Huawei Mate 20 Pro ရဲ့ထူးခြားချက် ၄ ချက်

0
2964

ယခုနောက်ဆုံးထွက်ရှိထားတဲ့စမတ်ဖုန်းတွေထဲမှာတော့ ကင်မရာအကောင်းဆုံးနဲ့စွမ်းဆောင်ရည်အမြင့်ဆုံးလို့ပြောရမယ့် Huawei Mate 20,Mate 20 Pro စမတ်ဖုန်းတွေကို လာမယ့်နိုဝင်ဘာလထဲမှာ ပြည်တွင်းဈေးကွက်တွင်စတင်ရောင်းချပေးတော့မှာပါ။ Huawei Mate 20,Mate 20 Pro စမတ်ဖုန်းများဟာ ဖုန်းရဲ့နောက်ကျောဘက်ခြမ်းမှာ ကင်မရာ ၃ လုံးပါဝင်ပြီး ကင်မရာအိမ်တစ်ခုထဲမှာ ၃ လုံးထည့်သွင်းတည်ဆောက်ထားတဲ့ ဒီဇိုင်းကိုယ်ထည်ပုံစံဖန်တီးပြုလုပ်ထားတာကိုလည်းတွေ့ရပါတယ်။ ယခု ဆောင်းပါးမှာတော့ Huawei Mate 20 Pro ဟာအခြား Android စမတ်ဖုန်းတွေထက် ဘယ်အချက်တွေမှာသာလွန်မှုရှိနေလဲဆိုတာကိုပြောပြပေးသွားမှာပါ။

ခေတ်ရှေ့ပြေးသည့် ဒီဇိုင်း

HUAWEI Mate Series DNA ကို ကိုယ်စားပြုသည့် အနေဖြင့် ထုတ်ကုန်များအားလုံးတွင် High Screen to body ratio ရှိသည့် FullView Display ပါဝင်ပါတယ်။ သေသပ်စေ့စပ်စွာ တည်ဆောက်ထားခြင်းကြောင့် ၆.၃၉ လက်မအရွယ်ရှိ Huawei Mate 20 Pro မှ ၇.၂ လက်မအရွယ်ရှိ Huawei Mate 20X အထိ လက်တစ်ဖက်တည်း အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ဦးမှာပါ။

သဘာဝဒြပ်စင်များ၏ အလှတရားများကို Huawei Mate 20 Series ၏ ဒီဇိုင်းများမှ တဆင့်တွေ့မြင်နိုင်မည် ဖြစ်သည်။ Huawei Mate 20 Pro၏ အောက်ဖက်ကိုယ်ထည်ကို ထောင့် ၈ထောင့် မှ ကွေးထားတဲ့ပုံစံနဲ့တည်ဆောက်ထားတာပါ

Huawei Mate 20 Series ၏ ကျောဘက်ရှိ Matrix Camera array သည် ထူးခြားရဲရင့်သော avant-garde ပုံစံရှိ four-point ဒီဇိုင်းတွင် ကင်အရာ သုံးလုံးနှင့် အာရုံခံကိရိယာ တစ်ခုတို့ ပါဝင်ပြီး သတ္တုဘောင်ဖြင့် ဝန်းရံထားပါသည်။ အဆိုပါ flagship series တွင် ကျောက်မျက်ရတနာကဲ့သို့ တောက်ပသည့် Emerald Green အရောင် ပါဝင်လာမည်ဖြစ်သည်။ ဖန်သားပြင်ကျောဘက်ရှိ Hyper Optical Pattern သည် အလွန်အမင်း အကြမ်းခံစေရန်အတွက် ရှုပ်ထွေးသော hairline ပုံစံအား အသုံးပြုဖန်တီးထားသည့်အတွက် ကြာရှည်ခံသည့်အပြင် ၊ လျှောကျခြင်း နှင့် လက်ဗွေရာ ထင်ကျန်ခြင်းတို့ မှကင်းဝေးစေနိုင်မည်ဖြစ်သည်။

စွမ်းရည်မြင့် လုပ်ဆောင်ချက်နှင့် အားသွင်းစနစ် (Ultimate Performance and Battery Life)

စမတ်ဖုန်းများ၏ အဓိက အချက်အချာဖြစ်သည့် SoC သည် အဆိုပါ စမတ်ဖုန်း၏ စွမ်းဆောင်ရည် နှင့်ထိရောက်မှုအတွက် အဓိကကျသည့် အချက်တစ်ခုဖြစ်သည်။ နောက်ဆုံးပေါ် 7nm နည်းပညာလုပ်ငန်းစဉ်ဖြင့် ထုတ်လုပ်ထားသော လက်သည်းခွံအရွယ်သာရှိသည့် အဆိုပါ SoC တွင် transistor ပေါင်း ၆.၉ ဘီလီယံ ထည့်သွင်းထားပါသည်။ Kirin 970 နှင့်နှိုင်းယှဉ်လျှင်နောက်ဆုံးပေါ် chipset တွင် 75% ပိုမိုအားကောင်းသော CPU ၊ 75% ပိုမိုအားကောင်းသော NPU ၊ 46% ပိုမိုအားကောင်းသော GPU နှင့် 226% ပိုမိုအားကောင်းသော NPU တို့ဖြင့် ဖန်တီးထားသည်။

ထို့အပြင်အား CPU သည် 58 ရာခိုင်နှုန်းသော်လည်းကောင်း၊ GPU အား 178 ရာခိုင်နှုန်းသော်လည်းကောင်း၊ NPU အား 182 ရာခိုင်နှုန်းသော်လည်းကောင်းပိုမိုသည့် ထိရောက်မှုများအားလည်း ပေးစွမ်းနိုင်မည်ဖြစ်သည်။ အဆိုပါ Kirin 980 သည့် Cortex-A76-based-cores သုံးစွဲသည့် ကမ္ဘာ့ပထမဦးဆုံးစီးပွားဖြစ် SoC ဖြစ်ပါသည်။ Kirin 980 သည်  Dual-NPU ထည့်သွင်းထားသည့် ပထမဆုံးသော SoC ဖြစ်ပြီး ပိုမိုမြင့်မားသည့် On-Device AI Processing Capability အား ပေးစွမ်းမည်ဖြစ်သည်။

Huawei Mate 20 Pro သည် သုံးစွဲသူများကို download speed 1.4 Gbps အထိရရှိနိုင်စေမည့် 4.5G LTE Cat. 21 standard အားထောက်ပံ့ပေးနိုင်သည့် ကမ္ဘာ့ပထမဆုံးသော စမတ်ဖုန်းဖြစ်သည်။ ထို့အပြင် 2GB အရွယ်အစားကို ဒေါင်းလုတ်လုပ်ရန် ၂ စက္ကန့်သာကြာမြင့်မည့် ကမ္ဘာ့အလျင်မြန်ဆုံး Wi-Fi connection speed ကိုလည်း ထောက်ပံပေးပါသည်။ အဆိုပါ top-end flagship သည် dual-band (L1+L5) GPS positioning နည်းပညာကိုလည်း ထောက်ပံပေးထားသည်။ AI GPS Satellite Selection နည်းပညာသည် scenarios အမျိုးမျိုးအတွက် တိကျသည့် နေရာချထားမှုအား အကောင်းမွန်ဆုံး ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။

စွမ်းအားမြင့်စွမ်းဆောင်ရည်တို့အပြင် Huawei Mate 20 စီးရီးသည် ဘက်ထ္ထရီပိုင်းတွင်လည်း ဆန်းသစ်သည့် တိုးတက်မှုအား ပေးဆောင်နိုင်မည်ဖြစ်သည်။ Huawei Mate 20 Pro တွင်ပါဝင်သော High-density 4200mA ဘက်ထရီအား 40W Huawei Supercharger ဖြင့်အားသွင်းပါက ထုတ်ကုန်အား 30 မိနစ်အတွင်း 70 ရာခိုင်နှုန်း အထိအားဖြည့်သွင်းနိုင်ပါသည်။ အဆိုပါ လျင်မြန်သော ဘတ္ထရီအားသွင်းမှုနည်းပညာအား TÜV Rheinland မှ ၎င်း၏ တင်းကျပ်သောလုံခြုံရေးစံနှုန်းများနှင့် ပြည့်မီကြောင်း ထောက်ခံပေးထားကြောင်းသိရသည်။

ထို့ Huawei Mate 20 Pro တွင် အမြန်ဆုံး wireless charging solution တစ်ခုဖြစ်သည့် 15W HUAWEI Wireless Quick Charge ပါဝင်သည့်အပြင် ထုတ်ကုန်အား powerbank တစ်လုံးကဲ့သို့ အသုံးပြုနိုင်မည့် Wireless Reverse Charge လည်း ပါဝင်သည်။

Matrix Camera System

HUAWEI P20 Series ၏ ကင်မရာ စနစ်အား အခြေခံပြီး Huawei သည် Mate 20 အား ပိုမိုကောင်းမွန်သည့် ဖြည့်သွင်းချက်တစ်ခုဖြစ်သော 16mm Leica Ultra-Wide Angle Lens အား ထည့်သွင်းထားသည်။ ယခုကဲ့သို့ ပိုမိုကျယ်ပြန့်သော ရှုထောင့် သည် ရိုက်ကူးလိုက်သော ပုံရိပ်အား ပိုမိုကျယ်ဝန်းစေပြီး သုံးဖက်မြင်ရသကဲ့သို့ ဖြစ်စေမည်ဖြစ်သည်။ အဆိုပါကင်မရာစနစ်အသစ်သည်လည်းမှန်ဘီလူးမှ 2.5cm အကွာ၌ထားရှိသော အရာဝတ္ထု၏ ကြည်လင်ပြတ်သားစွာပုံရိပ်များကိုထုတ်လုပ်ပေးနိုင်သော macro distance လုပ်ဆောင်ချက်ပါဝင်သည်။

ထပ်မံထည့်သွင်းထားသည့် ultra-wide angle lens နှင့် macro တို့သည် ကင်မရာစနစ်၏ feature set ကို ပြီးပြည့်စုံစေရန် ထောက်ပံ့ပေးပြီး မည်သည့်လှုပ်ရှားမှုကိုမဆို အချိန်မရွေး အဆင်သင့်ရိုက်ကူးစေနိုင်မည်ဖြစ်သည်။ အဆိုပါ Huawei Mate 20 Pro ကို 40MP အဓိကကင်မရာ၊ 20MP ultra-wide angle ကင်မရာနှင့် 8MP telephoto ကင်မရာတို့ဖြင့်တပ်ဆင်ထားကြောင်းသိရှိရပါသည်။ မှန်ဘီလူး သုံးခုပေါင်းစပ်ခြင်းနှင့်အတူ ကြီးမားကျယ်ပြန့်သော focal lengths (16-270mm မှန်ဘီလူး၏ စွမ်းဆောင်ရည်နှင့်ညီမျှ) ကြောင့် ပရော်ဖက်ရှင်နယ် ကင်မရာများနှင့် ရိုက်ကူးသည့် အရည်အသွေးအား ထင်ဟပ်စေမည့် ပုံရိပ်အရည်အသွေးကို ရရှိစေမည်ဖြစ်သည်။

Huawei Mate 20 စီးရီးများတွင် AI Portrait color video လုပ်ဆောင်ချက်ကို ထည့်သွင်းထားပါသည်။ AIနည်းပညာကို အသုံးပြုခြင်းဖြင့် Huawei Mate 20 စီးရီးများသည် လူပုံရိပ်များကိုသီးသန့်ခွဲခြားသိရှိနိုင်ပြီး ဓာတ်ပုံတွင်ပါဝင်သော လူပုံရိပ်ဘေးမှ အရောင်များ၏ သိသာထင်ရှားမှုကို လျှော့ချပေးခြင်းဖြင့် လူပုံရိပ်ကို ပိုမိုထင်ရှားစေပါသည်။ AI Spotlight Reel လုပ်ဆောင်ချက်သည် ပုံရိပ်များကို မျှဝေထားသောthemeဖြင့် အာရုံခံပြီး montageကို အလိုအလျောက်ပြုလုပ်ပေးခြင်းဖြင့် စိတ်ဝင်စားဖွယ် ဖန်တီးပေးပါသည်။

Huawei Mate 20 Pro နှင့် Porsche Design Huawei Mate 20 RS တို့တွင် 3D Face Unlock ပါဝင်ပါသည်။ အဆိုပါလုပ်ဆောင်ချက် အသုံးပြုသူများသည် 0.6 စက္ကန့်အတွင်း လျင်မြန်စွာနှင့် လုံခြုံစွာ unlock လုပ်နိုင်မည်ဖြစ်ပြီး မှားယွင်းနိုင်ခြေမှာ 1/1,000,000 သာရှိပါသည်။

အရှေ့ဘက်တွင်ပါရှိသော 3D Depth Sensing Camera System ကို အသုံးပြုခြင်းဖြင့် အဆိုပါ ထုတ်ကုန် ၂ခုသည် မျက်နှာအင်္ဂါရပ်များအား တိကျစွာဖတ်ရှုနိုင်မည်ဖြစ်ပြီး အလွန်သေးငယ်သည့် အချက်အထိပါ သိရှိနိုင်မည်ဖြစ်သည်။ User Authentication အပြင် အဆိုပါ sensors များသည် ပိုမိုတိကျ သဘာဝဆန်သော portrait beautification effect များကိုလည်း ပေးစွမ်းနိုင်ကြောင်းသိရှိရပါသည်။

 

အရည်သွေးမြင့် လူမှုဘဝကို ပုံဖော်ပေးမည့် EMUI 9.0

Huawei Mate 20 Series တွင် Android P ကိုအခြေခံထားသည့် smart operating system ဖြစ်သည့် EMUI 9.0 ကိုအသုံးပြုထားပါတယ်။ AI self-learning စနစ်၊ integrated နှင့် granular resource ခွဲခြားသည့်စနစ်နှင့် မြန်ဆန်ချောမွေ့သည့် Android လုပ်ဆောင်မှုစနစ်တို့ကို ထောက်ပံ့ပေးနိုင်သည့် EMUI 9.0 သည် တိုးချဲ့အသုံးပြုခြင်းများတွင်ပါ အဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်မည့် “အမြဲစိမ်းလန်းနေသည့်” အတွေ့အကြုံများကို ယူဆောင်လာပေးမည် ဖြစ်ပါသည်။

EMUI 9.0 ကို အဖက်ဖက်မှကောင်းမွန်ပြီး အရည်အသွေးမြင့်မားသောဒီဇိုင်းနှင့် ရိုးရှင်းပြေပြစ်သည့် Setting menu တို့နှင့် ချိတ်ဆက်ပေးထားပါသည်။ Gesture Navigation ထောက်ပံ့ရေးစနစ်သည် user များကို ၎င်းတို့၏ device အား လက်နှင့်ထိတွေ့၊ ရွေ့လျားလိုက်ရုံနှင့် အလွယ်တကူ စေခိုင်းနိုင်စေရန် လုပ်ဆောင်ပေးပါသည်။ Huawei Mate 20 Series တွင် အရာဝတ္ထုများအား အမျိုးအစားခွဲခြားသတ်မှတ်ပေးခြင်း နှင့် အစားအသောက်များအား ကယ်လိုရီပမာဏတွက်ချက်ပေးခြင်း ကဲ့သို့သော ပိုမိုအဆင့်မြင့်သည့် AI နည်းပညာလုပ်ဆောင်ချက်များလည်း ပါဝင်လာသည်။

EMUI 9.0 မှာ HUAWEI 3.0 feature လည်းပါဝင်လာပြီး Huawei 3.0 သည် သုံးစွဲသူများအား စမတ်ဖုန်း နှင့် PC ကြား ဖိုင်များအား အလွယ်တကူ လျှင်မြန်စွာ လွှဲပြောင်းနိုင်စေခြင်းဖြင့် ပိုမိုကောင်းမွန်သည့် တိုးတက်ပြောင်းလဲမှုများအား ပေးစွမ်းနိုင်မည်ဖြစ်သည်။ အဆိုပါ လုပ်ဆောင်ချက်သည် Huawei ၏ မူပိုင် solution တစ်ခုဖြစ်ပြီး သုံးစွဲသူများမှ ဓာတ်ပုံ နှင့် ဗီဒီယို များ လွှဲပြောင်းပေးသည့်အခါတွင် သူမတူသည့် အတွေ့အကြုံအားပေးစွမ်းနိုင်မည်ဖြစ်သည်။

 

Leave a Reply