Xiaomi Mi 8 Lite ကို ကမာၻအ၀န္းမွာ ေရာင္းၿပီ

0
831

ၿပီးခဲ့တဲ့ လက Xiaomi က စြမ္းရည္ျမင့္ Mi 8 Series ရဲ႕ တန္ဖိုးနည္း ေမာ္ဒယ္ ျဖစ္တဲ့ Mi 8 Lite ကို ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ကို တရုတ္ေစ်းကြက္မွာသာ မိတ္ဆက္ခဲ့တာပါ။ သူ႔ကုိ ယူကရိန္းမွာ ေရာင္းခ်ေပးထားပါတယ္။ အခုေတာ့ ေရွာင္မီရဲ႕ ကမာၻလံုးဆိုင္ရာ ေျပာေရးဆိုခြင့္ ရွိသူ Donovan Sung က အျခား ႏိုင္ငံမ်ားမွာလည္း မၾကာခင္မွာ ေရာင္းခ်ေတာ့မယ္လို႔ တြစ္တာမွာ ေၾကညာလိုက္ပါတယ္။

Mi 8 Lite အတြက္ Twilight Gold , Dream Blue နဲ႔ Deep Space Gray အေရာင္မ်ား ထုတ္လုပ္ေပးထားပါတယ္။ အဲဒီ အေရာင္ ၃ မ်ိဳးစလံုးကို ကမာၻအ၀န္းမွာ ေရာင္းခ်မယ့္ပံုေပၚပါတယ္။ 4/64 GB, 6/64 GB, 6/128 GB မ်ား ထုတ္လုပ္ေပးထားၿပီး ယြမ္ ၁၃၉၉ ၊ ၁၆၉၉ နဲ႔ ၁၉၉၉ အသီးသီး သတ္မွတ္ထားပါတယ္။ ၂၀၅ နဲ႔ ၂၉၀ ေဒၚလာ အတြင္း တန္ေၾကးရွိပါတယ္။

Mi 8 Lite ရဲ႕ Specs မ်ားကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။ Mi 8 Lite မွာ ၆.၂၆ လက္မ 1080x2280p Display , Qualcomm Snapdragon 660 Chipset , 64GB or 128GB Storage မ်ား ပါပါတယ္။ 12MP Rear Camera နဲ႔ 5MP Front Camera မ်ား ျဖစ္ပါတယ္။ ဘက္ထရီက 3350mAh ျဖစ္ပါတယ္။

unicode

Xiaomi Mi 8 Lite ကို ကမ္ဘာအဝန်းမှာ ရောင်းပြီ

ပြီးခဲ့တဲ့ လက Xiaomi က စွမ်းရည်မြင့် Mi 8 Series ရဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်တဲ့ Mi 8 Lite ကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို တရုတ်ဈေးကွက်မှာသာ မိတ်ဆက်ခဲ့တာပါ။ သူ့ကို ယူကရိန်းမှာ ရောင်းချပေးထားပါတယ်။ အခုတော့ ရှောင်မီရဲ့ ကမ္ဘာလုံးဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ Donovan Sung က အခြား နိုင်ငံများမှာလည်း မကြာခင်မှာ ရောင်းချတော့မယ်လို့ တွစ်တာမှာ ကြေညာလိုက်ပါတယ်။

Mi 8 Lite အတွက် Twilight Gold , Dream Blue နဲ့ Deep Space Gray အရောင်များ ထုတ်လုပ်ပေးထားပါတယ်။ အဲဒီ အရောင် ၃ မျိုးစလုံးကို ကမ္ဘာအဝန်းမှာ ရောင်းချမယ့်ပုံပေါ်ပါတယ်။ 4/64 GB, 6/64 GB, 6/128 GB များ ထုတ်လုပ်ပေးထားပြီး ယွမ် ၁၃၉၉ ၊ ၁၆၉၉ နဲ့ ၁၉၉၉ အသီးသီး သတ်မှတ်ထားပါတယ်။ ၂၀၅ နဲ့ ၂၉၀ ဒေါ်လာ အတွင်း တန်ကြေးရှိပါတယ်။

Mi 8 Lite ရဲ့ Specs များကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Mi 8 Lite မှာ ၆.၂၆ လက်မ 1080x2280p Display , Qualcomm Snapdragon 660 Chipset , 64GB or 128GB Storage များ ပါပါတယ်။ 12MP Rear Camera နဲ့ 5MP Front Camera များ ဖြစ်ပါတယ်။ ဘက်ထရီက 3350mAh ဖြစ်ပါတယ်။

Leave a Reply