
0
1031





unicode

8GB RAM Model ထွက်လာနိုင်တဲ့ Xiaomi Mi 8 Lite

Xiaomi က Mi 8 Series များစွာကို ထုတ်လုပ်ရောင်းချပေးထားပါတယ်။ အဲဒီအထဲမှာ စွမ်းဆောင်ရည်သင့် Mi 8 Lite လည်း ပါဝင်ပါတယ်။ Mi 8 Lite အတွက် 4GB နဲ့ 6GB RAM Model များ ထုတ်လုပ်ရောင်းချပေးထားပါတယ်။ အခုတော့ TENAA မှ သတင်းအချက်အလက်များ အရ သူ့ရဲ့ 8GB RAM Model ကို ထုတ်လုပ်ရောင်းချနိုင်ဖွယ်ရှိပါတယ်။

သူ့ရဲ့ ဓါတ်ပုံအရ အရောင်သစ် တစ်မျိုးလည်း ထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်ဟာ အနက်ရောင် ဖြစ်ပြီး ဘေးဘောင်များဟာ အနီရောင် ဖြစ်ပါတယ်။ ကင်မရာရဲ့ ဘောင်ကိုလည်း အနီရောင်ဖြင့် ကွပ်ထားပါတယ်။

အခြား Specs များကတော့ မူလမော်ဒယ်များနဲ့ တူညီပါတယ်။ Xiaomi Mi 8 Lite မှာတော့ 6.26-inch 1080x2280p LCD နဲ့ဖြစ်ပြီး Snapdragon 660 chipset ကိုသုံးထားပါတယ်။ ကင်မရာပိုင်းအတွက် 12MP + 5MP ကိုနောက်ကျောဘက်မှာ တပ်ဆင်ထားပြီး၊ အရှေ့ဘက်မှာ 24MP Selfie ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီစွမ်းအားကတော့ 3,350mAh နဲ့ဖြစ်ပါတယ်။

Mi 8 Lite စမတ်ဖုန်းတွေရဲ့ နောက်ကျောဘက်မှာ Fingerprint Scanner ကိုတပ်ဆင်ထားပါတယ်။ Xiaomi Mi 8 Lite အတွက် 64GB နဲ့ 128GB Internal Storage များ ထုတ်လုပ်ပေးထားပါတယ်။

Leave a Reply