
0
616





unicode

မနက်ဖြန်မှာ ကြေညာမယ့် Nokia 7.1 Plus ရဲ့ Teaser Image ကို ပြသ

HMD Global က မနက်ဖြန်မှာ Nokia 7.1 Plus or Nokia X7 ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ရောင်းချမှာ ဖြစ်ပြီး ကုမ္ပဏီရဲ့ မူအရ ဆိုရင် တစ်လအကြာမှာ အခြား နိုင်ငံများမှာပါ ရောင်းချမှာ ဖြစ်ပါတယ်။

အခုတော့ သူ့ရဲ့ Teaser Image တစ်ခုကို ကုမ္ပဏီက ပြသလိုက်ပါတယ်။ ဒီ Teaser မှာ ဖုန်းကို ထင်ရှားစွာ ပြသထားပါတယ်။ သူဟာ Nokia 7.1 နဲ့ ဒီဇိုင်း တူပါတယ်။ ဒါပေမယ့် ပိုမို အရွယ်ကြီးတဲ့ ၆.၁၈ လက်မ Notched Display ၊ ပိုမြန်တဲ့ Snapdragon 710 Chipset ၊ ပိုကြီးတဲ့ 3400mAh Battery ၊ ပိုကောင်းတဲ့ 12+13MP Dual Rear Camera ၊ 20MP Selfie Camera များ ထည့်သွင်းထားပါတယ်။

Teaser Image မှာ တရုတ် ဘာသာစကားများဖြင့် စာများ ရေးသားထားပါတယ်။ Google Translate ဖြင့် ဘာသာပြန်ကြည့်တဲ့ အခါမှာ အနောက်ကင်မရာ ၂ လုံး၊ ကြာရှည်တဲ့ ဘက်ထရီ သက်တမ်း၊ စွမ်းရည်မြင့်တဲ့ စပီကာနဲ့ ရိုးရှင်းတဲ့ User Interface တို့ ထည့်သွင်းထားမယ်လို့ သိရပါတယ်။

HMD Global က တရုတ်မှာ မေလလယ်တွင် Nokia X6 ကို ကြေညာခဲ့ပါတယ်။ တစ်လအကြာမှာတော့ အိန္ဒိယမှာ Teaser Campaign ကို စတင်ခဲ့ပြီး ၂ ပတ် အကြာမှာ ရောင်းချပေးခဲ့ပါတယ်။ Nokia 7.1 Plus ကိုလည်း ဒီ အချိန်ဇယား အတိုင်း ရောင်းချနိုင်ပါတယ်။ အဲဒီအတွက် နိုဝင်ဘာလကုန်မှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။

Leave a Reply