Xiaomi Mi Mix 2S နဲ႔ Mi 8 မွာ Mi Mix 3 ရဲ႕ Camera စြမ္းရည္မ်ား ရရွိမည္

0
795

ယခင္ကေတာ့ ေရွာင္မီရဲ႕ စမတ္ဖုန္းမ်ားဟာ ကင္မရာ စြမ္းရည္ အပိုင္းမွာ အားနည္းခဲ့ပါတယ္။ အခုေတာ့ ေရွာင္မီ စမတ္ဖုန္းမ်ားရဲ႕ ကင္မရာ စြမ္းရည္မ်ားဟာ အလြန္ တိုးတက္လာပါၿပီ။ တန္ဖိုးနည္းကေန တန္ဖိုးျမင့္ စမတ္ဖုန္းမ်ား အားလံုးမွာ တိုးတက္လာတာ ျဖစ္ပါတယ္။

Xiaomi Mi Mix 2S နဲ႔ Mi 8 တို႔ရဲ႕ ကင္မရာမ်ားကလည္း ေကာင္းမြန္ပါတယ္။ DxOMark က သူတို႔ ၂ လံုးအတြက္ ၉၇ နဲ႔ ၉၉ မွတ္ အသီးသီး ေပးထားပါတယ္။ Mi Mix 3 ရဲ႕ ကင္မရာမ်ားဟာ သူတို႔နဲ႔ တူညီပါတယ္။ ဒါေပမယ့္ DxOMark က Mi Mix 3 ကို ၁၀၃ မွတ္ ေပးထားပါတယ္။ ဓါတ္ပံုအတြက္ ၁၀၇ နဲ႔ ဗီဒီယိုအတြက္ ၉၃ မွတ္ ေပးထားပါတယ္။

ကင္မရာမ်ား တူညီေပမယ့္ Mi Mix 3 က အမွတ္ ပိုမ်ားေနျခင္းမွာ Image Processing ေၾကာင့္ ျဖစ္ပါတယ္။ Mi Mix 3 မွာ Huawei P20 Pro ရဲ႕ Night Mode လို စြမ္းရည္မ်ိဳး ပါလာၿပီး Low Light မွာ စြမ္းရည္ အလြန္ ေကာင္းပါတယ္။

အခုေတာ့ ေရွာင္မီရဲ႕ ပူးတြဲတည္ေထာင္သူ လီဂြ်န္က အဲဒီ ဟန္းဆက္ ၃ ခုစလံုးမွာ 12MP Sony IMX 363 CMOS Sensor နဲ႔ Telephoto အတြက္ Samsung S5K3M3 Sensor မ်ား ထည့္သြင္းထားတဲ့ အတြက္ က်န္တဲ့ ဖုန္း ၂ လံုးမွာလည္း Mi Mix 3 ရဲ႕ Software Features မ်ား ရရွိမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ထည့္သြင္းေပးမယ့္ အခ်ိန္ကို သူက မေျပာေသးေပမယ့္ သိပ္မၾကာႏုိင္ဘူးလို႔ ထင္ရပါတယ္။

unicode

Xiaomi Mi Mix 2S နဲ့ Mi 8 မှာ Mi Mix 3 ရဲ့ Camera စွမ်းရည်များ ရရှိမည်

ယခင်ကတော့ ရှောင်မီရဲ့ စမတ်ဖုန်းများဟာ ကင်မရာ စွမ်းရည် အပိုင်းမှာ အားနည်းခဲ့ပါတယ်။ အခုတော့ ရှောင်မီ စမတ်ဖုန်းများရဲ့ ကင်မရာ စွမ်းရည်များဟာ အလွန် တိုးတက်လာပါပြီ။ တန်ဖိုးနည်းကနေ တန်ဖိုးမြင့် စမတ်ဖုန်းများ အားလုံးမှာ တိုးတက်လာတာ ဖြစ်ပါတယ်။

Xiaomi Mi Mix 2S နဲ့ Mi 8 တို့ရဲ့ ကင်မရာများကလည်း ကောင်းမွန်ပါတယ်။ DxOMark က သူတို့ ၂ လုံးအတွက် ၉၇ နဲ့ ၉၉ မှတ် အသီးသီး ပေးထားပါတယ်။ Mi Mix 3 ရဲ့ ကင်မရာများဟာ သူတို့နဲ့ တူညီပါတယ်။ ဒါပေမယ့် DxOMark က Mi Mix 3 ကို ၁၀၃ မှတ် ပေးထားပါတယ်။ ဓါတ်ပုံအတွက် ၁၀၇ နဲ့ ဗီဒီယိုအတွက် ၉၃ မှတ် ပေးထားပါတယ်။

ကင်မရာများ တူညီပေမယ့် Mi Mix 3 က အမှတ် ပိုများနေခြင်းမှာ Image Processing ကြောင့် ဖြစ်ပါတယ်။ Mi Mix 3 မှာ Huawei P20 Pro ရဲ့ Night Mode လို စွမ်းရည်မျိုး ပါလာပြီး Low Light မှာ စွမ်းရည် အလွန် ကောင်းပါတယ်။

အခုတော့ ရှောင်မီရဲ့ ပူးတွဲတည်ထောင်သူ လီဂျွန်က အဲဒီ ဟန်းဆက် ၃ ခုစလုံးမှာ 12MP Sony IMX 363 CMOS Sensor နဲ့ Telephoto အတွက် Samsung S5K3M3 Sensor များ ထည့်သွင်းထားတဲ့ အတွက် ကျန်တဲ့ ဖုန်း ၂ လုံးမှာလည်း Mi Mix 3 ရဲ့ Software Features များ ရရှိမယ်လို့ အတည်ပြုလိုက်ပါတယ်။ ထည့်သွင်းပေးမယ့် အချိန်ကို သူက မပြောသေးပေမယ့် သိပ်မကြာနိုင်ဘူးလို့ ထင်ရပါတယ်။

Leave a Reply