Xiaomi Black Shark 2 ကို ၂၃ ရက္ေန႔မွာ ေၾကညာေတာ့မလား ?

0
574

ေရွာင္မီရဲ႕ Black Shark 2 အမည္ရ Gaming Smartphone ကို ယခုလ ၂၃ ရက္ေန႔မွာ ေၾကညာေတာ့မယ္လို႔ ထင္ရပါတယ္။ ေပါက္ၾကားထြက္ေပၚလာတဲ့ ပိုစတာမွာ ေန႔ရက္ကို ျပသထားပါတယ္။ တရုတ္ႏုိင္ငံမွာ ေၾကညာႏုိင္ပါတယ္။

TENAA မွ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားကို ၿပီးခဲ့တဲ့ လက သိခဲ့ရပါတယ္။ လက္ရွိၾကားေနရတဲ့ သတင္းေတြအရေတာ့ screen size မွာ ပထမမ်ိဳးဆက္မွာ သံုးခဲ့တဲ့ 5.99 လက္မနဲ႔ တူႏိုင္ၿပီး၊ ဘက္ထရီပိုင္းမွာလည္း 4,000 mAh စြမ္းအားကိုသာ ျပန္သုံးလာမယ္လို႔ သိရပါတယ္။ သို႔ေပမယ့္ ပိုရွည္ၿပီး၊ ပိုပါးလာႏုိင္ပါတယ္။

ပထမမ်ိဳးဆက္ Black Shark စမတ္ဖုန္းထဲမွာ integrated liquid cooling system လည္းပါဝင္ၿပီး အခ်ိန္အၾကာႀကီးဂိမ္းေဆာ့ေနစဥ္ဖုန္းအပူလြန္ကဲျခင္းမျဖစ္ေအာင္ CPU temperature ကို 8 degree C ခန္႔ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ေနာက္ဆုံးေပၚ ပရိုဆက္ဆာျဖစ္တဲ့ Snapdragon 845 နဲ႔အတူ ဘက္ထရီကေတာ့ 4,000 mAh စြမ္းအားျဖစ္ၿပီး new ISP နဲ႔ဂိမ္းစြမ္းေဆာင္ရည္ အျပည့္ကစားႏုိင္မွာပါ။

မ်က္ႏွာျပင္ 5.99” 18:9 IPS LCD နဲ႔ Full HD+ resolution အျပည့္ရရွိမွာျဖစ္ၿပီး 97% DCI-P3 လႊမ္းၿခံဳမႈနဲ႔ အေရွ႕ဘက္မ်က္ႏွာျပင္ကိုေတြ႕ရမွာပါ။ Snapdragon 845 chip မွာ Kryo 385 cores နဲ႔ Adreno 630 GPU ေပါင္းစပ္ေပး ထားပါတယ္။ CPU အပူခ်ိန္ကိုလည္း 8° C ထိန္းညိွေပးမွာပါ။

ဒါေၾကာင့္ဂိမ္းကစားရင္းနဲ႔ အပူလြန္ကဲတာမ်ိဳးေတြကို ထိန္းေပးပါတယ္။ microSD slot ထပ္တိုးလို႔ရႏိုင္မွာ မဟုတ္ေပမယ့္ အခ်က္အလက္သိုမွီးအပိုင္းမွာ ဗားရွင္း၂မ်ိဳးျဖစ္ၿပီး 6 GB RAM + 64 GB internal storage (သုိ႔) 8 GB RAM + 128 GB storage ဆိုၿပီး ထုတ္ထားပါတယ္။

unicode

Xiaomi Black Shark 2 ကို ၂၃ ရက်နေ့မှာ ကြေညာတော့မလား ?

ရှောင်မီရဲ့ Black Shark 2 အမည်ရ Gaming Smartphone ကို ယခုလ ၂၃ ရက်နေ့မှာ ကြေညာတော့မယ်လို့ ထင်ရပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့ ပိုစတာမှာ နေ့ရက်ကို ပြသထားပါတယ်။ တရုတ်နိုင်ငံမှာ ကြေညာနိုင်ပါတယ်။

TENAA မှ သူ့ရဲ့ သတင်းအချက်အလက်များကို ပြီးခဲ့တဲ့ လက သိခဲ့ရပါတယ်။ လက်ရှိကြားနေရတဲ့ သတင်းတွေအရတော့ screen size မှာ ပထမမျိုးဆက်မှာ သုံးခဲ့တဲ့ 5.99 လက်မနဲ့ တူနိုင်ပြီး၊ ဘက်ထရီပိုင်းမှာလည်း 4,000 mAh စွမ်းအားကိုသာ ပြန်သုံးလာမယ်လို့ သိရပါတယ်။ သို့ပေမယ့် ပိုရှည်ပြီး၊ ပိုပါးလာနိုင်ပါတယ်။

ပထမမျိုးဆက် Black Shark စမတ်ဖုန်းထဲမှာ integrated liquid cooling system လည်းပါဝင်ပြီး အချိန်အကြာကြီးဂိမ်းဆော့နေစဉ်ဖုန်းအပူလွန်ကဲခြင်းမဖြစ်အောင် CPU temperature ကို 8 degree C ခန့် လျှော့ချပေးနိုင်ပါတယ်။ နောက်ဆုံးပေါ် ပရိုဆက်ဆာဖြစ်တဲ့ Snapdragon 845 နဲ့အတူ ဘက်ထရီကတော့ 4,000 mAh စွမ်းအားဖြစ်ပြီး new ISP နဲ့ဂိမ်းစွမ်းဆောင်ရည် အပြည့်ကစားနိုင်မှာပါ။

မျက်နှာပြင် 5.99” 18:9 IPS LCD နဲ့ Full HD+ resolution အပြည့်ရရှိမှာဖြစ်ပြီး 97% DCI-P3 လွှမ်းခြုံမှုနဲ့ အရှေ့ဘက်မျက်နှာပြင်ကိုတွေ့ရမှာပါ။ Snapdragon 845 chip မှာ Kryo 385 cores နဲ့ Adreno 630 GPU ပေါင်းစပ်ပေး ထားပါတယ်။ CPU အပူချိန်ကိုလည်း 8° C ထိန်းညှိပေးမှာပါ။

ဒါကြောင့်ဂိမ်းကစားရင်းနဲ့ အပူလွန်ကဲတာမျိုးတွေကို ထိန်းပေးပါတယ်။ microSD slot ထပ်တိုးလို့ရနိုင်မှာ မဟုတ်ပေမယ့် အချက်အလက်သိုမှီးအပိုင်းမှာ ဗားရှင်း၂မျိုးဖြစ်ပြီး 6 GB RAM + 64 GB internal storage (သို့) 8 GB RAM + 128 GB storage ဆိုပြီး ထုတ်ထားပါတယ်။

Leave a Reply