ယခုလ ၂၅ ရက္ေန႔မွာ Xiaomi Mi Mix 3 ကို ေၾကညာမွာ ေသခ်ာၿပီ

0
821

ေရွာင္မီဟာ Mi Mix 3 ကို ယခုလ ၁၅ ရက္ေန႔မွာ ေၾကညာမယ္လို႔ လြန္ခဲ့တဲ့ ၂ ပတ္က သတင္းထြက္ခဲ့ပါတယ္။ အခုေတာ့ ေရွာင္မီက သူ႔ကို ယခုလ ၂၅ ရက္ေန႔မွာ ေၾကညာမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ၀ီဘိုမွ Teaser အရ သူ႔မွာ Sliding Camera ပါလာမွာ ေသခ်ာသေလာက္ ရွိပါတယ္။

Xiaomi Mi Mix 3 ရဲ႕ Screen-to-body Ratio ဟာ ၁၀၀ ရာခုိင္ႏႈန္းေတာင္ ရွိမယ္လို႔ သတင္းထြက္ေနပါတယ္။ သူ႔မွာ 10GB RAM ထည့္သြင္းထားၿပီး 5G ဆက္သြယ္မႈကိုလည္း ေထာက္ပံ့မယ္လို႔ ေရွာင္မီက မေန႔ကပဲ အတည္ျပဳလိုက္ပါတယ္။ Xiaomi Mi Mix 3 မွာ OLED Display ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ အေရွ႕ဘက္မွာ ကင္မရာ ႏွစ္လံုး ထည့္သြင္းထားၿပီး IR Face Unlock ပါလာမယ္လို႔ ထင္ရပါတယ္။

ေရွာင္မီရဲ႕ ဥကၠဌ ျဖစ္သူ လင္ဘင္က တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ Pop-up Camera နဲ႔ Bezel-less Display ပါတဲ့ Mi Mix 3 ရဲ႕ ဓါတ္ပံုကို ျပသခဲ့ဖူးပါတယ္။ ယခင္ Mi Mix မ်ားမွာ စကရင္ရဲ႕ ေအာက္မွာ ကင္မရာကို ထည့္သြင္းထားတာ ျဖစ္ပါတယ္။ Mi Mix 3 မွာေတာ့ အထက္ပိုင္း စကရင္ရဲ႕ အေနာက္ဘက္မွာ ကင္မရာကို ျမွပ္ႏွံထားမွာ ျဖစ္ပါတယ္။ ရိုက္မယ့္ အခ်ိန္က်မွသာ ကင္မရာက အထက္ကို တိုးထြက္လာမွာ ျဖစ္ပါတယ္။

သူ႔ရဲ႕ အျခား Specifications မ်ားကိုေတာ့ မသိရေသးပါဘူး။ သူ႔မွာ Xiao AI အမည္ရ ေရွာင္မီရဲ႕ ဒစ္ဂ်စ္တယ္ကိုယ္ေရးလက္ေထာက္ကို ဆင့္ေခၚဖို႔ AI Button တစ္ခု ပါလာမယ္လို႔ သိရပါတယ္။ Xiao AI ကို Mi Mix 2S မွာ စတင္ ထည့္သြင္းေပးခဲ့တာ ျဖစ္ၿပီး အခုေတာ့ Xiaomi က AI Assistant အတြက္ ပထမဆံုး Hardware Button ကို ထည့္သြင္းေပးေတာ့မွာ ျဖစ္ပါတယ္။

unicode

ယခုလ ၂၅ ရက်နေ့မှာ Xiaomi Mi Mix 3 ကို ကြေညာမှာ သေချာပြီ

ရှောင်မီဟာ Mi Mix 3 ကို ယခုလ ၁၅ ရက်နေ့မှာ ကြေညာမယ်လို့ လွန်ခဲ့တဲ့ ၂ ပတ်က သတင်းထွက်ခဲ့ပါတယ်။ အခုတော့ ရှောင်မီက သူ့ကို ယခုလ ၂၅ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဝီဘိုမှ Teaser အရ သူ့မှာ Sliding Camera ပါလာမှာ သေချာသလောက် ရှိပါတယ်။

Xiaomi Mi Mix 3 ရဲ့ Screen-to-body Ratio ဟာ ၁၀၀ ရာခိုင်နှုန်းတောင် ရှိမယ်လို့ သတင်းထွက်နေပါတယ်။ သူ့မှာ 10GB RAM ထည့်သွင်းထားပြီး 5G ဆက်သွယ်မှုကိုလည်း ထောက်ပံ့မယ်လို့ ရှောင်မီက မနေ့ကပဲ အတည်ပြုလိုက်ပါတယ်။ Xiaomi Mi Mix 3 မှာ OLED Display ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ အရှေ့ဘက်မှာ ကင်မရာ နှစ်လုံး ထည့်သွင်းထားပြီး IR Face Unlock ပါလာမယ်လို့ ထင်ရပါတယ်။

ရှောင်မီရဲ့ ဥက္ကဌ ဖြစ်သူ လင်ဘင်က တရုတ် လူမှုကွန်ရက် ဝီဘိုမှာ Pop-up Camera နဲ့ Bezel-less Display ပါတဲ့ Mi Mix 3 ရဲ့ ဓါတ်ပုံကို ပြသခဲ့ဖူးပါတယ်။ ယခင် Mi Mix များမှာ စကရင်ရဲ့ အောက်မှာ ကင်မရာကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ Mi Mix 3 မှာတော့ အထက်ပိုင်း စကရင်ရဲ့ အနောက်ဘက်မှာ ကင်မရာကို မြှပ်နှံထားမှာ ဖြစ်ပါတယ်။ ရိုက်မယ့် အချိန်ကျမှသာ ကင်မရာက အထက်ကို တိုးထွက်လာမှာ ဖြစ်ပါတယ်။

သူ့ရဲ့ အခြား Specifications များကိုတော့ မသိရသေးပါဘူး။ သူ့မှာ Xiao AI အမည်ရ ရှောင်မီရဲ့ ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက်ကို ဆင့်ခေါ်ဖို့ AI Button တစ်ခု ပါလာမယ်လို့ သိရပါတယ်။ Xiao AI ကို Mi Mix 2S မှာ စတင် ထည့်သွင်းပေးခဲ့တာ ဖြစ်ပြီး အခုတော့ Xiaomi က AI Assistant အတွက် ပထမဆုံး Hardware Button ကို ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။

Leave a Reply