Asus က တန္ဖိုးနည္း ဖုန္း ၂ လံုးကို ေၾကညာ

0
1132

Asus က အိႏၵိယမွာ တန္ဖုိုးနည္း ဖုန္း ၂ လံုးကို ေၾကညာလိုက္ပါတယ္။ ZenFone Lite L1 နဲ႔ ZenFone Max M1 တို႔ ျဖစ္ပါတယ္။ Lite L1 ကို ရူပီး ၅၉၉၉ ( ၈၂ ေဒၚလာ) နဲ႔ Max M1 ကို ရူပီး ၇၄၉၉ ( ၁၀၂ ေဒၚလာ) သတ္မွတ္ထားပါတယ္။ ဒီေစ်းမ်ားဟာ အေစာပိုင္း ပရိုမိုးရွင္းေစ်း ျဖစ္ၿပီး ေနာက္ပိုင္းမွာ ၉၅ နဲ႔ ၁၂၂ ေဒၚလာ အသီးသီးျဖင့္ ေရာင္းခ်မွာပါ။

Lite L1 မွာ ၅.၄၅ လက္မ 1440x720p Display , Snapdragon 430 , 2GB RAM , 16GB Storage , 3000mAh Battery , Android 8.0 မ်ား ပါပါတယ္။ အေနာက္ဘက္မွာ 13MP Camera ပါၿပီး PDAF ပါပါတယ္။ အေရွ႕ဘက္မွာ 5MP Camera နဲ႔အတူ Flash ထည့္ေပးထားပါတယ္။ ပလတ္စတစ္ ကိုယ္ထည္ျဖင့္ တည္ေဆာက္ထားပါတယ္။

Max M1 ရဲ႕ Display , Chipset , Rear Camera မ်ားက Lite L1 နဲ႔ တူပါတယ္။ Max M1 မွာ 8MP Front Camera , 3GB RAM , 32GB Storage , 4000mAh Battery , Fingerprint Sensor မ်ား ထည့္သြင္းထားပါတယ္။

ဖုန္း ၂ လံုးစလံုးမွာ Asus ZenUI 5 ထည့္သြင္းထားၿပီး Facebook, Messenger, Instagram App မ်ားကို ႀကိဳတင္ထည့္သြင္းထားပါတယ္။ Flipkart ကေနသာ ေရာင္းခ်ေပးမွာ ျဖစ္ၿပီး ေရာင္းမယ့္ ေန႔ကို မသိရေသးပါဘူး။

unicode

Asus က တန်ဖိုးနည်း ဖုန်း ၂ လုံးကို ကြေညာ

Asus က အိန္ဒိယမှာ တန်ဖိုးနည်း ဖုန်း ၂ လုံးကို ကြေညာလိုက်ပါတယ်။ ZenFone Lite L1 နဲ့ ZenFone Max M1 တို့ ဖြစ်ပါတယ်။ Lite L1 ကို ရူပီး ၅၉၉၉ ( ၈၂ ဒေါ်လာ) နဲ့ Max M1 ကို ရူပီး ၇၄၉၉ ( ၁၀၂ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ ဒီဈေးများဟာ အစောပိုင်း ပရိုမိုးရှင်းဈေး ဖြစ်ပြီး နောက်ပိုင်းမှာ ၉၅ နဲ့ ၁၂၂ ဒေါ်လာ အသီးသီးဖြင့် ရောင်းချမှာပါ။

Lite L1 မှာ ၅.၄၅ လက်မ 1440x720p Display , Snapdragon 430 , 2GB RAM , 16GB Storage , 3000mAh Battery , Android 8.0 များ ပါပါတယ်။ အနောက်ဘက်မှာ 13MP Camera ပါပြီး PDAF ပါပါတယ်။ အရှေ့ဘက်မှာ 5MP Camera နဲ့အတူ Flash ထည့်ပေးထားပါတယ်။ ပလတ်စတစ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။

Max M1 ရဲ့ Display , Chipset , Rear Camera များက Lite L1 နဲ့ တူပါတယ်။ Max M1 မှာ 8MP Front Camera , 3GB RAM , 32GB Storage , 4000mAh Battery , Fingerprint Sensor များ ထည့်သွင်းထားပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ Asus ZenUI 5 ထည့်သွင်းထားပြီး Facebook, Messenger, Instagram App များကို ကြိုတင်ထည့်သွင်းထားပါတယ်။ Flipkart ကနေသာ ရောင်းချပေးမှာ ဖြစ်ပြီး ရောင်းမယ့် နေ့ကို မသိရသေးပါဘူး။

Leave a Reply