Apple က ယခုလ ၃၀ ရက္ေန႔မွာ iPad နဲ႔ Macs အသစ္မ်ားကို ေၾကညာမည္

0
835

Apple က နယူးေယာက္စီးတီးမွာ ယခုလ ၃၀ ရက္ေန႔တြင္ ထုတ္ကုန္အသစ္မ်ားကို ေၾကညာမွာ ျဖစ္ပါတယ္။ Apple က ဖိတ္စာနဲ႔ အတူ Teaser Image တစ္ခုကို ျပသလိုက္ပါတယ္။ iPhone နဲ႔ Apple Watch အသစ္မ်ားကို မၾကာခင္က ေၾကညာခဲ့တဲ့အတြက္ ယခုပြဲမွာ iPad နဲ႔ Macs အသစ္မ်ားကို ျမင္ရႏိုင္ပါတယ္။

အိုင္ပတ္ အသစ္မ်ားရဲ႕ သတင္းအခ်က္အလက္မ်ားလည္း ေပါက္ၾကားထြက္ေပၚေနပါတယ္။ သူဟာ ၂၀၁၈ ခုႏွစ္ထုတ္ မ်ိဳးဆက္သစ္ iPad Pro ျဖစ္ၿပီး သူ႔ရဲ႕ သတင္းမ်ားစြာလည္း မၾကာခဏ ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။

မေန႔ကပဲ UAG Case ထဲ ထည့္ထားတဲ့ အိုင္ပတ္ရဲ႕ ဓါတ္ပံုထြက္ေပၚလာပါတယ္။ သူ႔ရဲ႕ မ်က္ႏွာျပင္ အရြယ္အစားမွာ ၁၂.၉ လက္မ ျဖစ္ၿပီး မ်က္ႏွာျပင္ရဲ႕ ေထာင့္စြန္းမ်ားဟာ လံုး၀န္းတာကို ျမင္ရပါတယ္။ မ်က္ႏွာျပင္ ေဘးေဘာင္မ်ားဟာ အလြန္ ပါးလႊာပါတယ္။ Home Button မပါပါဘူး။ iPhone X မွာလို Gesture Navigation မ်ားကို သံုးရမွာ ျဖစ္ပါတယ္။ Control Center ကို သံုးတဲ့အခါမွာ iOS 12 Beta မွာ Gesture Navigation အသစ္မ်ား ပါလာပါတယ္။

သူ႔မွာ Face ID ပါလာမွာ ျဖစ္ၿပီး ဆန္ဆာမ်ားကို ထိပ္ဖက္မွ ေဘာင္မွာ ျမင္ရပါတယ္။ အထက္ပါ ပံုမွာ တက္ဘလက္ဟာ Landscape အေနအထား ျဖစ္ေနတဲ့အတြက္ ဆန္ဆာမ်ားကို ဘယ္ဘက္မွာ ျမင္ရမွာပါ။ ၁၀.၅ လက္မ အရြယ္ ေမာ္ဒယ္ကိုလည္း ၁၂.၉ လက္မ ေမာ္ဒယ္နဲ႔ အတူ ေၾကညာႏုိင္ပါတယ္။ ၿပီးခဲ့တဲ့ လကလည္း အရြယ္ႀကီး ေမာ္ဒယ္ရဲ႕ ဓါတ္ပံုမ်ားကို ျမင္ခဲ့ရပါတယ္။ တက္ဘလက္ ႏွစ္ခုစလံုးဟာ Apple Pencil နဲ႔ တြဲဖက္ အသံုးျပဳႏုိင္မွာ ျဖစ္ၿပီး LCD Display မ်ား ျဖစ္ပါတယ္။ A12 နဲ႔ A12X Chipset မ်ား ထည့္သြင္းထားႏုိင္ပါတယ္။ ၃.၅ မီလီမီတာ နားၾကပ္ေပါက္ေတာ့ မပါေတာ့ပါဘူး။

unicode

Apple က ယခုလ ၃၀ ရက်နေ့မှာ iPad နဲ့ Macs အသစ်များကို ကြေညာမည်

Apple က နယူးယောက်စီးတီးမှာ ယခုလ ၃၀ ရက်နေ့တွင် ထုတ်ကုန်အသစ်များကို ကြေညာမှာ ဖြစ်ပါတယ်။ Apple က ဖိတ်စာနဲ့ အတူ Teaser Image တစ်ခုကို ပြသလိုက်ပါတယ်။ iPhone နဲ့ Apple Watch အသစ်များကို မကြာခင်က ကြေညာခဲ့တဲ့အတွက် ယခုပွဲမှာ iPad နဲ့ Macs အသစ်များကို မြင်ရနိုင်ပါတယ်။

အိုင်ပတ် အသစ်များရဲ့ သတင်းအချက်အလက်များလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်ထုတ် မျိုးဆက်သစ် iPad Pro ဖြစ်ပြီး သူ့ရဲ့ သတင်းများစွာလည်း မကြာခဏ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။

မနေ့ကပဲ UAG Case ထဲ ထည့်ထားတဲ့ အိုင်ပတ်ရဲ့ ဓါတ်ပုံထွက်ပေါ်လာပါတယ်။ သူ့ရဲ့ မျက်နှာပြင် အရွယ်အစားမှာ ၁၂.၉ လက်မ ဖြစ်ပြီး မျက်နှာပြင်ရဲ့ ထောင့်စွန်းများဟာ လုံးဝန်းတာကို မြင်ရပါတယ်။ မျက်နှာပြင် ဘေးဘောင်များဟာ အလွန် ပါးလွှာပါတယ်။ Home Button မပါပါဘူး။ iPhone X မှာလို Gesture Navigation များကို သုံးရမှာ ဖြစ်ပါတယ်။ Control Center ကို သုံးတဲ့အခါမှာ iOS 12 Beta မှာ Gesture Navigation အသစ်များ ပါလာပါတယ်။

သူ့မှာ Face ID ပါလာမှာ ဖြစ်ပြီး ဆန်ဆာများကို ထိပ်ဖက်မှ ဘောင်မှာ မြင်ရပါတယ်။ အထက်ပါ ပုံမှာ တက်ဘလက်ဟာ Landscape အနေအထား ဖြစ်နေတဲ့အတွက် ဆန်ဆာများကို ဘယ်ဘက်မှာ မြင်ရမှာပါ။ ၁၀.၅ လက်မ အရွယ် မော်ဒယ်ကိုလည်း ၁၂.၉ လက်မ မော်ဒယ်နဲ့ အတူ ကြေညာနိုင်ပါတယ်။ ပြီးခဲ့တဲ့ လကလည်း အရွယ်ကြီး မော်ဒယ်ရဲ့ ဓါတ်ပုံများကို မြင်ခဲ့ရပါတယ်။ တက်ဘလက် နှစ်ခုစလုံးဟာ Apple Pencil နဲ့ တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပြီး LCD Display များ ဖြစ်ပါတယ်။ A12 နဲ့ A12X Chipset များ ထည့်သွင်းထားနိုင်ပါတယ်။ ၃.၅ မီလီမီတာ နားကြပ်ပေါက်တော့ မပါတော့ပါဘူး။

Leave a Reply