Samsung က Galaxy A6s ကို ေၾကညာ

0
846

Samsung က Galaxy A6s ကို တရုတ္မွာ ေၾကညာလိုက္ပါတယ္။ ထူးျခားခ်က္က သူဟာ Samsung ကိုယ္တိုင္ ထုတ္တာ မဟုတ္တဲ့ Samsung ရဲ႕ ပထမဆံုး ဖုန္း ျဖစ္ပါတယ္။ ဖုန္းကို အစအဆံုး အျခား ကုမၸဏီရဲ႕ စက္ရံုမွာ တည္ေဆာက္ဖန္တီးထားတာ ျဖစ္ပါတယ္။ ေရွာင္မီရဲ႕ စမတ္ဖုန္းမ်ားကို ဖန္တီးေပးတဲ့ Wintech ကေန သူ႔ကို ဖန္တီးေပးထားပါတယ္။ ဆမ္ေဆာင္းဟာ သူ႔ရဲ႕ စြမ္းရည္နိမ့္နဲ႔ စြမ္းရည္သင့္ Galaxy Phone မ်ားကို တရုတ္ရဲ႕ ဒီဇိုင္း ထုတ္လုပ္တဲ့ ကုမၸဏီ Wintech အား ထုတ္လုပ္ခိုင္းဖုိ႔ ေဆြးေႏြးေနတယ္လို႔ The Korea Herald က ေျပာပါတယ္။

Galaxy A6s ရဲ႕ အေနာက္ဘက္မွာ 12+2MP Dual Camera မ်ား ပါပါတယ္။ ဆဲလ္ဖီး ကင္မရာက 12MP ျဖစ္ပါတယ္။ 6” Full HD Super AMOLED Display ထည့္သြင္းထားပါတယ္။ Qualcomm ရဲ႕ စြမ္းေဆာင္ရည္သင့္ Snapdragon 660 Chipset ေမာင္းႏွင္ထားပါတယ္။ တိုးတက္လာပါတယ္။ 6GB RAM ပါၿပီး 64 or 128GB Storage မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။

အေျခခံ ေမာ္ဒယ္ကို ယြမ္ ၁၈၀၀ သတ္မွတ္ထားၿပီး ၂၆၀ ေဒၚလာ ၀န္းက်င္ က်သင့္ပါတယ္။ တရုတ္မွာသာ သူ႔ကို ေရာင္းခ်မွာပါ။ ဆမ္ေဆာင္းဟာ တရုတ္မွာ ေဒသတြင္း ကုမၸဏီမ်ားျဖစ္တဲ့ ဟြာေ၀းနဲ႔ ေရွာင္မီတို႔ကို ယွဥ္ၿပိဳင္ဖို႔ ရုန္းကန္ေနရပါတယ္။ Strategy Analytics က ဆမ္ေဆာင္းက တရုတ္ စမတ္ဖုန္း ေစ်းကြက္ရဲ႕ ၁ ရာခုိင္ႏႈန္းသာ ပိုင္ဆိုင္ထားတယ္လို႔ ေျပာပါတယ္။ အဲဒီအတြက္ ဆမ္ေဆာငး္ဟာ တရုတ္မွာ စက္ရံု ၂ ခုကို ပိတ္သိမ္းဖို႔ စဥ္းစားခဲ့ရၿပီး ကုန္က်စားရိတ္ သက္သာေစဖို႔ ODM Firm မ်ားကို ရွာေဖြေနပါတယ္။

unicode

Samsung က Galaxy A6s ကို ကြေညာ

Samsung က Galaxy A6s ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ ထူးခြားချက်က သူဟာ Samsung ကိုယ်တိုင် ထုတ်တာ မဟုတ်တဲ့ Samsung ရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ ဖုန်းကို အစအဆုံး အခြား ကုမ္ပဏီရဲ့ စက်ရုံမှာ တည်ဆောက်ဖန်တီးထားတာ ဖြစ်ပါတယ်။ ရှောင်မီရဲ့ စမတ်ဖုန်းများကို ဖန်တီးပေးတဲ့ Wintech ကနေ သူ့ကို ဖန်တီးပေးထားပါတယ်။ ဆမ်ဆောင်းဟာ သူ့ရဲ့ စွမ်းရည်နိမ့်နဲ့ စွမ်းရည်သင့် Galaxy Phone များကို တရုတ်ရဲ့ ဒီဇိုင်း ထုတ်လုပ်တဲ့ ကုမ္ပဏီ Wintech အား ထုတ်လုပ်ခိုင်းဖို့ ဆွေးနွေးနေတယ်လို့ The Korea Herald က ပြောပါတယ်။

Galaxy A6s ရဲ့ အနောက်ဘက်မှာ 12+2MP Dual Camera များ ပါပါတယ်။ ဆဲလ်ဖီး ကင်မရာက 12MP ဖြစ်ပါတယ်။ 6” Full HD Super AMOLED Display ထည့်သွင်းထားပါတယ်။ Qualcomm ရဲ့ စွမ်းဆောင်ရည်သင့် Snapdragon 660 Chipset မောင်းနှင်ထားပါတယ်။ တိုးတက်လာပါတယ်။ 6GB RAM ပါပြီး 64 or 128GB Storage များ ရွေးချယ်နိုင်ပါတယ်။

အခြေခံ မော်ဒယ်ကို ယွမ် ၁၈၀၀ သတ်မှတ်ထားပြီး ၂၆၀ ဒေါ်လာ ဝန်းကျင် ကျသင့်ပါတယ်။ တရုတ်မှာသာ သူ့ကို ရောင်းချမှာပါ။ ဆမ်ဆောင်းဟာ တရုတ်မှာ ဒေသတွင်း ကုမ္ပဏီများဖြစ်တဲ့ ဟွာဝေးနဲ့ ရှောင်မီတို့ကို ယှဉ်ပြိုင်ဖို့ ရုန်းကန်နေရပါတယ်။ Strategy Analytics က ဆမ်ဆောင်းက တရုတ် စမတ်ဖုန်း ဈေးကွက်ရဲ့ ၁ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားတယ်လို့ ပြောပါတယ်။ အဲဒီအတွက် ဆမ်ဆောင်းဟာ တရုတ်မှာ စက်ရုံ ၂ ခုကို ပိတ်သိမ်းဖို့ စဉ်းစားခဲ့ရပြီး ကုန်ကျစားရိတ် သက်သာစေဖို့ ODM Firm များကို ရှာဖွေနေပါတယ်။

Leave a Reply