
0
646




unicode

OnePlus 6T ရဲ့ Full Specs Sheet ထွက်ပေါ်လာ

OnePlus က ယခုလ ၂၉ ရက်နေ့မှာ OnePlus 6T ကို တရားဝင် ကြေညာတော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ Specs များစွာလည်း ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ ကျန်တဲ့ Specs များကိုပါ သိရပါပြီ။ တွစ်တာကနေ သူ့ရဲ့ Full Specs Sheet ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီ Sheet ကို အောက်မှာ လေ့လာနိုင်ပါတယ်။

ယခင် သတင်းတွေနဲ့ Specs Sheet မှ သတင်းအချက်အလက်များဟာ တူညီနေပါတယ်။ OnePlus 6T မှာ ၆.၄ လက်မ 1080x2340p Optic AMOLED Display , Qualcomm Snapdragon 845 Chipset , Android Pie , 8GB RAM, 128GB Storage , 3700mAh Battery များ ထည့်သွင်းထားပါတယ်။ Face Unlock ကိုလည်း သုံးနိုင်မှာပါ။ မျက်နှာပြင် အချိုးမှာ 19.5:9 ဖြစ်ပါတယ်။

OnePlus 6T မှာ သေးငယ်တဲ့ Display Notch နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ OnePlus ရဲ့ ပထမဆုံး အနေနဲ့ 3.5 Audio Jack ကို ဖယ်ရှားထားမယ့် စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ OnePlus ဟာ Vivo , Xiaomi , Huawei တို့လို မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကို ထည့်သွင်းထားတဲ့ ကုမ္ပဏီ ဖြစ်လာမှာပါ။

Leave a Reply