Rolls-Royce က Intel နဲ႔ ပူးေပါင္း၍ ေမာင္းသူမဲ့ သေဘၤာကို ဖန္တီးမည္

0
1016

Rolls-Royce က ေမာင္းသူမဲ့ သေဘၤာကို ဖန္တီးဖို႔ Intel နဲ႔ ပူးေပါင္းလိုက္တယ္လို႔ ေၾကညာပါတယ္။ Rolls-Royce က ၂၀၁၀ ခုႏွစ္ကတည္းက ေမာင္းသူမဲ့ သေဘၤာ နည္းပညာကို ဖန္တီးေနတာ ျဖစ္ပါတယ္။ ကုမၸဏီက ၂၀၂၅ ခုႏွစ္မွာ ပင္လယ္ထဲမွာ အလိုအေလွ်ာက္ ေမာင္းႏွင္ႏုိင္တဲ့ သေဘၤာကို စမ္းသပ္မယ္လို႔ ယခင္ႏွစ္က ေျပာခဲ့ဖူးပါတယ္။ ယခုႏွစ္ အေစာပိုင္းမွာ ကုမၸဏီက Intelligent Awareness System ကို ဖန္တီးခဲ့ပါတယ္။

သူ႔ရဲ႕ စနစ္မွာ ပင္မ ပရိုဂရမ္က ထိန္းခ်ဳပ္ႏိုင္တဲ့ ကင္မရာမ်ား၊ LIDAR နဲ႔ ေရဒါတို႔ တပ္ဆင္ထားပါတယ္။ Machine Vision Algorithms ကို အသံုးျပဳ၍ ဒီစနစ္က အျခား သေဘၤာမ်ားနဲ႔ အတားအဆီးမ်ားကို ေရွာင္လႊဲႏုိင္ပါတယ္။ Rolls-Royce က Intel ရဲ႕ 3D NAND SSD ကို အသံုးျပဳ၍ ဒီစနစ္ရဲ႕ ေဒတာမ်ားကို သိမ္းဆည္းမွာ ျဖစ္ပါတယ္။ ဒီစနစ္က တစ္ေန႔မွာ 1 Terabyte ေဒတာကို ေကာက္ယူပါတယ္။

“ ဒါဟာ တကယ္ေတာ့ သေဘၤာရဲ႕ မ်က္လံုးနဲ႔ နားမ်ား ျဖစ္ပါတယ္။ အႏၱရာယ္မ်ားကို အခ်ိန္နဲ႔ တစ္ေျပးညီ သိနုိင္ပါတယ္။ “ လို႔ Rolls-Royce ရဲ႕ ဥာဏ္ရည္ျမင့္ သေဘၤာ ဌာနမွ ဒါရိုက္တာ ျဖစ္သူ Kevin Daffey က ေျပာပါတယ္။ Intelligent Awareness System က အနီးအနားမွ သေဘၤာမ်ားဟာ ကုန္တင္သေဘၤာလား၊ အေပ်ာ္စီး သေဘၤာလား စတာေတြကို ခြဲျခမ္းစိတ္ျဖာႏုိင္ပါတယ္။

သူက ရာသီဥတု မေကာင္းရင္ေတာင္ ပတ္၀န္းက်င္မွ အရာမ်ားကို သိျမင္ပါတယ္။ သေဘၤာ ဆိပ္ကမ္းကပ္တဲ့ ေနရာမွာလည္း ဒီနည္းပညာက အလြန္ အသံုး၀င္ပါတယ္။ လက္ရွိမွာ ဒီနည္းပညာကို သေဘၤာမ်ားစြာျဖင့္ စမ္းသပ္ေနပါတယ္။

unicode

Rolls-Royce က Intel နဲ့ ပူးပေါင်း၍ မောင်းသူမဲ့ သင်္ဘောကို ဖန်တီးမည်

Rolls-Royce က မောင်းသူမဲ့ သင်္ဘောကို ဖန်တီးဖို့ Intel နဲ့ ပူးပေါင်းလိုက်တယ်လို့ ကြေညာပါတယ်။ Rolls-Royce က ၂၀၁၀ ခုနှစ်ကတည်းက မောင်းသူမဲ့ သင်္ဘော နည်းပညာကို ဖန်တီးနေတာ ဖြစ်ပါတယ်။ ကုမ္ပဏီက ၂၀၂၅ ခုနှစ်မှာ ပင်လယ်ထဲမှာ အလိုအလျှောက် မောင်းနှင်နိုင်တဲ့ သင်္ဘောကို စမ်းသပ်မယ်လို့ ယခင်နှစ်က ပြောခဲ့ဖူးပါတယ်။ ယခုနှစ် အစောပိုင်းမှာ ကုမ္ပဏီက Intelligent Awareness System ကို ဖန်တီးခဲ့ပါတယ်။

သူ့ရဲ့ စနစ်မှာ ပင်မ ပရိုဂရမ်က ထိန်းချုပ်နိုင်တဲ့ ကင်မရာများ၊ LIDAR နဲ့ ရေဒါတို့ တပ်ဆင်ထားပါတယ်။ Machine Vision Algorithms ကို အသုံးပြု၍ ဒီစနစ်က အခြား သင်္ဘောများနဲ့ အတားအဆီးများကို ရှောင်လွှဲနိုင်ပါတယ်။ Rolls-Royce က Intel ရဲ့ 3D NAND SSD ကို အသုံးပြု၍ ဒီစနစ်ရဲ့ ဒေတာများကို သိမ်းဆည်းမှာ ဖြစ်ပါတယ်။ ဒီစနစ်က တစ်နေ့မှာ 1 Terabyte ဒေတာကို ကောက်ယူပါတယ်။

“ ဒါဟာ တကယ်တော့ သင်္ဘောရဲ့ မျက်လုံးနဲ့ နားများ ဖြစ်ပါတယ်။ အန္တရာယ်များကို အချိန်နဲ့ တစ်ပြေးညီ သိနိုင်ပါတယ်။ “ လို့ Rolls-Royce ရဲ့ ဉာဏ်ရည်မြင့် သင်္ဘော ဌာနမှ ဒါရိုက်တာ ဖြစ်သူ Kevin Daffey က ပြောပါတယ်။ Intelligent Awareness System က အနီးအနားမှ သင်္ဘောများဟာ ကုန်တင်သင်္ဘောလား၊ အပျော်စီး သင်္ဘောလား စတာတွေကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။

သူက ရာသီဥတု မကောင်းရင်တောင် ပတ်ဝန်းကျင်မှ အရာများကို သိမြင်ပါတယ်။ သင်္ဘော ဆိပ်ကမ်းကပ်တဲ့ နေရာမှာလည်း ဒီနည်းပညာက အလွန် အသုံးဝင်ပါတယ်။ လက်ရှိမှာ ဒီနည်းပညာကို သင်္ဘောများစွာဖြင့် စမ်းသပ်နေပါတယ်။

Leave a Reply