
0
728




Ref : androidpolice

[Unicode]

Samsung Phone များမှာသာ ရမယ့် Fortnite ရဲ့ Item များ

Epic Games ရဲ့ နာမည်ကျော် Fortnite Game ကို Samsung Device များမှာ ပထမဆုံး ရရှိခဲ့ပါတယ်။ ဆမ်ဆောင်းရဲ့ ဖုန်းများကို အရောင်းမြှင့်တင်ချင်တဲ့ အတွက် ကုမ္ပဏီ ၂ ခု သဘောတူညီမှု ရယူပြီး အခုလို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းကျမှသာ အခြား ဘရန်းများအတွက် ဖြန့်ချီပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆမ်ဆောင်း ဖုန်းများမှာ Fortnite ရဲ့ အထူးထုတ် Item or Gear များကို ရရှိမယ့် အားသာချက် ရှိပါတယ်။

ပြီးခဲ့တဲ့ လက Galaxy Note 9 နဲ့ Tab S4 မှာ Galaxy Skin ကို ရရှိခဲ့ပါတယ်။ နိုဝင်ဘာလကစပြီး ဆမ်ဆောင်း ဖုန်းများမှာ သင့်တော်တဲ့ Accessory Pack များ ရရှိမှာ ဖြစ်ပါတယ်။ Cosmetic Accessory Pack မှာ Galaxy-themed Harvesting Tool, Glider , Back Bling များ ပါပါတယ်။ Fortnite ရဲ့ အခြား Accessories များမှာလိုပဲ Galaxy Set ဟာ တစ်မူထူးခြားပါတယ်။ အဲဒီ Item များရဲ့ ပုံသဏ္ဍာန်ကိုတော့ မသိရသေးပါဘူး။

Galaxy Skin နဲ့ Accessories အသစ်များဟာ ပရိုမိုးရှင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ကစားသူများဟာ နာမည်ကျော် Gamer ဖြစ်တဲ့ Ninja , Travis Scott , သရုပ်ဆောင်နဲ့ ရပ်ပါဖြစ်သူ Awkwafina နဲ့ အတူ ဂိမ်းကစားနေတာကို Livestream ပြုလုပ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

Ref : androidpolice

Leave a Reply