Posted on Leave a comment

Facebook က Messenger မွာ ‘Unsend’ ဆိုတဲ့ feature ကိုစမ္းသပ္ေနပါျပီ

Zawgyi version

Facebook ဆိုတဲ့ app က တစ္ကမၻာလံုးမွာ အသံုးအမ်ားဆံုး social app တစ္ခုဆိုလဲ မမွားပါဘူး။ သူနဲ႔ အတူ Facebook Messenger ဆိုတဲ့ app ကိုလဲ အသံုးမ်ားၾကတာပဲ ျဖစ္ပါတယ္။ အဲ့လိုအသံုးမ်ားတဲ့အတြက္ သူတို႔ဘက္ကလဲ သံုးစြဲသူေတြအတြက္ အစစအရာရာ အဆင္ေျပေအာင္ စဥ္းစားေပးေနတာပဲ ျဖစ္ပါတယ္။ Messenger ကိုသံုးေနတဲ့အခ်ိန္မွာ Message ကိုမွားပို႔မိတယ္ဆိုတာလဲ လူတိုင္းနီးပါး ျဖစ္တတ္ၾကတဲ့ ကိစၥတစ္ခုပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လဲ Facebook ကအဲ့ကိစၥကို ေျဖရွင္းဖို႔ ၾကိဳးစားေနခဲ့တာပါ။

Messenger မွာ မၾကာခင္ထည့္သြင္းေတာ့မယ့္ Unsend ဆိုတဲ့ feature က ကိုယ့္ဘက္က Message ကိုမွားပို႔ိမိတဲ့အခ်ိန္မွာ တစ္ဖက္လူ မျမင္ရေအာင္ ဖ်က္ပစ္လို႔ရတဲ့ သေဘာပဲ ျဖစ္ပါတယ္။ အဲ့ဒါက ေတာ္ေတာ္ကို အဆင္ေျပပါတယ္။ ခါတုိင္းဆိုရင္ ကိုယ့္ဘက္က အေၾကာင္းတစ္ခုခုေၾကာင့္ Message မွားပုိ႔မိသြားလု႔ိ ဖ်က္ပစ္မယ္ဆုိရင္ေတာင္ ကိုယ့္ဘက္က ဖ်က္လိုက္ေပမယ့္ တစ္ျခားသူဘက္မွာ ပ်က္သြားတာမိ်ဳးမဟုတ္ေတာ့ အဆင္မေျပလွပါဘူး။

ခုဟာကေတာ့ ကိုယ့္ဘက္က မွားပို႔မိတဲ့အခါမ်ိဳးရွိရင္ ဒီဘက္က ဖ်က္ပစ္လိုက္တာနဲ႔ တစ္ျခားသူဘက္မွာပါ ပ်က္သြားမွာ ျဖစ္တဲ့အတြက္ေၾကာင့္ မ်က္နွာပူစရာ ကိစၥမ်ိဳးေတြတို႔ အမွားလုပ္မိလို႔ ေတာင္းပန္စရာကိစၥမ်ိဳးေတြေတာ့ ၾကံဳေတြ႔ရေတာ့မွာ မဟုတ္ပါဘူး။ အဲ့ဒါေၾကာင့္ ခု အသစ္ထည့္မယ့္ feature ကေတာ့ Message ေတြကို မိကို္ယ့္စိတ္ၾကိဳက္ထိန္းခ်ဳပ္ခြင့္ ရနုိ္င္ေတာ့မွာပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ Message ေတြကို မွားပို႔မိတဲ့အခ်ိန္မွာ ျပန္ဖ်က္ဖို႔ကေတာ့ အခ်ိန္ကန္႔သတ္ထားတာပဲ ျဖစ္ပါတယ္။ ခု feature ကိုေတာ့ Facebook ကစမ္းသပ္ေနဆဲျဖစ္တာမို႔ ဘယ္အခ်ိန္မွာ လူတုိင္းအတြက္ တရား၀င္ အသံုးျပဳလို႔ရျပီဆိုတာေတာ့ မေျပာေသးပါဘူး။

Unicode version

Facebook က Messenger ‘Unsend’ ဆိုတဲ့ feature ကိုစမ်းသပ်နေပါပြီ

Facebook ဆိုတဲ့ app က တစ်ကမ္ဘာလုံးမှာ အသုံးအများဆုံး social app တစ်ခုဆိုလဲ မမှားပါဘူး။ သူနဲ့ အတူ Facebook Messenger ဆိုတဲ့ app ကိုလဲ အသုံးများကြတာပဲ ဖြစ်ပါတယ်။ အဲ့လိုအသုံးများတဲ့အတွက် သူတို့ဘက်ကလဲ သုံးစွဲသူတွေအတွက် အစစအရာရာ အဆင်ပြေအောင် စဉ်းစားပေးနေတာပဲ ဖြစ်ပါတယ်။ Messenger ကိုသုံးနေတဲ့အချိန်မှာ Message ကိုမှားပို့မိတယ်ဆိုတာလဲ လူတိုင်းနီးပါး ဖြစ်တတ်ကြတဲ့ ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လဲ Facebook ကအဲ့ကိစ္စကို ဖြေရှင်းဖို့ ကြိုးစားနေခဲ့တာပါ။
Messenger မှာ မကြာခင်ထည့်သွင်းတော့မယ့် Unsend ဆိုတဲ့ feature က ကိုယ့်ဘက်က Message ကိုမှားပို့ိမိတဲ့အချိန်မှာ တစ်ဖက်လူ မမြင်ရအောင် ဖျက်ပစ်လို့ရတဲ့ သဘောပဲ ဖြစ်ပါတယ်။ အဲ့ဒါက တော်တော်ကို အဆင်ပြေပါတယ်။ ခါတိုင်းဆိုရင် ကိုယ့်ဘက်က အကြောင်းတစ်ခုခုကြောင့် Message မှားပို့မိသွားလု့ိ ဖျက်ပစ်မယ်ဆိုရင်တောင် ကိုယ့်ဘက်က ဖျက်လိုက်ပေမယ့် တစ်ခြားသူဘက်မှာ ပျက်သွားတာမျိုးမဟုတ်တော့ အဆင်မပြေလှပါဘူး။
ခုဟာကတော့ ကိုယ့်ဘက်က မှားပို့မိတဲ့အခါမျိုးရှိရင် ဒီဘက်က ဖျက်ပစ်လိုက်တာနဲ့ တစ်ခြားသူဘက်မှာပါ ပျက်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် မျက်နှာပူစရာ ကိစ္စမျိုးတွေတို့ အမှားလုပ်မိလို့ တောင်းပန်စရာကိစ္စမျိုးတွေတော့ ကြုံတွေ့ရတော့မှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ခု အသစ်ထည့်မယ့် feature ကတော့ Message တွေကို မိကိုယ့်စိတ်ကြိုက်ထိန်းချုပ်ခွင့် ရနိုင်တော့မှာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် Message တွေကို မှားပို့မိတဲ့အချိန်မှာ ပြန်ဖျက်ဖို့ကတော့ အချိန်ကန့်သတ်ထားတာပဲ ဖြစ်ပါတယ်။ ခု feature ကိုတော့ Facebook ကစမ်းသပ်နေဆဲဖြစ်တာမို့ ဘယ်အချိန်မှာ လူတိုင်းအတွက် တရားဝင် အသုံးပြုလို့ရပြီဆိုတာတော့ မပြောသေးပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.