
0
687


128GB with 6GB RAM: $549
128GB with 8GB RAM: $579
256GB with 8GB RAM: $629




unicode

အလန်းစား Specs နဲ့ In-display Fingerprint Reader ပါတဲ့ OnePlus 6T

OnePlus က ပြိုင်ဖက် စွမ်းရည်မြင့် ဖုန်းများထက် ဈေးနှုန်း သက်သာတဲ့ 6T ကို ကြေညာလိုက်ပါတယ်။ သူ့မှာ ထိပ်တန်း Specs ၊ အရွယ်သေး Notch နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပါတယ်။ သူ့ရဲ့ ဈေးနှုန်းများက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

128GB with 6GB RAM: $549
128GB with 8GB RAM: $579
256GB with 8GB RAM: $629

သူ့မှာ ၆.၄၁ လက်မ OLED Screen (2340x1080p) Display ထည့်သွင်းထားပြီး 402ppi ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးမှာ 19.5:9 ဖြစ်ပါတယ် သူဟာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာပါတဲ့ OnePlus ရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ ကုမ္ပဏီက ဒီနည်းပညာကို Screen Unlock လို့ ခေါ်ပါတယ်။ OnePlus က လက်ရှိ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာများထဲမှာ အလျှင်မြန်ဆုံးလို့ ပြောပါတယ်။ ÖnePlus 6 ထက် ပိုကြီးတဲ့ 3700mAh Battery ထည့်ထားပါတယ်။

အနောက်ဘက်မှာ 16MP f/1.7 OIS Camera နဲ့ 20MP f/1.7 Camera များ ထည့်သွင်းထားပြီး 2x Telephoto Shot ကို ထောက်ပံ့ပါတယ်။ အရှေ့ဘက်မှာ 16MP f/2.0 Camera ပါပါတယ်။ Low Light မှာ ကောင်းမွန်တဲ့ ဓါတ်ပုံများ ဖမ်းယူပေးတဲ့ Nightscape လုပ်ဆောင်ချက် ပါပါတယ်။ Studio Lighting Feature က အလွန် ကောင်းတဲ့ Portrait များကို ဖန်တီးပေးပါတယ်။

Chipset က Snapdragon 845 ဖြစ်ပါတယ်။ Android 9 Pie အခြေပြု OxygenOS ထည့်သွင်းထားပြီး Gaming Mode နဲ့ Smart Boost အသစ်များ ပါလာပါတယ်။ OnePlus က 6T ရဲ့ Software ဟာ အလွန် ချောမွတ် မြန်ဆန်တယ်လို့ ပြောပါတယ်။

Leave a Reply