
0
1013





unicode

အနောက် ကင်မရာ ၃ လုံးပါတဲ့ Huawei Mate 20 Pro

Huawei က Mate 20 နဲ့ Mate 20 Pro တို့ကို ကြေညာလိုက်ပါတယ်။ Mate 20 Pro မှာ Mate 20 ထက် ပိုကောင်းတဲ့ မျက်နှာပြင်နဲ့ ကင်မရာများ ပါပါတယ်။ သူ့မှာ ၆.၃၉ လက်မ Curved OLED Display ထည့်သွင်းထားပြီး HDR ပါပါတယ်။ အရှေ့နဲ့ အနောက်ကို ဖန်ဖြင့် ဖုံးအုပ်ထားပြီး ဘေးဘက်ကို အလူမီနီယမ်ဖြင့် တည်ဆောက်ထားပါတယ်။

အနောက် ကင်မရာ ၃ လုံးမှာ 40MP Quad Bayer Sensor , 20MP Ultra-wide Lens နဲ့ 8MP Telephoto Camera များ ဖြစ်ပါတယ်။ AI Cinema Mode က အရည်အသွေး မြင့်မားပြီး အပြစ်အနာအဆာ ကင်းတဲ့ ဗီဒီယိုများကို ဖမ်းယူပေးပါတယ်။

အရှေ့ဘက်မှာ 24MP Camera ပါပြီး 3D Face Scanner နည်းပညာ ပါပါတယ်။ ဖိအားကို အာရုံခံနိုင်တဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ Mate 20 Pro ဟာ SuperCharge ပါတဲ့ ဟွာဝေးရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ 40W ဖြင့် ဖုန်းကို အားသွင်းပေးနိုင်ပါတယ်။ နာရီဝက်အတွင်းမှာ 4200mAh Battery ကို ၇၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။

15W Wireless Quick Charge လည်း ပါပြီး နာရီဝက်အတွင်းမှာ ၃၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။ Android 9.0 Pie အခြေပြု EMUI 9 ထည့်သွင်းထားပါတယ်။ IP68 စံနှုန်း ရေစိုခံနိုင်ပါတယ်။ Dual Band GPS , Dual VoLTE ဆက်သွယ်မှုများ ပါပါတယ်။ 6/128GB Model ကို ယူရို ၁၀၅၀ သတ်မှတ်ထားပါတယ်။

Leave a Reply