Posted on Leave a comment

Bug ကြောင့် Notch ၂ ခု ဖြစ်သွားတဲ့ Pixel 3 XL

Pixel 3 XL ရဲ့ Notch ဟာ အနည်းငယ်ကြီးမားပြီး မလှပတဲ့ အတွက် လှောင်ပြောင်စရာ ဖြစ်ခဲ့ပါတယ်။ အခုတော့ ပိုပြီး ရီစရာ ဖြစ်လာပါပြီ။ Bug တစ်ခုကြောင့် ဖုန်းရဲ့ ညာဘက်မှာ Notch အပိုတစ်ခုထွက်လာတာ ဖြစ်ပါတယ်။

Notch ၂ ခုပါတဲ့ Pixel 3 XL ရဲ့ ဓါတ်ပုံကို တွစ်တာမှာ User တစ်ဦးက မျှဝေထားတာ ဖြစ်ပြီး အစောပိုင်းမှာ နောက်ပြောင်မှု တစ်ခုလို့ ထင်ခဲ့ပါတယ်။ နောက်တော့မှ User များစွာက ဒီပြဿနာကို ပြောနေကြတဲ့အတွက် Bug တစ်ခုကြောင့် ဒီလို တကယ် ဖြစ်နေတာကို သိခဲ့ရပါတယ်။ ဒီလို ဖြစ်စေတဲ့ ပြဿနာ အရင်းအမြစ်ကို မသိရသေးပေမယ့် Screen Orientation နဲ့ ပတ်သက်ပြီး ဆော့ဖ်ဝဲက ကြောင်သွားတာ ဖြစ်နိုင်ပါတယ်။

View this post on Instagram

So my Pixel randomly grew another notch today. 😂

A post shared by Judner Aura (@uravgconsumer) on

အသုံးပြုသူများက ဖုန်းကို Restart ချခြင်း သို့မဟုတ် Developer Settings ထဲမှာ ကလိခြင်းဖြင့် ဒီပြဿနာ ပြေလည်သွားတယ်လို့ ပြောပါတယ်။ ဒီပြဿနာဟာ အကြာကြီး မဟုတ်ဘဲ ခဏတာသာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ Pixel 3 XL ကို ကိုင်နေသူများကတော့ Notch အပိုကြောင့် စိတ်အနှောင့်အယှက် အများကြီး မဖြစ်ဘူးလို့ ပြောပါတယ်။

unicode

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.