iPad Pro မွာ Buttonless Design ပါမည္

0
699

iPad Pro 2018 Model မွာ iPhone X ရဲ႕ အေကာင္းဆံုး Features မ်ားပါမယ္လို႔ ၾသဂုတ္လမွာ သတင္းထြက္ခဲ့ပါတယ္။ အခုလည္း iOS 12 Developer Beta မွာ အဲဒီ တက္ဘလက္တြင္ Buttonless Design ထည့္သြင္းထားမယ့္ အေထာက္အထားမ်ား ေတြ႕ရွိရပါတယ္။ စကရင္ရဲ႕ ေအာက္မွာ Home Button ထည့္သြင္းထားမွာ မဟုတ္ပါဘူး။

iPad Pro အသစ္ဟာ iPhone XS စတုိင္ လုပ္ေဆာင္ခ်က္မ်ား ပါမယ္လို႔ ထင္ရေပမယ့္ Edge-to-edge Design နဲ႔ Notch ေတာ့ ပါမွာ မဟုတ္ပါဘူး။ ပါးလႊာတဲ့ မ်က္ႏွာျပင္ေဘးေဘာင္မ်ား ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ Home Button မပါတဲ့ အတြက္ Face ID ပါလာမွာ ျဖစ္ပါတယ္။ အေရွ႕ ကင္မရာကေန မ်က္ႏွာျဖင့္ တက္ဘလက္ကို Unlock ျပဳလုပ္ရမွာ ျဖစ္ပါတယ္။

တက္ဘလက္ရဲ႕ ေထာင့္စြန္းမ်ားဟာ လံုး၀န္းၿပီး ေဘးဘက္မွာ အသံခလုတ္နဲ႔ အထက္မွာ ပါ၀ါခလုတ္မ်ား ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ ယခင္ထြက္ေပၚေနတဲ့ သတင္းမ်ားအရ တက္ဘလက္မွာ အားသြင္းဖုိ႔နဲ႔ ေဒတာမ်ား ကူးေျပာင္းဖို႔အတြက္ Lightning Connector အစား USB Type-C Port ကို ထည့္သြင္းထားမယ္လို႔ သိရပါတယ္။ 3.5mm Headphone Jack ကို ဖယ္ရွားထားႏုိင္ပါတယ္။ ယခုလ ၃၀ ရက္ေန႔မွာ တက္ဘလက္ကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။

iPad Pro 2018 အတြက္ ၁၀.၅ လက္မ အရြယ္ ေမာ္ဒယ္နဲ႔ ၁၂.၉ လက္မ ေမာ္ဒယ္ကို ေၾကညာႏုိင္ပါတယ္။ ၿပီးခဲ့တဲ့ လကလည္း အရြယ္ႀကီး ေမာ္ဒယ္ရဲ႕ ဓါတ္ပံုမ်ားကို ျမင္ခဲ့ရပါတယ္။ တက္ဘလက္ ႏွစ္ခုစလံုးဟာ Apple Pencil နဲ႔ တြဲဖက္ အသံုးျပဳႏုိင္မွာ ျဖစ္ၿပီး LCD Display မ်ား ျဖစ္ပါတယ္။ A12 နဲ႔ A12X Chipset မ်ား ထည့္သြင္းထားႏုိင္ပါတယ္။

unicode

iPad Pro မှာ Buttonless Design ပါမည်

iPad Pro 2018 Model မှာ iPhone X ရဲ့ အကောင်းဆုံး Features များပါမယ်လို့ သြဂုတ်လမှာ သတင်းထွက်ခဲ့ပါတယ်။ အခုလည်း iOS 12 Developer Beta မှာ အဲဒီ တက်ဘလက်တွင် Buttonless Design ထည့်သွင်းထားမယ့် အထောက်အထားများ တွေ့ရှိရပါတယ်။ စကရင်ရဲ့ အောက်မှာ Home Button ထည့်သွင်းထားမှာ မဟုတ်ပါဘူး။

iPad Pro အသစ်ဟာ iPhone XS စတိုင် လုပ်ဆောင်ချက်များ ပါမယ်လို့ ထင်ရပေမယ့် Edge-to-edge Design နဲ့ Notch တော့ ပါမှာ မဟုတ်ပါဘူး။ ပါးလွှာတဲ့ မျက်နှာပြင်ဘေးဘောင်များ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Home Button မပါတဲ့ အတွက် Face ID ပါလာမှာ ဖြစ်ပါတယ်။ အရှေ့ ကင်မရာကနေ မျက်နှာဖြင့် တက်ဘလက်ကို Unlock ပြုလုပ်ရမှာ ဖြစ်ပါတယ်။

တက်ဘလက်ရဲ့ ထောင့်စွန်းများဟာ လုံးဝန်းပြီး ဘေးဘက်မှာ အသံခလုတ်နဲ့ အထက်မှာ ပါဝါခလုတ်များ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ယခင်ထွက်ပေါ်နေတဲ့ သတင်းများအရ တက်ဘလက်မှာ အားသွင်းဖို့နဲ့ ဒေတာများ ကူးပြောင်းဖို့အတွက် Lightning Connector အစား USB Type-C Port ကို ထည့်သွင်းထားမယ်လို့ သိရပါတယ်။ 3.5mm Headphone Jack ကို ဖယ်ရှားထားနိုင်ပါတယ်။ ယခုလ ၃၀ ရက်နေ့မှာ တက်ဘလက်ကို ကြေညာတော့မှာ ဖြစ်ပါတယ်။

iPad Pro 2018 အတွက် ၁၀.၅ လက်မ အရွယ် မော်ဒယ်နဲ့ ၁၂.၉ လက်မ မော်ဒယ်ကို ကြေညာနိုင်ပါတယ်။ ပြီးခဲ့တဲ့ လကလည်း အရွယ်ကြီး မော်ဒယ်ရဲ့ ဓါတ်ပုံများကို မြင်ခဲ့ရပါတယ်။ တက်ဘလက် နှစ်ခုစလုံးဟာ Apple Pencil နဲ့ တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပြီး LCD Display များ ဖြစ်ပါတယ်။ A12 နဲ့ A12X Chipset များ ထည့်သွင်းထားနိုင်ပါတယ်။

Leave a Reply