ပန်းရောင် Surface Laptop 2 ကို တရုတ်မှာ ရောင်းချ

0
988

ယခုလ အစောပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ Surface Laptop 2 ရဲ့ ပန်းရောင် မော်ဒယ်ကို Surface ဌာနရဲ့ အကြီးအကဲ ဖြစ်သူ Panos Panay က တရုတ်နိုင်ငံ ဘေဂျင်းမှာ ပြသလိုက်တာပါ။ အဲဒီနိုင်ငံမှာသာ ရောင်းမယ်လို့ သူက ပြောပါတယ်။ အနက်ရောင် အသစ်ကို ကမ္ဘာအ၀န်းမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Microsoft Surface Laptop 2 ကို ဒီနေ့ပဲ စတင် ရောင်းချပေးလိုက်ပါတယ်။ သူ့မှာ 8th Gen Intel Processors များ ထည့်သွင်းထားပါတယ်။ အခြေခံ မော်ဒယ်မှာ RAM ပိုများလာပါတယ်။ မူလမော်ဒယ်ထက် သူက ၈၅ ရာခိုင်နှုန်း ပိုမိုမြန်လာပါတယ်။ ဒီဇိုင်း အပိုင်းမှာ သူဟာ မူလမော်ဒယ်နဲ့ များစွာ တူညီပါတယ်။ အခုခေတ်စားနေတဲ့ USB-C Port မထည့်သွင်းထားတာက ထူးဆန်းပါတယ်။

ပန်းရောင် မော်ဒယ်ကို တရုတ်မှာပဲ ဘာလို့ ရောင်းတာလဲ ဆိုတာ မသိရသေးပါဘူး။ တရုတ်မှာ ပန်းရောင်နဲ့ ရွှေရောင်များဟာ အလွန် ရေပန်းစားပါတယ်။ Apple က တရုတ်မှာ နှင်းဆီ ရွှေရောင် အိုင်ဖုန်းများကို ရောင်းချပေးနေပြီး စီအီးအို တင်ကွတ်က တရုတ်မှ စားသုံးသူများ နှစ်သက်မယ်လို့ ပြောခဲ့ဖူးပါတယ်။ ပန်းရောင် Surface Laptop 2 ကို တရုတ်မှာ ကြိုတင်မှာယူနိုင်ပါပြီ။

မျက်နှာပြင်က ၁၃.၅ လက်မ ဖြစ်ပြီး LCD အမျိုးအစား ဖြစ်ပါတယ်။ RAM အပိုင်းမှာ 4GB ကနေ 8GB အထိ ၊ Storage အပိုင်းမှာ 128GB ကနေ 1TB SSD အထိ ရွေးချယ်နိုင်ပါတယ်။ အခြေခံမော်ဒယ်ရဲ့ ဈေးနှုန်းက ၉၉၉ ဒေါ်လာ ဖြစ်ပါတယ်။

unicode






Leave a Reply