Dual Camera မ်ား ပါတဲ့ Lenovo S5 Pro ကို ေၾကညာ

0
1196

လီႏိုဗိုက စြမ္းရည္သင့္ S5 Pro ကို ေၾကညာလုိက္ပါတယ္။ ဓါတ္ပံု အသားေပး စမတ္ဖုန္း ျဖစ္ပါတယ္။ သူဟာ တန္ဖိုးသင့္ စမတ္ဖုန္း ျဖစ္ပါတယ္။ သတၱဳကိုယ္ထည္ျဖင့္ တည္ေဆာက္ထားပါတယ္။ သူ႔မွာ ၆.၂ လက္မ IPS LCD Full HD Display ထည့္သြင္းထားပါတယ္။ Notch လည္း ပါပါပါတယ္။ Notch မွာ 20MP Camera နဲ႔ 3D Face Scanner တပ္ဆင္ထားပါတယ္။ Scanner က မ်က္ႏွာကို အာရံုခံျခင္း အျပင္ Selfie မ်ားကို ပိုေကာင္းေအာင္ လုပ္ေပးပါတယ္။ Studio Lighting နဲ႔ အဆင့္ျမင့္ Beautification Effects မ်ားကို ဖန္တီးေပးပါတယ္။ အလင္းေရာင္ နည္းပါးတဲ့ အေျခအေနမ်ားမွာလည္း သူက စြမ္းေဆာင္ရည္ ေကာင္းပါတယ္။

အေနာက္ဘက္မွာ 12+20MP Dual Camera မ်ား ထည့္သြင္းထားပါတယ္။ 20MP ဟာ 2x Telephoto ျဖစ္ၿပီး 4K 30fps Video မ်ားကို ဖမ္းယူေပးပါတယ္။ အေရွ႕ ကင္မရာက Full HD Video မ်ားကို ရုိက္ကူးေပးပါတယ္။

Snapdragon 636 Chipset , 6GB RAM , 64 or 128GB Storage မ်ား ထည့္သြင္းထားပါတယ္။ Hybrid Dual SIM Slot ပါပါတယ္။ AI ပါတဲ့ Lenovo ZUI Software ေမာင္းႏွင္ထားပါတယ္။ Split Screen Multitasking စြမ္းရည္ ပါၿပီး App တစ္ခုအတြက္ အေကာင့္ ၄ ခု အထိ သံုးႏုိင္ပါတယ္။

3500mAh Battery နဲ႔အတူ 15W Charger ထည့္ထားေပးပါတယ္။ ေအာက္တိုဘာလ ၂၃ ရက္ေန႔မွာ ေရာင္းခ်မွာပါ။ 6/64GB ကို ၁၉၀ ေဒၚလာ သတ္မွတ္ထားပါတယ္။ 6/128GB ရဲ႕ ေစ်းႏႈန္းကို မသိရေသးပါဘူး။

unicode

Dual Camera များ ပါတဲ့ Lenovo S5 Pro ကို ကြေညာ

လီနိုဗိုက စွမ်းရည်သင့် S5 Pro ကို ကြေညာလိုက်ပါတယ်။ ဓါတ်ပုံ အသားပေး စမတ်ဖုန်း ဖြစ်ပါတယ်။ သူဟာ တန်ဖိုးသင့် စမတ်ဖုန်း ဖြစ်ပါတယ်။ သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။ သူ့မှာ ၆.၂ လက်မ IPS LCD Full HD Display ထည့်သွင်းထားပါတယ်။ Notch လည်း ပါပါပါတယ်။ Notch မှာ 20MP Camera နဲ့ 3D Face Scanner တပ်ဆင်ထားပါတယ်။ Scanner က မျက်နှာကို အာရုံခံခြင်း အပြင် Selfie များကို ပိုကောင်းအောင် လုပ်ပေးပါတယ်။ Studio Lighting နဲ့ အဆင့်မြင့် Beautification Effects များကို ဖန်တီးပေးပါတယ်။ အလင်းရောင် နည်းပါးတဲ့ အခြေအနေများမှာလည်း သူက စွမ်းဆောင်ရည် ကောင်းပါတယ်။

အနောက်ဘက်မှာ 12+20MP Dual Camera များ ထည့်သွင်းထားပါတယ်။ 20MP ဟာ 2x Telephoto ဖြစ်ပြီး 4K 30fps Video များကို ဖမ်းယူပေးပါတယ်။ အရှေ့ ကင်မရာက Full HD Video များကို ရိုက်ကူးပေးပါတယ်။

Snapdragon 636 Chipset , 6GB RAM , 64 or 128GB Storage များ ထည့်သွင်းထားပါတယ်။ Hybrid Dual SIM Slot ပါပါတယ်။ AI ပါတဲ့ Lenovo ZUI Software မောင်းနှင်ထားပါတယ်။ Split Screen Multitasking စွမ်းရည် ပါပြီး App တစ်ခုအတွက် အကောင့် ၄ ခု အထိ သုံးနိုင်ပါတယ်။

3500mAh Battery နဲ့အတူ 15W Charger ထည့်ထားပေးပါတယ်။ အောက်တိုဘာလ ၂၃ ရက်နေ့မှာ ရောင်းချမှာပါ။ 6/64GB ကို ၁၉၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ 6/128GB ရဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။

Leave a Reply