
0
595





unicode

Snapdragon 632 , Dual Camera များပါတဲ့ တန်ဖိုးနည်း Meizu Note 8 ကို ကြေညာပြီ

တရုတ်မှာ Meizu Note 8 ကို ကြေညာလိုက်ပါတယ်။ အရွယ်ကြီး တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပြီး Xiaomi Redmi Note Series များကို ယှဉ်ပြိုင်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ သူ့မှာ ၆ လက်မ Full HD+ Display ထည့်သွင်းထားပြီး မျက်နှာပြင် အချိုးမှာ 18:9 ဖြစ်ပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၀၃ ဖြစ်ပါတယ်။ 1.8GHz Octa-Core Qualcomm Snapdragon 632 SoC မောင်းနှင်ထားပါတယ်။

အနောက်ဘက်မှာ PDAF ပါတဲ့ 12MP Main Camera နဲ့ 5MP Depth Sensor ကို ပူးတွဲ တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 8MP Camera ထည့်သွင်းထားပြီး Face Unlock နည်းပညာ ပါပါတယ်။ RAM က 4GB ဖြစ်ပြီး Storage က 64GB ဖြစ်ပါတယ်။ 128GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။

Android Oreo အခြေပြု Flyme OS ထည့်သွင်းထားပါတယ်။ ဘက်ထရီက 3600mAh ဖြစ်ပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 153.6×75.5×7.9mm ဖြစ်ပြီး ၁၆၈ ဂရမ် အလေးချိန် ရှိပါတယ်။ 4G VoLTE, Wi-Fi 802.11 a/b/g/n, Bluetooth 4.2 LE, GPS/ GLONASS စတဲ့ ဆက်သွယ်မှုများ ပါပါတယ်။

တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ယွမ် ၁၂၉၈ သတ်မှတ်ထားပါတယ်။ ဒေါ်လာ အားဖြင့် ၁၈၅ ကျသင့်ပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့မှာ တရုတ်တွင် ရောင်းမှာပါ။ အခြားနိုင်ငံများမှာ ရောင်းမယ့်သတင်းကို မသိရသေးပါဘူး။

Leave a Reply