
0
1807




unicode

iPhone XR ကို ရောင်းပြီ

Apple က iPhone XS , iPhone XS Max တို့ကို ရောင်းချပေးထားပေမယ့် iPhone XR ကိုတော့ အခုမှသာ ကြိုတင်မှာယူခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ပထမဆုံး အသုတ် အနေဖြင့် နိုင်ငံပေါင်း ၅၀ မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၆ ရက်နေ့မှာ စတင် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

သူ့ကို ကြိုတင်မှာယူနိုင်တဲ့ နိုင်ငံများမှာ Albania, Andorra, Australia, Austria, Bahrain, Belgium, Bosnia, Bulgaria, Canada, China, Croatia, Cyprus, Czech Republic, Denmark, Estonia, Finland, France, Germany, Greece, Greenland, Guernsey, Herzegovina, Hong Kong, Hungary, Iceland, India, Ireland, Isle of Man, Italy, Japan, Jersey, Kosovo, Kuwait, Latvia, Liechtenstein, Lithuania, Luxembourg, Macedonia, Malta, Malaysia, Mexico, Monaco, Montenegro, Netherlands, New Zealand, Norway, Oman, Poland, Portugal, Puerto Rico, Qatar, Romania, Russia, Saudi Arabia, Singapore, Serbia, Slovakia, Slovenia, South Africa, Spain, Sweden, Switzerland, Taiwan, Thailand, the UAE, UK, US and US Virgin Islands တို့ ဖြစ်ပါတယ်။

အမေရိကန်မှာ ၇၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဗြိတိန်မှာ စတာလင်ပေါင် ၇၄၉ ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။ ဥရောပမှာ ယူရို ၈၄၉ သတ်မှတ်ထားပါတယ်။ XR ကို ပထမ အသုတ် ရောင်းချမယ့် အချိန်ဟာ XS နဲ့ XS Max တို့ကို တတိယ အသုတ် ရောင်းချမယ့် အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ XR ကို ပထမဆုံး ရောင်းချမယ့် နိုင်ငံများထဲမှာ Chile, Colombia , Malaysia နဲ့ Thailand တို့ ပါဝင်နေပါတယ်။

Leave a Reply