
0
1099






unicode

ကြိုတင်မှာယူနိုင်ပြီ ဖြစ်တဲ့ Asus ROG Gaming Phone

Asus က ROG Gaming Phone ကို ကြိုတင်မှာယူခွင့် ပြုလိုက်ပါတယ်။ အမေရိကန်မှာ 8/128GB Model ကို ဒေါ်လာ ၉၀၀ နဲ့ 8/512GB ကို ၁၁၀၀ ဒေါ်လာဖြင့် ရောင်းချပေးထားပါတယ်။ အီတလီမှာတော့ 8/256GB Model ကို ယူရို ၉၀၀ သတ်မှတ်ထားပါတယ်။ Gamevice Controller , Mobile Desktop Dock, Professional Dock , TwinView Dock တို့ အပါအဝင် သူ့ရဲ့ Accessory များရဲ့ ဈေးနှုန်းများကို မသိရသေးပါဘူး။

Razer ရဲ့ ပထမဆုံး Gaming ဖုန်းဟာ ဈေးကွက်ထဲမှာ အောင်မြင်မှုရပြီးနောက်ပိုင်း တရုတ်ဖုန်းကုမ္ပဏီတွေ ဖြစ်တဲ့ Xiaomi ( Black Shark )နဲ့ ZTE(Nubia Red Magic) တို့ကလည်း ကိုယ်ပိုင်နည်းပညာနဲ့ဂိမ်းဖုန်းတွေ လိုက်ထုတ်ခဲ့ပါတယ်။

Asus ROG Gaming Phone မှာ 90sHz AMOLED Screen , Snapdragon 845 Chipset , 4000mAh Battery များ ထည့်သွင်းထားပါတယ်။ Accessories များအတွက် USB-C Port ၂ ခု တပ်ဆင်ထားပါတယ်။ 12+8MP Dual Camera များ ထည့်ထားပါတယ်။ Virtual Trigger Keys များက ဂိမ်းဆော့ဖို့အတွက် ရှယ်ပါပဲ။ ဒါ့အပြင် အနောက်ဘက်မှ RGB-Backlit Logo အပါအဝင် အရမ်းလန်းတဲ့ စွမ်းရည်များ ပါပါတယ်။

Asus က RAM ပမာဏ လျှော့ထည့်ထားတဲ့ တန်ဖိုးနည်း ROG Phone မော်ဒယ်များကို ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ တရုတ် ဆက်သွယ်ရေး ကော်မရှင်မှ သတင်းအချက်အလက်များ အရ 4GB/ 6GB RAM များ ပါလာမှာပါ။ Storage အပိုင်းမှာ 128GB နဲ့ 512GB များ ရွေးချယ်နိုင်ပါတယ်။ ကင်မရာ အပိုင်းမှာ ပြောင်းလဲထားနိုင်ပါတယ်။ အနောက်ဘက်မှာ 12MP Camera တစ်လုံးသာ ပါပါတယ်။ ဒါ့အပြင် 4000mAh Battery အစား 3850mAh Battery ထည့်ထားပါတယ်။

အခြား Specs များက တူညီကြပါတယ်။ သူ့မှာ ၆ လက်မ 2160x1080p Display တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ကို Corning Gorilla Glass 6 ဖြင့် ကာကွယ်ထားပါတယ်။ 2.96GHz Octa-Core Snapdragon 845 Chipset နဲ့ Adreno 630 GPU များ ပါပါတယ်။

Leave a Reply