
0
1346





unicode

Samsung W2019 Flip Phone ရဲ့ Hands-on Video ထွက်ပေါ်လာ

တရုတ် လူမှုကွန်ရက် ဝီဘိုမှာ Samsung ရဲ့ စွမ်းရည်မြင့် ခေါက်ဖုန်း အသစ်ရဲ့ Hands-on Video တစ်ခု ထွက်ပေါ်လာပါတယ်။ သူ့မှာ ၄.၂ လက်မ AMOLED Screen ထည့်သွင်းထားနိုင်ပါတယ်။ ဘက်ထရီက 3000mAh ဖြစ်ပါတယ်။ ကိုယ်ထည်ကို အလူမီနီယမ်နဲ့ ဖန်ဖြင့် ပေါင်းစပ် တည်ဆောက်ထားပါတယ်။ အနောက် ကင်မရာ ၂ လုံးပါတာကို မြင်ရပါတယ်။ ဗီဒီယိုမှာ လက်တစ်ဖက်ထဲနဲ့ သက်တောင့်သက်သာရှိစွာ အသုံးပြုနေတာကို မြင်ရပါတယ်။

သူ့မှာ ထုံးစံအတိုင်း T9 Keyboard ပါပါတယ်။ ဘယ်ဘက်မှာ Bixby Button တပ်ဆင်ထားပါတယ်။ ညာဘက်မှာ အသံခလုတ်နဲ့ ပါဝါ ခလုတ်များ ပါပါတယ်။ အနောက်ကင်မရာ ၂ လုံးဟာ Galaxy Note 9 နဲ့ ဆင်တူပါတယ်။ တစ်လုံးမှာ f/1.5-2.4 Aperture နဲ့ အခြားတစ်လုံးမှာ f/2.4 ဖြစ်ပြီး 2x Zoom Telephoto Lens ဖြစ်ပါတယ်။

ယခင် W Series များလိုပဲ သူ့ကို တရုတ်မှာသာ ရောင်းချနိုင်တဲ့ အတွက် Exynos Chipset တော့ ထည့်သွင်းထားမှာ မဟုတ်ပါဘူး။ စွမ်းရည်မြင့် Qualcomm Snapdragon 845 Chipset မောင်းနှင်ထားနိုင်ပါတယ်။ နှင်းဆီရွှေရောင် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ယွမ် ၁၇ ၀၀၀ ( ၂၅၀၀ ဒေါ်လာ ဝန်းကျင်) ကျသင့်နိုင်ပါတယ်။

ဇူလိုင်လမှာ Samsung ရဲ့ စွမ်းရည်မြင့် ခေါက်ချိုးဖုန်းရဲ့ သတင်းကို စတင် ကြားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူ့ရဲ့ သတင်းများ ထပ်ထွက်လာခြင်း မရှိခဲ့ပါဘူး။ အခုမှသာ သူ့ရဲ့ သတင်းများ ပြန်လည် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Leave a Reply