Apple ေၾကာင့္ OnePlus 6T မိတ္ဆက္ပြဲကို တစ္ရက္ေစာ က်င္းပမည္

0
1800

OnePlus က 6T မိတ္ဆက္ပြဲကို ေအာက္တိုဘာလ ၃၀ ရက္ေန႔မွာ ျပဳလုပ္ဖို႔ ရည္ရြယ္ထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ မေန႔ကပဲ Apple က အဲဒီေန႔မွာ ထုတ္ကုန္ အသစ္ မိတ္ဆက္ပြဲကို က်င္းပမယ္လို႔ ေၾကညာခဲ့ပါတယ္။ နယူးေယာက္မွာ က်င္းပမယ့္ Apple ရဲ႕ ပြဲကို သတင္း မီဒီယာမ်ားက အဓိက တက္ေရာက္ၾကမွာ ျဖစ္ပါတယ္။ အဲဒီပြဲမွာ iPad နဲ႔ Mac အသစ္မ်ားကို ေၾကညာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ အဲဒီအတြက္ OnePlus က 6T မိတ္ဆက္ပြဲကို ေအာက္တိုဘာလ ၂၉ ရက္ေန႔ကို ေျပာင္းေရႊ႕လိုက္ပါတယ္။

OnePlus မွ Pete Lau က ဒီဆံုးျဖတ္ခ်က္ကို ေပါ့ေပါ့ပ်က္ပ်က္ ျပဳလုပ္ခဲ့တာ မဟုတ္ဘူးလို႔ ေျပာပါတယ္။ OnePlus က သူ႔ရဲ႕ Fans မ်ားအား နယူးေယာက္မွာ ျပဳလုပ္မယ့္ ပြဲကို တက္ေရာက္ခြင့္ကို ျပဳလုပ္ေပးထားပါတယ္။ Lau က ေလယာဥ္လက္မွတ္နဲ႔ ဟိုတယ္ ဌားရမ္းခမ်ား အတြက္ ေငြျပန္ေပးမယ္လို႔ ေျပာပါတယ္။

OnePlus 6T မွာ ေသးငယ္တဲ့ Display Notch နဲ႔ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ OnePlus ရဲ႕ ပထမဆံုး အေနနဲ႔ နားၾကပ္ေပါက္ကို ဖယ္ရွားထားမယ့္ စမတ္ဖုန္းလည္း ျဖစ္ပါတယ္။ OnePlus ဟာ Vivo , Xiaomi , Huawei တို႔လို မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာကို ထည့္သြင္းထားတဲ့ ကုမၸဏီ ျဖစ္လာမွာပါ။

OnePlus 6T မွာ ၆.၄ လက္မ 1080x2340p Optic AMOLED Display ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ Qualcomm ရဲ႕ Snapdragon 845 Chipset ေမာင္းႏွင္ထားႏိုင္ပါတယ္။ Face Unlock လည္း ထည့္သြင္းထားမွာ ျဖစ္ပါတယ္။

unicode

Apple ကြောင့် OnePlus 6T မိတ်ဆက်ပွဲကို တစ်ရက်စော ကျင်းပမည်

OnePlus က 6T မိတ်ဆက်ပွဲကို အောက်တိုဘာလ ၃၀ ရက်နေ့မှာ ပြုလုပ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် မနေ့ကပဲ Apple က အဲဒီနေ့မှာ ထုတ်ကုန် အသစ် မိတ်ဆက်ပွဲကို ကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။ နယူးယောက်မှာ ကျင်းပမယ့် Apple ရဲ့ ပွဲကို သတင်း မီဒီယာများက အဓိက တက်ရောက်ကြမှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ iPad နဲ့ Mac အသစ်များကို ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီအတွက် OnePlus က 6T မိတ်ဆက်ပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့ကို ပြောင်းရွှေ့လိုက်ပါတယ်။

OnePlus မှ Pete Lau က ဒီဆုံးဖြတ်ချက်ကို ပေါ့ပေါ့ပျက်ပျက် ပြုလုပ်ခဲ့တာ မဟုတ်ဘူးလို့ ပြောပါတယ်။ OnePlus က သူ့ရဲ့ Fans များအား နယူးယောက်မှာ ပြုလုပ်မယ့် ပွဲကို တက်ရောက်ခွင့်ကို ပြုလုပ်ပေးထားပါတယ်။ Lau က လေယာဉ်လက်မှတ်နဲ့ ဟိုတယ် ဌားရမ်းခများ အတွက် ငွေပြန်ပေးမယ်လို့ ပြောပါတယ်။

OnePlus 6T မှာ သေးငယ်တဲ့ Display Notch နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ OnePlus ရဲ့ ပထမဆုံး အနေနဲ့ နားကြပ်ပေါက်ကို ဖယ်ရှားထားမယ့် စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ OnePlus ဟာ Vivo , Xiaomi , Huawei တို့လို မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကို ထည့်သွင်းထားတဲ့ ကုမ္ပဏီ ဖြစ်လာမှာပါ။

OnePlus 6T မှာ ၆.၄ လက်မ 1080x2340p Optic AMOLED Display ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ Qualcomm ရဲ့ Snapdragon 845 Chipset မောင်းနှင်ထားနိုင်ပါတယ်။ Face Unlock လည်း ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Leave a Reply