Smartphone Trending

OLED Display နဲ့ 10GB RAM ပါတဲ့ Xiaomi Black Shark Helo





unicode

OLED Display နဲ့ 10GB RAM ပါတဲ့ Xiaomi Black Shark Helo

Xiaomi က လွန်ခဲ့တဲ့ လအနည်းငယ်က Black Shark Gaming Phone ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ မျိုးဆက်သစ် Black Shark Helo ကို မိတ်ဆက်လိုက်ပြီး ဟာ့ဒ်ဝဲအပိုင်းမှာ အနည်းငယ် ပြောင်းလဲထားပါတယ်။ ဒါပေမယ့် ဒီဇိုင်းအပိုင်းမှာတော့ တူညီပါတယ်။

ယခင်မော်ဒယ်မှာလိုပဲ သူ့မှာ Snapdragon 845 နဲ့အတူ Vapor Chamber Cooling စနစ် ပါပါတယ်။ 4000mAh Battery ထည့်ထားပါတယ်။ အနောက်ဘက်မှာ အရောင်တောက်ပတဲ့ လိုဂိုနဲ့အတူ လက်ဗွေရာ ကိရိယာ ပါပါတယ်။ 12+20MP Dual Rear Camera များ ထည့်ထားပါတယ်။ 20MP Front Camera ပါပါတယ်။ 10GB , 8GB , 6GB RAM များ ထည့်ထားပါတယ်။ LCD အစား 6” Full HD OLED တပ်ဆင်ထားပါတယ်။

သူ့မှာ Android 8.1 အခြေပြု MIUI 10 ပါပါတယ်။ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ Quick Charge 3.0 နည်းပညာ ပါပါတယ်။ Gaming Mode ကို ဖွင့်တဲ့ ခလုတ် တစ်ခု ပါပါတယ်။ Gamer Studio App က CPU, Display , Network များကို စီမံခြင်းဖြင့် ဂိမ်းတစ်ခုစီအတွက် မတူတဲ့ Gaming Profile များကို ဖန်တီးနိုင်ပါတယ်။

Black Shark Helo အတွက် Controller များ ထုတ်လုပ်ထားပါတယ်။ 6GB Model ကို ၄၆၀ ဒေါ်လာ၊ 8GB Model ကို ၅၀၅ ဒေါ်လာသတ်မှတ်ထားပါတယ်။ 10GB Model ရဲ့ ဈေးနှုန်းက ၆၀၀ ဒေါ်လာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.