Snapdragon 850 နဲ႔ Gigabit LTE ပါတဲ့ Samsung Galaxy Book2

0
907

Samsung က Galaxy Book2 ကို တရား၀င္ေၾကညာလိုက္ပါတယ္။ သူဟာ လက္ပ္ေတာ့ ၊ တက္ဘလက္ ႏွစ္မ်ိဳးသံုး ျဖစ္ၿပီး ယခင္ႏွစ္ ေဖေဖာ္၀ါရီလမွာ ေၾကညာခဲ့တဲ့ Galaxy Book ရဲ႕ မ်ိဳးဆက္သစ္ ျဖစ္ပါတယ္။ သူဟာ Microsoft Surface Pro ရဲ႕ ၿပိဳင္ဖက္လည္း ျဖစ္ပါတယ္။ သူ႔မွာ ယခင္မ်ိဳးဆက္ရဲ႕ Intel Core m3 အစား Qualcomm SoC ထည့္သြင္းထားပါတယ္။

Galaxy Book2 မွာ ၁၂ လက္မ 2160x1440p Super AMOLED Touchscreen ထည့္သြင္းထားပါတယ္။ Snapdragon 850 , 4GB RAM , 128GB Storage မ်ား ပါပါတယ္။ X20 Modem က Cat.18 LTE 5CA နဲ႔ 4×4 MIMO မ်ားကို ေထာက္ပံ့တဲ့ အတြက္ Gigabit အျမန္ႏႈန္းကို ရရွိေစပါတယ္။

Galaxy Book2 မွာ 8MP Rear Camera နဲ႔ 5MP Selfie Camera မ်ား ပါပါတယ္။ Dolby Atmos ပါတဲ့ စပီကာမ်ား ပါပါတယ္။ USB-C Port ၂ ခု ၊ microSD Card Slot ၁ ခု၊ 3.5mm Headset Jack ၁ ခု ၊ WiFi 802.11ac မ်ား ပါပါတယ္။ ဘက္ထရီ သက္တမ္းက နာရီ ၂၀ ျဖစ္ပါတယ္။ Windows 10 S ကို ထည့္သြင္းထားၿပီး ကီးဘုတ္နဲ႔ S Pen Stylus ပါပါတယ္။

Samsung.com , Microsoft Store နဲ႔ AT&T တို႔ကေန ေဒၚလာ ၁၀၀၀ ျဖင့္ ႏို၀င္ဘာလ ၂ ရက္ေန႔မွာ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။ ေနာက္လမွာ Sprint , Verizon , AT&T တို႔ကေန ၀ယ္ယူႏုိင္မွာ ျဖစ္ပါတယ္။

Ref : gsmarena

unicode

Snapdragon 850 နဲ့ Gigabit LTE ပါတဲ့ Samsung Galaxy Book2

Samsung က Galaxy Book2 ကို တရားဝင်ကြေညာလိုက်ပါတယ်။ သူဟာ လက်ပ်တော့ ၊ တက်ဘလက် နှစ်မျိုးသုံး ဖြစ်ပြီး ယခင်နှစ် ဖေဖော်ဝါရီလမှာ ကြေညာခဲ့တဲ့ Galaxy Book ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ သူဟာ Microsoft Surface Pro ရဲ့ ပြိုင်ဖက်လည်း ဖြစ်ပါတယ်။ သူ့မှာ ယခင်မျိုးဆက်ရဲ့ Intel Core m3 အစား Qualcomm SoC ထည့်သွင်းထားပါတယ်။

Galaxy Book2 မှာ ၁၂ လက်မ 2160x1440p Super AMOLED Touchscreen ထည့်သွင်းထားပါတယ်။ Snapdragon 850 , 4GB RAM , 128GB Storage များ ပါပါတယ်။ X20 Modem က Cat.18 LTE 5CA နဲ့ 4×4 MIMO များကို ထောက်ပံ့တဲ့ အတွက် Gigabit အမြန်နှုန်းကို ရရှိစေပါတယ်။

Galaxy Book2 မှာ 8MP Rear Camera နဲ့ 5MP Selfie Camera များ ပါပါတယ်။ Dolby Atmos ပါတဲ့ စပီကာများ ပါပါတယ်။ USB-C Port ၂ ခု ၊ microSD Card Slot ၁ ခု၊ 3.5mm Headset Jack ၁ ခု ၊ WiFi 802.11ac များ ပါပါတယ်။ ဘက်ထရီ သက်တမ်းက နာရီ ၂၀ ဖြစ်ပါတယ်။ Windows 10 S ကို ထည့်သွင်းထားပြီး ကီးဘုတ်နဲ့ S Pen Stylus ပါပါတယ်။

Samsung.com , Microsoft Store နဲ့ AT&T တို့ကနေ ဒေါ်လာ ၁၀၀၀ ဖြင့် နိုဝင်ဘာလ ၂ ရက်နေ့မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ နောက်လမှာ Sprint , Verizon , AT&T တို့ကနေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Ref : gsmarena

Leave a Reply