
0
1174




unicode

DxOMark ရဲ့ ကင်မရာ စမ်းသပ်ချက်မှာ iPhone XS Max ကို မယှဉ်နိုင်တဲ့ Xiaomi Mi Mix 3

Xiaomi က စွမ်းဆောင်ရည်မြင့် Mi Mix 3 ကို ပွဲထုတ်လိုက်ပါပြီ။ သူ့မှာ အရှေ့နဲ့ အနောက် ကင်မရာ ၂ လုံးစီပါပါတယ်။ အရှေ့ဘက် ကင်မရာများကို Oppo Find X မှာလို Sliding Module မှာ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာတော့ 12MP+20MP Camera များ ပါပါတယ်။ အခုတော့ DxOMark က အနောက်ကင်မရာများရဲ့ ရမှတ်များကို ပြသလိုက်ပါတယ်။

DxOMark က Mi Mix 3 ရဲ့ ဓါတ်ပုံနဲ့ ဗီဒီယို ၂ ခုပေါင်း အတွက် ၁၀၃ မှတ်ပေးထားပါတယ်။ ဒီရလဒ်ဟာ Samsung ရဲ့ ထိပ်တန်း Galaxy Note 9 ကိုတောင် ယှဉ်နိုင်ပါတယ်။ ဒါပေမယ့် iPhone XS Max (105) နဲ့ Huawei P20 Pro (109) တို့ထက် အနည်းငယ် အားနည်းခဲ့ပါတယ်။

Mi Mix 3 ဟာ ဓါတ်ပုံ အတွက် ၁၀၈ နဲ့ ဗီဒီယိုအတွက် ၉၃ မှတ် ရရှိခဲ့ပါတယ်။ ဓါတ်ပုံ ရမှတ်က Galaxy Note 9 ရဲ့ ၁၀၇ မှတ်ထက် တစ်မှတ်သာနေပါတယ်။ အကျဉ်းချုပ် ဖော်ပြချက်မှာ DxOMark က Mi Mix 3 ရဲ့ အနောက် ကင်မရာများရဲ့ Autofocus ဟာ တိကျ လျှင်မြန်တယ်လို့ ညွှန်းထားပါတယ်။ ဓါတ်ပုံနဲ့ ဗီဒီယို နှစ်ခုစလုံးမှာ Dynamic Range က အလွန် ကောင်းပြီး Noise Levels ကိုလည်း ကောင်းစွာ ထိန်းညှိနိုင်ပါတယ်။ ဒါပေမယ့် Portrait Mode က သိပ်မတည်ငြိမ်သလို Low Light မှာ Noise များ ပါတဲ့အတွက် ပြိုင်ဖက်များထက် အမှတ် အနည်းငယ် လျော့သွားတယ်လို့ ဖော်ပြထားပါတယ်။

Leave a Reply