0
658
unicode
Samsung က တရုတ်မှာ Galaxy A9(2018) ကို Galaxy A9s အမည်ဖြင့် ရောင်းချ
ဆမ်ဆောင်းက မကြာသေးခင်က အနောက်ကင်မရာ ၄ လုံးပါတဲ့ ကမ္ဘာ့ ပထမဆုံး Galaxy A9 (2018) ကို ကြေညာလိုက်ပါတယ်။ အခုတော့ သူ့ကို တရုတ်မှာ Galaxy A9s အမည်ဖြင့် ရောင်းချပေးလိုက်ပါတယ်။ သူတို့ရဲ့ Specs များက တူညီကြျပါတယ်။
ကင်မရာတွေကတော့ မိန်းကင်မရာက 24MP f/1.7 ရှိပြီး wide-angle sensor အတွက် 8MP ပဲဖြစ်ပါတယ်။ နောက်တစ်ခုက 2x optical zoom နဲ့ 10MP telephoto lens ရယ် Live Focus တွေရိုက်ဖို့အတွက် 5MP depth shooter ဆိုပြီး ကင်မရာ ၄ လုံးတပ်ဆင်ပေးထားမှာပဲ ဖြစ်ပါတယ်။ Selfie ကင်မရာကလဲ 24MP တောင်ရှိပါတယ်။
သူ့ရဲ့ မျက်နှာပြင်ကတော့ 6.38-inch ကို FHD+ Super AMOLED display နဲ့ထွက်ရှိမှာပါ။ chipset ပိုင်းကတော့ Snapdragon 660 ကိုအသုံးပြုထားပြီး RAM 6GB နဲ့ storage က 128GB နဲ့လာမှာပဲ ဖြစ်ပါတယ်။ Bluetooth ကလဲ 5.0 ထိအသုံးပြုပေးထားပါတယ်။ ဘက်ထရီပိုင်းကတော့ 3800mAh ပါဝင်မှာပဲ ဖြစ်ပါတယ်။
သူက dual SIM slot ကိုမှ MicroSD slot လဲပါရှိပါသေးတယ်။ Samsung Pay သာမက Bixby တို့ကိုလဲ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ software ပိုင်းအရဆိုရင်တော့ Android 8.0 Oreo ကိုအသုံးပြုထားပါတယ်။
ရရှိနိုင်မယ့်အရောင်တွေကတော့ Caviar Black, Lemonade Blue, and Bubblegum Pink ဆိုပြီး အရောင် ၃ ရောင်နဲ့ ထွက်ရှိမှာပဲ ဖြစ်ပါတယ်။ ယွမ် ၃၅၀၀ ( ၅၀၅ ဒေါ်လာ) သတ်မှတ်ထားပါတယ်။
Leave a Reply