ရုပ္တူတဲ့ လူက ဖြင့္လို႔ရသြားတဲ့ Huawei Mate 20 Pro ရဲ႕ Face Unlock စနစ္

0
1720

Huawei Mate 20 Pro ရဲ႕ Face Unlock စနစ္ဟာ မလံုျခံဳဘူးဆိုတဲ့ သတင္းထြက္လာပါတယ္။ ရုပ္တူတဲ့ လူတစ္ေယာက္က သူ႔ရဲ႕ Face Unlock စနစ္ကို ေက်ာ္ျဖတ္သြားႏုိင္တယ္လို႔ သိရပါတယ္။ 2D Face Unlock စနစ္မ်ားမွာေတာ့ ဓါတ္ပံုမ်ားနဲ႔ေတာင္ ဖုန္းကို Unlock လုပ္နိုင္ပါတယ္။ ဒါေပမယ့္ Huawei Mate 20 Pro မွာ 3D Face Unlock စနစ္ကိုသံုးထားတဲ့ အတြက္ ဒီလိုမ်ိဳး လံုျခံဳေရး ဟာကြက္ဟာ မျဖစ္သင့္ပါဘူး။

အဲဒီ လံုျခံဳေရး ဟာကြက္ကို စမ္းသပ္ေတြ႕ရွိခဲ့ၾကတဲ့ လူႏွစ္ဦးဟာ ဂ်ာမနီမွ ျဖစ္ပါတယ္။ သူတို႔ဟာ အမ်ိဳး မဟုတ္သလို ညီ အစ္ကိုမ်ားလည္း မဟုတ္ပါဘူး။ ရုပ္ခ်င္း အနည္းငယ္ ဆင္တူၿပီး ဆံပင္တိုျခင္း၊ မုတ္ဆိတ္ေမႊးမ်ား ရွိျခင္းမ်ားလည္း တူညီၾကပါတယ္။ ဟြာေ၀းကေတာ့ ဒီျပႆနာကိုတုန္႔ျပန္ျခင္း မရွိေသးပါဘူး။ ဟြာေ၀းက ဒီျပႆနာကို စံုစမ္း စစ္ေဆးေနပါတယ္။

သီအိုရီ အရ 3D Face Unlock စနစ္မ်ားဟာ အႀကိမ္ ၁ သန္းမွာ ၁ ႀကိမ္သာ မွားယြင္းတယ္လို႔ ဆိုၾကပါတယ္။ ဒီနည္းပညာကို Apple က iPhone X မွာ ပထမဆံုး မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ အန္းဒရြိဳက္ ဖုန္း ထုတ္လုပ္သူမ်ားကလည္း အလားတူ နည္းပညာမ်ိဳးကို သူတို႔ရဲ႕ စမတ္ဖုန္းမ်ားမွာ ထည့္သြင္းေပးလာၾကပါတယ္။

unicode

ရုပ်တူတဲ့ လူက ဖွင့်လို့ရသွားတဲ့ Huawei Mate 20 Pro ရဲ့ Face Unlock စနစ်

Huawei Mate 20 Pro ရဲ့ Face Unlock စနစ်ဟာ မလုံခြုံဘူးဆိုတဲ့ သတင်းထွက်လာပါတယ်။ ရုပ်တူတဲ့ လူတစ်ယောက်က သူ့ရဲ့ Face Unlock စနစ်ကို ကျော်ဖြတ်သွားနိုင်တယ်လို့ သိရပါတယ်။ 2D Face Unlock စနစ်များမှာတော့ ဓါတ်ပုံများနဲ့တောင် ဖုန်းကို Unlock လုပ်နိုင်ပါတယ်။ ဒါပေမယ့် Huawei Mate 20 Pro မှာ 3D Face Unlock စနစ်ကိုသုံးထားတဲ့ အတွက် ဒီလိုမျိုး လုံခြုံရေး ဟာကွက်ဟာ မဖြစ်သင့်ပါဘူး။

အဲဒီ လုံခြုံရေး ဟာကွက်ကို စမ်းသပ်တွေ့ရှိခဲ့ကြတဲ့ လူနှစ်ဦးဟာ ဂျာမနီမှ ဖြစ်ပါတယ်။ သူတို့ဟာ အမျိုး မဟုတ်သလို ညီ အစ်ကိုများလည်း မဟုတ်ပါဘူး။ ရုပ်ချင်း အနည်းငယ် ဆင်တူပြီး ဆံပင်တိုခြင်း၊ မုတ်ဆိတ်မွှေးများ ရှိခြင်းများလည်း တူညီကြပါတယ်။ ဟွာဝေးကတော့ ဒီပြဿနာကိုတုန့်ပြန်ခြင်း မရှိသေးပါဘူး။ ဟွာဝေးက ဒီပြဿနာကို စုံစမ်း စစ်ဆေးနေပါတယ်။

သီအိုရီ အရ 3D Face Unlock စနစ်များဟာ အကြိမ် ၁ သန်းမှာ ၁ ကြိမ်သာ မှားယွင်းတယ်လို့ ဆိုကြပါတယ်။ ဒီနည်းပညာကို Apple က iPhone X မှာ ပထမဆုံး မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အန်းဒရွိုက် ဖုန်း ထုတ်လုပ်သူများကလည်း အလားတူ နည်းပညာမျိုးကို သူတို့ရဲ့ စမတ်ဖုန်းများမှာ ထည့်သွင်းပေးလာကြပါတယ်။

Leave a Reply