Smartphone Trending

ဆန်းသစ်မှုအပြည့်နဲ့ Huawei Y9 2019 အားဝယ်ယူရရှိနိုင်ပြီ

သေသပ်လှပတဲ့ဒီဇိုင်းပိုင်းနဲ့ Notch Display အသုံးပြုထားတဲ့ HUAWEI Y9 2019 ကို ပြည်တွင်းဈေးကွက်မှာဝယ်ယူရရှိနိုင်ပါပြီ။ ဒီ HUAWEI Y9 2019 ရဲ့ စွမ်းဆောင်ရည်ပိုင်းကောင်းမွန်မှုအတွက် Huawei ရဲ့နောက်ဆုံးထွက် Kirin 710 Chipset ကိုအသုံးပြုထားပြီး 4GB RAM နဲ့ 64GB ROM တို့ပါဝင်ပါတယ်။ Screen size အနေနဲ့ 6.5 လက်မဖြစ်ပြီး ရုပ်ထွက်အရည်အသွေးကလည်း FHD+ Resolution နဲ့ဆိုတော့ မျက်နှာပြင်ကြီးကြီး ကြိုက်ကြသူတွေအတွက် အတော်လေးအကြိုက်တွေ့စေမယ့်စမတ်ဖုန်းပါ။

ဖုန်းကိုယ်ထည်ကလည်း ကျစ်ကျစ်လစ်လစ်ရှိတဲ့အပြင် လက်ထဲကိုင်လို့ကောင်းပြီး မြဲမြံစေဖို့ ဖုန်းကိုယ်ထည်ဒီဇိုင်းပိုင်းကို 3D Arc Design နဲ့တည်ဆောက်ထားပါတယ်။ ကင်မရာပိုင်းကတော့ Features အစုံအလင်ပါဝင်ပြီး AI နည်းပညာနဲ့ 13MP+2MP ကျေဖက်ကင်မရာ၊ 16MP+2MP ရှေ့ဖက်ကင်မရာတို့ ပါဝင်ပါတယ်။ ရှေ့/နောက် စုစုပေါင်း ကင်မရာ ၄ လုံးတပ်ဆင်ပေးထားတာပါ။ ဂိမ်းသမားတွေအတွက် ဂိမ်းတွေကိုသွက်လက်စွာဆော့နိုင်ဖို့ GPU Turbo feature လည်းပါတဲ့ အပြင် အကြာကြီးအသုံးခံနိုင်မယ့် 4000mAh ဘက်ထရီနဲ့ဆိုတော့ ဘက်ထရီအားအနေနဲ့လည်းတစ်နေကုန်အသုံးခံမယ့်စမတ်ဖုန်းတစ်လုံးပါပဲ။

ဒီလို ပိုပြီးကောင်းမွန်တဲ့ အချက်အလက်တွေ၊ Features တွေအများကြီးနဲ့ HUAWEI Y9 2019 ကို၂၉၉၀၀၀ ကျပ်နဲ့ ပြည်တွင်းဈေးကွက်ထဲရှိစမတ်ဖုန်းအရောင်းဆိုင်များအားလုံးမှာဝယ်ယူရရှိနိုင်နေပြီဖြစ်ပါတယ်။

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.