Drop Test မွာ iPhone 8 ထက္ သာသြားတဲ့ iPhone XR

0
986

iPhone XR ကို ေရာင္းခ်ေပးလိုက္ၿပီ ျဖစ္ၿပီး သူ႔ရဲ႕ Drop Test, Durability Test မ်ား ထြက္ေပၚလာပါတယ္။ EverythingApplePro က iPhone XR နဲ႔ iPhone 8 တုိ႔ရဲ႕ Drop Test ကို ႏိႈင္းယွဥ္ျပသခဲ့ပါတယ္။ Drop Test မွာ iPhone XR ဟာ iPhone 8 ထက္ သာလြန္တာကို ျမင္ရပါတယ္။

ဒါေပမယ့္ iPhone XR ရဲ႕ ကင္မရာဟာ iPhone 8 ထက္ အနည္းငယ္ ေငါထြက္ေနတဲ့ အတြက္ ကင္မရာနဲ႔ ၾကမ္းျပင္နဲ႔ တိုက္ရိုက္ ထိေတြ႕ရင္ ျပႆနာ ရွိႏုိင္ပါတယ္။ လူ႔တစ္ရပ္ အျမင့္ကေန ဖုန္း စကရင္ကို ေအာက္ဘက္ထားၿပီး ကြန္ကရစ္ ၾကမ္းျပင္ေပၚ ပစ္ခ်ၾကည့္တဲ့ အခါမွာ iPhone 8 ရဲ႕ စကရင္ဟာ ကြဲေၾကသြားပါတယ္။ iPhone XR ရဲ႕ စကရင္က ဘာမွ မျဖစ္တာကို ေတြ႕ရပါတယ္။

iPhone XR ကို ေလွခါးေပၚတက္ၿပီး ပစ္ခ်ၾကည့္တဲ့ အခါမွာေတာ့ ဖုန္းရဲ႕ အေရွ႕နဲ႔ အေနာက္ဘက္ဟာ ကြဲအက္သြားပါတယ္။ လံုး၀ သံုးလို႔ မရေလာက္တဲ့ အေနအထား ျဖစ္သြားပါတယ္။ Cnet ကလည္း iPhone XR ကို Drop Test ျပဳလုပ္ၾကည့္တဲ့ အခါမွာ ရလဒ္မ်ားဟာ EverythingApplePro ထက္ ပိုေကာင္းတာကို ျမင္ရပါတယ္။

unicode

Drop Test မှာ iPhone 8 ထက် သာသွားတဲ့ iPhone XR

iPhone XR ကို ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး သူ့ရဲ့ Drop Test, Durability Test များ ထွက်ပေါ်လာပါတယ်။ EverythingApplePro က iPhone XR နဲ့ iPhone 8 တို့ရဲ့ Drop Test ကို နှိုင်းယှဉ်ပြသခဲ့ပါတယ်။ Drop Test မှာ iPhone XR ဟာ iPhone 8 ထက် သာလွန်တာကို မြင်ရပါတယ်။

ဒါပေမယ့် iPhone XR ရဲ့ ကင်မရာဟာ iPhone 8 ထက် အနည်းငယ် ငေါထွက်နေတဲ့ အတွက် ကင်မရာနဲ့ ကြမ်းပြင်နဲ့ တိုက်ရိုက် ထိတွေ့ရင် ပြဿနာ ရှိနိုင်ပါတယ်။ လူ့တစ်ရပ် အမြင့်ကနေ ဖုန်း စကရင်ကို အောက်ဘက်ထားပြီး ကွန်ကရစ် ကြမ်းပြင်ပေါ် ပစ်ချကြည့်တဲ့ အခါမှာ iPhone 8 ရဲ့ စကရင်ဟာ ကွဲကြေသွားပါတယ်။ iPhone XR ရဲ့ စကရင်က ဘာမှ မဖြစ်တာကို တွေ့ရပါတယ်။

iPhone XR ကို လှေခါးပေါ်တက်ပြီး ပစ်ချကြည့်တဲ့ အခါမှာတော့ ဖုန်းရဲ့ အရှေ့နဲ့ အနောက်ဘက်ဟာ ကွဲအက်သွားပါတယ်။ လုံး၀ သုံးလို့ မရလောက်တဲ့ အနေအထား ဖြစ်သွားပါတယ်။ Cnet ကလည်း iPhone XR ကို Drop Test ပြုလုပ်ကြည့်တဲ့ အခါမှာ ရလဒ်များဟာ EverythingApplePro ထက် ပိုကောင်းတာကို မြင်ရပါတယ်။

Leave a Reply