမှာပါ။ WiFi နဲ့ LTE Version များ ထုတ်ထားပါတယ်။ ကီးဘုတ်ကို ၁၈၀ ဒေါ်လာနဲ့ ဘောပင်ကို ၁၃၀ ဒေါ်လာဖြင့် သီးခြားဝယ်ရမှာပါ။ သူ့ရဲ့ Specs Sheet ကို အောက်မှာ လေ့လာပါ။

Leave a Reply