ပါးလႊာတဲ့ Bezel , Retina Display မ်ား ပါတဲ့ MacBook Air ကို ေၾကညာ

0
432

Apple ရဲ႕ MacBook Air အသစ္မွာ ၁၃.၃ လက္မ 2560x1600p Retina Display ထည့္သြင္းထားၿပီး ယခင္ေမာ္ဒယ္ရဲ႕ မ်က္ႏွာျပင္ေဘးေဘာင္မ်ားထက္ ၅၀ ရာခိုင္ႏႈန္း ပိုမိုပါးလႊာသြားပါတယ္။ စကရင္ အျပည့္ ဒီဇိုင္း ျဖစ္ၿပီး စကရင္က အေရာင္ျပသမႈ အပိုင္းမွာ ၄၈ ရာခုိင္ႏႈန္း ပိုမ်ားလာပါတယ္။ FaceTime Camera ကို စကရင္ရဲ႕ အထက္မွ ေဘာင္မွာ ထည့္သြင္းထားပါတယ္။

လက္ပ္ေတာ့မွာ T2 Chip က ေထာက္ပံ့ထားတဲ့ Touch ID ပါပါတယ္။ 1.5TB Storage နဲ႔ 16GB RAM အထိ ေရြးခ်ယ္ႏုိင္ပါတယ္။ 8th Gen Dual-Core Intel Core i5 ေမာင္းႏွင္ထားပါတယ္။ ၀က္ဘ္ဆိုက္မ်ား ၾကည့္ရင္ ၁၂ နာရီ အသံုးခံတဲ့ ဘက္ထရီ ပါပါတယ္။ ကီးဘုတ္ဟာ 4th Gen Butterfly Type ျဖစ္ၿပီး Apple က ယခင္ထက္ ပိုမို တိက် လွ်င္ျမန္တယ္လို႔ ေျပာပါတယ္။ Trackpad ဟာ ၂၀ ရာခုိင္ႏႈန္း ပိုက်ယ္လာတဲ့ Force Touch ျဖစ္ပါတယ္။ စပီကာက ၂၅ ရာခုိင္ႏႈန္း ပိုက်ယ္လာပါတယ္။

Thunderbolt 3 Port ၂ ခုပါၿပီး 5K Display နဲ႔ ခ်ိတ္ဆက္ႏုိင္ပါတယ္။ MacBook Air အသစ္ တစ္ခုလံုးကို စြန္႔ပစ္ အလူမီနီယမ္ျဖင့္ တည္ေဆာက္ထားၿပီး ထုထည္ အပိုင္းမွာ ယခင္ကထက္ ၁၇ ရာခုိင္ႏႈန္း ပိုက်စ္လစ္သြားပါတယ္။ ၁၅.၆ မီလီမီတာ အထူသာ ရွိၿပီး ယခင္ကထက္ ၁၀ ရာခိုင္ႏႈန္း ပိုပါးလႊာသြားပါတယ္။ ၂.၇၅ ေပါင္သာ အေလးခ်ိန္ရွိပါတယ္။

ေရႊ၊ အညိဳနဲ႔ ေငြေရာင္မ်ား ထုတ္လုပ္ထားၿပီး ႀကိဳတင္မွာယူႏိုင္ပါၿပီ။ ႏို၀င္ဘာလ ၇ ရက္ေန႔မွာ ေရာင္းခ်မွာပါ။ တန္ဖိုး အနည္းဆံုး ေမာ္ဒယ္ကို ၁၁၉၉ ေဒၚလာ သတ္မွတ္ထားပါတယ္။

unicode

ပါးလွှာတဲ့ Bezel , Retina Display များ ပါတဲ့ MacBook Air ကို ကြေညာ

Apple ရဲ့ MacBook Air အသစ်မှာ ၁၃.၃ လက်မ 2560x1600p Retina Display ထည့်သွင်းထားပြီး ယခင်မော်ဒယ်ရဲ့ မျက်နှာပြင်ဘေးဘောင်များထက် ၅၀ ရာခိုင်နှုန်း ပိုမိုပါးလွှာသွားပါတယ်။ စကရင် အပြည့် ဒီဇိုင်း ဖြစ်ပြီး စကရင်က အရောင်ပြသမှု အပိုင်းမှာ ၄၈ ရာခိုင်နှုန်း ပိုများလာပါတယ်။ FaceTime Camera ကို စကရင်ရဲ့ အထက်မှ ဘောင်မှာ ထည့်သွင်းထားပါတယ်။

လက်ပ်တော့မှာ T2 Chip က ထောက်ပံ့ထားတဲ့ Touch ID ပါပါတယ်။ 1.5TB Storage နဲ့ 16GB RAM အထိ ရွေးချယ်နိုင်ပါတယ်။ 8th Gen Dual-Core Intel Core i5 မောင်းနှင်ထားပါတယ်။ ဝက်ဘ်ဆိုက်များ ကြည့်ရင် ၁၂ နာရီ အသုံးခံတဲ့ ဘက်ထရီ ပါပါတယ်။ ကီးဘုတ်ဟာ 4th Gen Butterfly Type ဖြစ်ပြီး Apple က ယခင်ထက် ပိုမို တိကျ လျှင်မြန်တယ်လို့ ပြောပါတယ်။ Trackpad ဟာ ၂၀ ရာခိုင်နှုန်း ပိုကျယ်လာတဲ့ Force Touch ဖြစ်ပါတယ်။ စပီကာက ၂၅ ရာခိုင်နှုန်း ပိုကျယ်လာပါတယ်။

Thunderbolt 3 Port ၂ ခုပါပြီး 5K Display နဲ့ ချိတ်ဆက်နိုင်ပါတယ်။ MacBook Air အသစ် တစ်ခုလုံးကို စွန့်ပစ် အလူမီနီယမ်ဖြင့် တည်ဆောက်ထားပြီး ထုထည် အပိုင်းမှာ ယခင်ကထက် ၁၇ ရာခိုင်နှုန်း ပိုကျစ်လစ်သွားပါတယ်။ ၁၅.၆ မီလီမီတာ အထူသာ ရှိပြီး ယခင်ကထက် ၁၀ ရာခိုင်နှုန်း ပိုပါးလွှာသွားပါတယ်။ ၂.၇၅ ပေါင်သာ အလေးချိန်ရှိပါတယ်။

ရွှေ၊ အညိုနဲ့ ငွေရောင်များ ထုတ်လုပ်ထားပြီး ကြိုတင်မှာယူနိုင်ပါပြီ။ နိုဝင်ဘာလ ၇ ရက်နေ့မှာ ရောင်းချမှာပါ။ တန်ဖိုး အနည်းဆုံး မော်ဒယ်ကို ၁၁၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

unicode

Leave a Reply