Apple နဲ႔ Samsung ကို တိုက္ခိုက္လိုက္တဲ့ Huawei

0
1323

Italian Competition and Market Authority (AGCM) က ဖုန္း ေႏွးေကြးေစတဲ့ Firmware Update မ်ားေၾကာင့္ Apple နဲ႔ Samsung ကို ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ ယူရို ၅ သန္းစီ ဒဏ္ေငြရိုက္လိုက္ပါတယ္။ AGCM က “ Apple နဲ႔ Samsung တို႔ ျဖန္႔ခ်ီတဲ့ Firmware Update အခ်ိဳ႕ဟာ ဖုန္းမ်ားရဲ႕ စြမ္းေဆာင္ရည္ကို က်ဆင္းေစတဲ့အတြက္ ျပႆနာမ်ား ျဖစ္ပြားေစခဲ့ပါတယ္။ အဲဒီအတြက္ စားသံုးသူမ်ားအား ဖုန္း အသစ္မ်ားကို ၀ယ္ယူဖို႔ တြန္းအားေပးသလို ျဖစ္ေစပါတယ္။ “ လို႔ ေျပာပါတယ္။

အခုေတာ့ Huawei က ဖုန္းမ်ား ေႏွးေကြးေစတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး Apple နဲ႔ Samsung ကို တိုက္ခိုက္လိုက္ပါတယ္။ တြစ္တာမွ ပို႔စ္မွာ #BornFastStaysFast နဲ႔ #NeverSlowDown စတဲ့ Hashtag မ်ားနဲ႔ အတူ “ Huawei က သူ႔ ဖုန္း အသစ္မ်ား ၀ယ္ယူေအာင္ ဖုန္း အေဟာင္းမ်ားကို ဘယ္ေတာ့မွ ေလးလံေအာင္ မလုပ္ပါဘူး။ Mate 20 Pro အတြက္ ဂုဏ္ယူေနပါတယ္။ “ လို႔ ေရးသားထားပါတယ္။

Huawei က Mate 20 Family ကို မိတ္ဆက္ပြဲမွာ Mate 20 Pro ရဲ႕ လွ်င္ျမန္မႈကို Samsung Galaxy Note 9 , Apple iPhone XS Max မ်ားနဲ႔ ႏိႈင္းယွဥ္ ျပသခဲ့ပါတယ္။ Huawei ေျပာထားသလိုပဲ Mate 20 Series မ်ားရဲ႕ စြမ္းရည္ဟာ ဘယ္လို ရွိမလဲ ဆိုတာေတာ့ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

unicode

Apple နဲ့ Samsung ကို တိုက်ခိုက်လိုက်တဲ့ Huawei

Italian Competition and Market Authority (AGCM) က ဖုန်း နှေးကွေးစေတဲ့ Firmware Update များကြောင့် Apple နဲ့ Samsung ကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ယူရို ၅ သန်းစီ ဒဏ်ငွေရိုက်လိုက်ပါတယ်။ AGCM က “ Apple နဲ့ Samsung တို့ ဖြန့်ချီတဲ့ Firmware Update အချို့ဟာ ဖုန်းများရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့အတွက် ပြဿနာများ ဖြစ်ပွားစေခဲ့ပါတယ်။ အဲဒီအတွက် စားသုံးသူများအား ဖုန်း အသစ်များကို ဝယ်ယူဖို့ တွန်းအားပေးသလို ဖြစ်စေပါတယ်။ “ လို့ ပြောပါတယ်။

အခုတော့ Huawei က ဖုန်းများ နှေးကွေးစေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး Apple နဲ့ Samsung ကို တိုက်ခိုက်လိုက်ပါတယ်။ တွစ်တာမှ ပို့စ်မှာ #BornFastStaysFast နဲ့ #NeverSlowDown စတဲ့ Hashtag များနဲ့ အတူ “ Huawei က သူ့ ဖုန်း အသစ်များ ဝယ်ယူအောင် ဖုန်း အဟောင်းများကို ဘယ်တော့မှ လေးလံအောင် မလုပ်ပါဘူး။ Mate 20 Pro အတွက် ဂုဏ်ယူနေပါတယ်။ “ လို့ ရေးသားထားပါတယ်။

Huawei က Mate 20 Family ကို မိတ်ဆက်ပွဲမှာ Mate 20 Pro ရဲ့ လျှင်မြန်မှုကို Samsung Galaxy Note 9 , Apple iPhone XS Max များနဲ့ နှိုင်းယှဉ် ပြသခဲ့ပါတယ်။ Huawei ပြောထားသလိုပဲ Mate 20 Series များရဲ့ စွမ်းရည်ဟာ ဘယ်လို ရှိမလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Leave a Reply