ၿဗိတိန္ေစ်းကြက္ကို ၀င္ေရာက္ေတာ့မယ့္ Xiaomi

0
750

Xiaomi ဟာ ကမာၻ႕ အႀကီးဆံုး စမတ္ဖုန္း ထုတ္လုပ္သူ ျဖစ္ေပမယ့္ ၿဗိတိန္ေစ်းကြက္ကိုေတာ့ မ၀င္ေရာက္လာေသးပါဘူး။ အခုေတာ့ ေရွာင္မီက ၿဗိတိန္ကို ေစ်းကြက္ခ်ဲ႕ေတာ့မွာ ျဖစ္ပါတယ္။ ႏို၀င္ဘာလ ၈ ရက္ေန႔မွာ ေရွာင္မီက ၿဗိတိန္မွာ ပထမဆံုး အေနနဲ႔ စမတ္ဖုန္း အသစ္တစ္လံုးကို ေၾကညာမွာ ျဖစ္ပါတယ္။

ၿဗိတိန္မွာ ေရာင္းမယ့္ ထုတ္ကုန္မ်ားထဲမွာ စြမ္းရည္ျမင့္ စမတ္ဖုန္းနဲ႔ ေနအိမ္သံုး အီလက္ထေရာနစ္ ကိရိယာမ်ား ပါလာမွာ ျဖစ္ပါတယ္။ အဲဒီ စမတ္ဖုန္းရဲ႕ အမည္ကို ေရွာင္မီက မေျပာေသးေပမယ့္ မၾကာခင္က ေၾကညာခဲ့တဲ့ Mi Mix 3 ျဖစ္ႏုိင္ပါတယ္။ Mi Mix 3 ဟာ Sliding Camera တပ္ဆင္ထားၿပီး Screen-to-body Ratio အလြန္ ျမင့္တဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။

ေရွာင္မီက နို၀င္ဘာလ ၁၀ ရက္ေန႔မွာ ၿဗိတိန္တြင္ သူ႔ရဲ႕ ပထမဆံုး Mi Store တစ္ခုကိုလည္း ဖြင့္လွစ္မွာ ျဖစ္ပါတယ္။ ၿဗိတိန္မွာ အႀကီးမားဆံုး ေစ်း၀ယ္စင္တာျဖစ္တဲ့ White City’s Westfield မွာ ဖြင့္လွစ္မွာပါ။ စြမ္းရည္ျမင့္ စမတ္ဖုန္းနဲ႔ စမတ္ေနအိမ္ ကိရိယာမ်ား အျပင္ စတိုးမွာ အီလက္ထရစ္ Scooter , Portable Battery နဲ႔ အျခား ထုတ္ကုန္မ်ားကိုပါ ေရာင္းခ်ႏုိင္ပါတယ္။

ေရွာင္မီက သူ႔ရဲ႕ ထုတ္ကုန္မ်ားကို Three Group Europe Stores မွာ ေရာင္းခ်ဖို႔အတြက္ CK Hutchinson နဲ႔ ေမလမွာ သေဘာတူညီမႈ ရခဲ့ပါတယ္။ အဲဒီကတည္းက ေရွာင္မီဟာ ၿဗိတိန္မွာ အေျခခ်ေတာ့မယ္ဆိုတာ သိခဲ့ရတာပါ။ Three ဟာ ၿဗိတိန္ရဲ႕ အႀကီးမားဆံုး Carriers မ်ားထဲမွ တစ္ခု ျဖစ္ၿပီး မၾကာခင္မွာ သူ႔ရဲ႕ စတိုးမ်ားကေန ေရွာင္မီရဲ႕ ဖုန္းမ်ားကို ေရာင္းခ်ေတာ့မွာပါ။

unicode

ဗြိတိန်ဈေးကွက်ကို ဝင်ရောက်တော့မယ့် Xiaomi

Xiaomi ဟာ ကမ္ဘာ့ အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်ပေမယ့် ဗြိတိန်ဈေးကွက်ကိုတော့ မဝင်ရောက်လာသေးပါဘူး။ အခုတော့ ရှောင်မီက ဗြိတိန်ကို ဈေးaကွက်ချဲ့တော့မှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့မှာ ရှောင်မီက ဗြိတိန်မှာ ပထမဆုံး အနေနဲ့ စမတ်ဖုန်း အသစ်တစ်လုံးကို ကြေညာမှာ ဖြစ်ပါတယ်။

ဗြိတိန်မှာ ရောင်းမယ့် ထုတ်ကုန်များထဲမှာ စွမ်းရည်မြင့် စမတ်ဖုန်းနဲ့ နေအိမ်သုံး အီလက်ထရောနစ် ကိရိယာများ ပါလာမှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ အမည်ကို ရှောင်မီက မပြောသေးပေမယ့် မကြာခင်က ကြေညာခဲ့တဲ့ Mi Mix 3 ဖြစ်နိုင်ပါတယ်။ Mi Mix 3 ဟာ Sliding Camera တပ်ဆင်ထားပြီး Screen-to-body Ratio အလွန် မြင့်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

ရှောင်မီက နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဗြိတိန်တွင် သူ့ရဲ့ ပထမဆုံး Mi Store တစ်ခုကိုလည်း ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ဗြိတိန်မှာ အကြီးမားဆုံး ဈေးဝယ်စင်တာဖြစ်တဲ့ White City’s Westfield မှာ ဖွင့်လှစ်မှာပါ။ စွမ်းရည်မြင့် စမတ်ဖုန်းနဲ့ စမတ်နေအိမ် ကိရိယာများ အပြင် စတိုးမှာ အီလက်ထရစ် Scooter , Portable Battery နဲ့ အခြား ထုတ်ကုန်များကိုပါ ရောင်းချနိုင်ပါတယ်။

ရှောင်မီက သူ့ရဲ့ ထုတ်ကုန်များကို Three Group Europe Stores မှာ ရောင်းချဖို့အတွက် CK Hutchinson နဲ့ မေလမှာ သဘောတူညီမှု ရခဲ့ပါတယ်။ အဲဒီကတည်းက ရှောင်မီဟာ ဗြိတိန်မှာ အခြေချတော့မယ်ဆိုတာ သိခဲ့ရတာပါ။ Three ဟာ ဗြိတိန်ရဲ့ အကြီးမားဆုံး Carriers များထဲမှ တစ်ခု ဖြစ်ပြီး မကြာခင်မှာ သူ့ရဲ့ စတိုးများကနေ ရှောင်မီရဲ့ ဖုန်းများကို ရောင်းချတော့မှာပါ။

Leave a Reply