Posted on Leave a comment

iPhone ကိုင္လို႔ သူ႔ Brand Ambassador ကို တရားစြဲလိုက္တဲ့ Samsung

ရုရွားရဲ႕ နာမည္ေက်ာ္ ရုပ္သံ တင္ဆက္သူ၊ ဂ်ာနယ္လစ္နဲ႔ ႏုိင္ငံေရး သမား တစ္ဦး ျဖစ္တဲ့ Xenia Sobchak ဟာ ဆမ္ေဆာင္းရဲ႕ Brand Ambassador အျဖစ္ တာ၀န္ယူထားသူ ျဖစ္ပါတယ္။ သူမနဲ႔ ဆမ္ေဆာင္းတို႔ဟာ လူျမင္ကြင္းမွာ ကုမၸဏီရဲ႕ ဖုန္းကိုပဲ ကိုင္ရမယ္လို႔ စာခ်ဳပ္ခ်ဳပ္ထားပါတယ္။ အခုေတာ့ သူမဟာ တီဗီ အင္တာဗ်ဴးတစ္ခုမွာ အိုင္ဖုန္းကို ယူေဆာင္လာတဲ့ အတြက္ ဆမ္ေဆာင္းက တရားစြဲလိုက္ပါတယ္။

သူမက အင္တာဗ်ဴးမွာ iPhone X ကို တစ္သွ်ဴးနဲ႔ ဖံုးကာခဲ့ပါေသးတယ္။ ဒါေပမယ့္ လူမ်ားစြာက သတိျပဳမိခဲ့ၿပီး လူမႈကြန္ရက္မ်ားမွာ ေလွာင္ေျပာင္စရာ ျဖစ္သြားခဲ့ပါတယ္။ သူမဟာ နာမည္ေက်ာ္ ပြဲအခမ္းအနားမ်ားမွာလည္း အိုင္ဖုန္းကို ကိုင္ေဆာင္ခဲ့တာကို ေတြ႕ရတယ္လို႔လည္း မီဒီယာမ်ားက ေျပာပါတယ္။ ဆမ္ေဆာင္းက သူမထံကေန ေဒၚလာ ၁.၆ သန္း နစ္နာေၾကး ေတာင္းထားပါတယ္။ သူမကို ဆမ္ေဆာင္းက ေငြေၾကး ဘယ္ေလာက္ေပးၿပီး ငွားရမ္းထားသလဲဆိုတာကိုေတာ့ မသိပါဘူး။


ဒီလို ျဖစ္ရပ္မ်ိဳး ဆယ္လီမ်ား အၾကားမွာ ျဖစ္ပြားခဲ့ဖူးပါတယ္။ အိႏၵိယ မင္းသမီး ANUSHKA SHARMA ဟာ အိုင္ဖုန္းကေန GOOGLE PIXEL 2XL ကို ေၾကာ္ညာခဲ့ပါတယ္။ WONDER WOMAN ရဲ႕ မင္းသမီး နဲ႔ HUAWEI BRAND AMBASSADOR ျဖစ္သူ GAL GADOT ဟာ အိုင္ဖုန္းကေန MATE 10 PRO အေၾကာင္း တြစ္တာမွာ ပို႔စ္တင္ခဲ့ဖူးပါတယ္။

unicode

iPhone ကိုင်လို့ သူ့ Brand Ambassador ကို တရားစွဲလိုက်တဲ့ Samsung

ရုရှားရဲ့ နာမည်ကျော် ရုပ်သံ တင်ဆက်သူ၊ ဂျာနယ်လစ်နဲ့ နိုင်ငံရေး သမား တစ်ဦး ဖြစ်တဲ့ Xenia Sobchak ဟာ ဆမ်ဆောင်းရဲ့ Brand Ambassador အဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။ သူမနဲ့ ဆမ်ဆောင်းတို့ဟာ လူမြင်ကွင်းမှာ ကုမ္ပဏီရဲ့ ဖုန်းကိုပဲ ကိုင်ရမယ်လို့ စာချုပ်ချုပ်ထားပါတယ်။ အခုတော့ သူမဟာ တီဗီ အင်တာဗျူးတစ်ခုမှာ အိုင်ဖုန်းကို ယူဆောင်လာတဲ့ အတွက် ဆမ်ဆောင်းက တရားစွဲလိုက်ပါတယ်။

သူမက အင်တာဗျူးမှာ iPhone X ကို တစ်သျှူးနဲ့ ဖုံးကာခဲ့ပါသေးတယ်။ ဒါပေမယ့် လူများစွာက သတိပြုမိခဲ့ပြီး လူမှုကွန်ရက်များမှာ လှောင်ပြောင်စရာ ဖြစ်သွားခဲ့ပါတယ်။ သူမဟာ နာမည်ကျော် ပွဲအခမ်းအနားများမှာလည်း အိုင်ဖုန်းကို ကိုင်ဆောင်ခဲ့တာကို တွေ့ရတယ်လို့လည်း မီဒီယာများက ပြောပါတယ်။ ဆမ်ဆောင်းက သူမထံကနေ ဒေါ်လာ ၁.၆ သန်း နစ်နာကြေး တောင်းထားပါတယ်။ သူမကို ဆမ်ဆောင်းက ငွေကြေး ဘယ်လောက်ပေးပြီး ငှားရမ်းထားသလဲဆိုတာကိုတော့ မသိပါဘူး။


ဒီလို ဖြစ်ရပ်မျိုး ဆယ်လီများ အကြားမှာ ဖြစ်ပွားခဲ့ဖူးပါတယ်။ အိန္ဒိယ မင်းသမီး ANUSHKA SHARMA ဟာ အိုင်ဖုန်းကနေ GOOGLE PIXEL 2XL ကို ကြော်ညာခဲ့ပါတယ်။ WONDER WOMAN ရဲ့ မင်းသမီး နဲ့ HUAWEI BRAND AMBASSADOR ဖြစ်သူ GAL GADOT ဟာ အိုင်ဖုန်းကနေ MATE 10 PRO အကြောင်း တွစ်တာမှာ ပို့စ်တင်ခဲ့ဖူးပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.