Face ID ပါလာမယ့္ iPad Pro ရဲ႕ ဓါတ္ပံု ထြက္ေပၚလာ

0
1030

Apple က စက္တင္ဘာလမွာက်င္းပခဲ့တဲ့ အိုင္ဖုန္း အသစ္မ်ား မိတ္ဆက္ပြဲမွာ အိုင္ပတ္ အသစ္မ်ားကို မျပသခဲ့ပါဘူး။ အခုေတာ့ အိုင္ပတ္ အသစ္မ်ားကို ကုမၸဏီက ေၾကညာေတာ့မယ္လို႔ ထင္ရပါတယ္။ သူဟာ ၂၀၁၈ ခုႏွစ္ထုတ္ မ်ိဳးဆက္သစ္ iPad Pro ျဖစ္ၿပီး သူ႔ရဲ႕ သတင္းမ်ားစြာလည္း မၾကာခဏ ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။

အခုေတာ့ UAG Case ထဲ ထည့္ထားတဲ့ အိုင္ပတ္ရဲ႕ ဓါတ္ပံုထြက္ေပၚလာပါတယ္။ သူ႔ရဲ႕ မ်က္ႏွာျပင္ အရြယ္အစားမွာ ၁၂.၉ လက္မ ျဖစ္ၿပီး မ်က္ႏွာျပင္ရဲ႕ ေထာင့္စြန္းမ်ားဟာ လံုး၀န္းတာကို ျမင္ရပါတယ္။ မ်က္ႏွာျပင္ ေဘးေဘာင္မ်ားဟာ အလြန္ ပါးလႊာပါတယ္။ Home Button မပါပါဘူး။ iPhone X မွာလို Gesture Navigation မ်ားကို သံုးရမွာ ျဖစ္ပါတယ္။ Control Center ကို သံုးတဲ့အခါမွာ iOS 12 Beta မွာ Gesture Navigation အသစ္မ်ား ပါလာပါတယ္။

သူ႔မွာ Face ID ပါလာမွာ ျဖစ္ၿပီး ဆန္ဆာမ်ားကို ထိပ္ဖက္မွ ေဘာင္မွာ ျမင္ရပါတယ္။ အထက္ပါ ပံုမွာ တက္ဘလက္ဟာ Landscape အေနအထား ျဖစ္ေနတဲ့အတြက္ ဆန္ဆာမ်ားကို ဘယ္ဘက္မွာ ျမင္ရမွာပါ။ အိုင္ပတ္မွာ Face ID ထည့္သြင္းျခင္းဟာ လံုျခံဳေရးအတြက္ သာမက Animoji , Memoji မ်ားကို အသံုးျပဳႏုိင္ေအာင္ ျဖစ္ပါတယ္။ အိုင္ပတ္ကို မိသားစု၀င္မ်ား မွ်ေ၀ အသံုးျပဳၾကတဲ့အတြက္ Animoji , Memoji မ်ားကို သံုးၾကရင္ ေပ်ာ္စရာ ေကာင္းမွာပါ။

၁၀.၅ လက္မ အရြယ္ ေမာ္ဒယ္ကိုလည္း ၁၂.၉ လက္မ ေမာ္ဒယ္နဲ႔ အတူ ေၾကညာႏုိင္ပါတယ္။ ၿပီးခဲ့တဲ့ လကလည္း အရြယ္ႀကီး ေမာ္ဒယ္ရဲ႕ ဓါတ္ပံုမ်ားကို ျမင္ခဲ့ရပါတယ္။ တက္ဘလက္ ႏွစ္ခုစလံုးဟာ Apple Pencil နဲ႔ တြဲဖက္ အသံုးျပဳႏုိင္မွာ ျဖစ္ၿပီး LCD Display မ်ား ျဖစ္ပါတယ္။ A12 နဲ႔ A12X Chipset မ်ား ထည့္သြင္းထားႏုိင္ပါတယ္။ ၃.၅ မီလီမီတာ နားၾကပ္ေပါက္ေတာ့ မပါေတာ့ပါဘူး။

unicode

Face ID ပါလာမယ့် iPad Pro ရဲ့ ဓါတ်ပုံ ထွက်ပေါ်လာ

Apple က စက်တင်ဘာလမှာကျင်းပခဲ့တဲ့ အိုင်ဖုန်း အသစ်များ မိတ်ဆက်ပွဲမှာ အိုင်ပတ် အသစ်များကို မပြသခဲ့ပါဘူး။ အခုတော့ အိုင်ပတ် အသစ်များကို ကုမ္ပဏီက ကြေညာတော့မယ်လို့ ထင်ရပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်ထုတ် မျိုးဆက်သစ် iPad Pro ဖြစ်ပြီး သူ့ရဲ့ သတင်းများစွာလည်း မကြာခဏ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။

အခုတော့ UAG Case ထဲ ထည့်ထားတဲ့ အိုင်ပတ်ရဲ့ ဓါတ်ပုံထွက်ပေါ်လာပါတယ်။ သူ့ရဲ့ မျက်နှာပြင် အရွယ်အစားမှာ ၁၂.၉ လက်မ ဖြစ်ပြီး မျက်နှာပြင်ရဲ့ ထောင့်စွန်းများဟာ လုံးဝန်းတာကို မြင်ရပါတယ်။ မျက်နှာပြင် ဘေးဘောင်များဟာ အလွန် ပါးလွှာပါတယ်။ Home Button မပါပါဘူး။ iPhone X မှာလို Gesture Navigation များကို သုံးရမှာ ဖြစ်ပါတယ်။ Control Center ကို သုံးတဲ့အခါမှာ iOS 12 Beta မှာ Gesture Navigation အသစ်များ ပါလာပါတယ်။

သူ့မှာ Face ID ပါလာမှာ ဖြစ်ပြီး ဆန်ဆာများကို ထိပ်ဖက်မှ ဘောင်မှာ မြင်ရပါတယ်။ အထက်ပါ ပုံမှာ တက်ဘလက်ဟာ Landscape အနေအထား ဖြစ်နေတဲ့အတွက် ဆန်ဆာများကို ဘယ်ဘက်မှာ မြင်ရမှာပါ။ အိုင်ပတ်မှာ Face ID ထည့်သွင်းခြင်းဟာ လုံခြုံရေးအတွက် သာမက Animoji , Memoji များကို အသုံးပြုနိုင်အောင် ဖြစ်ပါတယ်။ အိုင်ပတ်ကို မိသားစုဝင်များ မျှေ၀ အသုံးပြုကြတဲ့အတွက် Animoji , Memoji များကို သုံးကြရင် ပျော်စရာ ကောင်းမှာပါ။

၁၀.၅ လက်မ အရွယ် မော်ဒယ်ကိုလည်း ၁၂.၉ လက်မ မော်ဒယ်နဲ့ အတူ ကြေညာနိုင်ပါတယ်။ ပြီးခဲ့တဲ့ လကလည်း အရွယ်ကြီး မော်ဒယ်ရဲ့ ဓါတ်ပုံများကို မြင်ခဲ့ရပါတယ်။ တက်ဘလက် နှစ်ခုစလုံးဟာ Apple Pencil နဲ့ တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပြီး LCD Display များ ဖြစ်ပါတယ်။ A12 နဲ့ A12X Chipset များ ထည့်သွင်းထားနိုင်ပါတယ်။ ၃.၅ မီလီမီတာ နားကြပ်ပေါက်တော့ မပါတော့ပါဘူး။

Leave a Reply