Gamer ေတြအတြက္ အထူး ဖန္တီးထားတဲ့ Huawei Mate 20 X

0
755

Huawei က ဂိမ္း ကစားဖို႔ အထူး ဖန္တီးထားတဲ့ Mate 20 X ကို ေၾကညာလိုက္ပါတယ္။ သူဟာ ေစ်းကြက္ထဲမွာေတာ့ အရြယ္ အႀကီးဆံုး Gaming Phone ျဖစ္လာပါတယ္။ သူ႔မွာ ၇.၂ လက္မ 1080x2244p OLED Display ထည့္သြင္းထားပါတယ္။ Teardrop Notch ပါပါတယ္။

သူ႔အတြက္ M-Pen ကိုလည္း ဖန္တီးေပးထားၿပီး မ်က္ႏွာျပင္ဟာ ဖိအား လယ္ဗယ္ ၄၀၉၆ အထိ အာရံုခံႏုိင္ပါတယ္။ Kirin 980 Chipset မွာစြမ္းရည္ျမင့္ Mali-G76 GPU ပါၿပီး G72 ထက္ ၅၀ ရာခုိင္ႏႈန္း ပိုျမန္လာပါတယ္။ Huawei ရဲ႕ GPU Turbo 2.0 နည္းပညာက ဂိမ္းကစားတဲ့ အခါမွာ ေခ်ာမြတ္ လွ်င္ျမန္ေစပါတယ္။

Huawei ရဲ႕ အေအးေပး နည္းပညာ ျဖစ္တဲ့ Supercool ထည့္သြင္းထားပါတယ္။ မာလ္တီမီဒီယာမ်ား ခံစားဖို႔အတြက္ Dolby Atmos Stereo Speakers မ်ား ပါပါတယ္။ Mate 20 Series မ်ားထဲမွာ အႀကီးမားဆံုး ျဖစ္တဲ့ 5000mAh Battery ပါပါတယ္။ သူ႔မွာ Mate 20 Pro ရဲ႕ ကင္မရာမ်ား တပ္ဆင္ထားပါတယ္။ အေနာက္ကင္မရာ သံုးလံုးမွာ 40MP Quad Bayer Sensor , 3x Optical Zoom 8MP Telephoto Camera နဲ႔ 20MP Ultra-wide Angle Camera မ်ား ျဖစ္ပါတယ္။

ေအာက္တိုဘာလ ၂၆ ရက္ေန႔မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ 6GB/128GB Model ၁ မ်ိဳးသာ ထုတ္လုပ္ထားၿပီး ယူရို ၉၀၀ သတ္မွတ္ထားပါတယ္။

unicode

Gamer တွေအတွက် အထူး ဖန်တီးထားတဲ့ Huawei Mate 20 X

Huawei က ဂိမ်း ကစားဖို့ အထူး ဖန်တီးထားတဲ့ Mate 20 X ကို ကြေညာလိုက်ပါတယ်။ သူဟာ ဈေးကွက်ထဲမှာတော့ အရွယ် အကြီးဆုံး Gaming Phone ဖြစ်လာပါတယ်။ သူ့မှာ ၇.၂ လက်မ 1080x2244p OLED Display ထည့်သွင်းထားပါတယ်။ Teardrop Notch ပါပါတယ်။

သူ့အတွက် M-Pen ကိုလည်း ဖန်တီးပေးထားပြီး မျက်နှာပြင်ဟာ ဖိအား လယ်ဗယ် ၄၀၉၆ အထိ အာရုံခံနိုင်ပါတယ်။ Kirin 980 Chipset မှာစွမ်းရည်မြင့် Mali-G76 GPU ပါပြီး G72 ထက် ၅၀ ရာခိုင်နှုန်း ပိုမြန်လာပါတယ်။ Huawei ရဲ့ GPU Turbo 2.0 နည်းပညာက ဂိမ်းကစားတဲ့ အခါမှာ ချောမွတ် လျှင်မြန်စေပါတယ်။

Huawei ရဲ့ အအေးပေး နည်းပညာ ဖြစ်တဲ့ Supercool ထည့်သွင်းထားပါတယ်။ မာလ်တီမီဒီယာများ ခံစားဖို့အတွက် Dolby Atmos Stereo Speakers များ ပါပါတယ်။ Mate 20 Series များထဲမှာ အကြီးမားဆုံး ဖြစ်တဲ့ 5000mAh Battery ပါပါတယ်။ သူ့မှာ Mate 20 Pro ရဲ့ ကင်မရာများ တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာ သုံးလုံးမှာ 40MP Quad Bayer Sensor , 3x Optical Zoom 8MP Telephoto Camera နဲ့ 20MP Ultra-wide Angle Camera များ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။ 6GB/128GB Model ၁ မျိုးသာ ထုတ်လုပ်ထားပြီး ယူရို ၉၀၀ သတ်မှတ်ထားပါတယ်။

Leave a Reply