Virus ပါတဲ့ Message မ်ားေၾကာင့္ PlayStation 4 မ်ား Crash ျဖစ္ပြားေန

0
903

Virus သို႔မဟုတ္ Malicious Message ၀င္လာတာေၾကာင့္ စမတ္ဖုန္းမ်ား Crash ျဖစ္တဲ့ ျပႆနာမ်ား ယခင္က ၾကားခဲ့ဖူးပါတယ္။ အခုေတာ့ Sony PlayStation 4 ဂိမ္းစက္မ်ားမွာလည္း ဒီလို ျဖစ္ေနတယ္လို႔ လူမႈကြန္ရက္နဲ႔ Reddit တို႔မွာ ေျပာေနၾကပါတယ္္။ အဲဒီ မက္ေဆ့မ်ားဟာ Android , iOS တို႔အတြက္ ဖန္တီးထားတဲ့ ဂိမ္းစက္ရဲ႕ Message App ကို ၀င္လာတာ ျဖစ္ပါတယ္။ အဲဒီ စာမ်ား ၀င္လာလို႔ ဖတ္လိုက္တာနဲ႔ ဟာ့ဒ္၀ဲမ်ားက အလုပ္မလုပ္ေတာ့ဘူးလို႔ ဆိုပါတယ္။

မက္ေဆ့မွ စာသားမ်ားဟာ ကြန္ျပဴတာ ဘာသာစကားမ်ား ျဖစ္ၾကပါတယ္။ အခ်ိဳ႕ User မ်ားက PS4 ကို Factory Reset လုပ္လိုက္ရင္ ဒီျပႆနာ ေျပလည္သြားတယ္လို႔ ေျပာပါတယ္။ ဒါဟာ Bug ေၾကာင့္ ျဖစ္ႏုိင္ပါတယ္။ ဒါဟာ အြန္လိုင္းမွ ဂိမ္းကစားတဲ့ ၿပိဳင္ဖက္မ်ားရဲ႕ လုပ္ၾကံမႈလည္း ျဖစ္ႏုိင္ပါတယ္။

ဆိုနီကေတာ့ ဒီျပႆနာကို ေျဖရွင္းျခင္း မရွိေသးပါဘူး။ ဒီ လံုျခံဳေရး ဟာကြက္ကို Software Update ျဖင့္ေျဖရွင္းေပးႏုိင္ပါတယ္။ လက္ရွိမွာေတာ့ PS4 နဲ႔ သူ႔ရဲ႕ Mobile Apps မ်ားမွ သူငယ္ခ်င္းမ်ားရဲ႕ မက္ေဆ့မ်ားကိုသာ လက္ခံေအာင္ ျပဳလုပ္ထားသင့္ပါတယ္။ အျခား မယံုၾကည္ရသူမ်ားရဲ႕ မက္ေဆ့မ်ားကို ပိတ္ပင္ထားသင့္ပါတယ္။

PS4 ရဲ႕ Settings> Account Management > Privacy Settings ထဲမွာ သတ္မွတ္ႏုိင္ပါတယ္။ သင့္ စက္မွာ ဒီျပႆနာ ျဖစ္ပြားၿပီ ဆိုရင္ေတာ့ Safe Mode နဲ႔ Reboot လုပ္ၿပီး ေဒတာေဘ့စ္ကို ျပန္တည္ေဆာက္တဲ့ နည္းလမ္းကို စမ္းၾကည့္ႏုိင္ပါတယ္။ ဒီနည္းလမ္းက သင့္ ေဒတာမ်ားကို မပ်က္ဆီးေစပါဘူး။

unicode

Virus ပါတဲ့ Message များကြောင့် PlayStation 4 များ Crash ဖြစ်ပွားနေ

Virus သို့မဟုတ် Malicious Message ဝင်လာတာကြောင့် စမတ်ဖုန်းများ Crash ဖြစ်တဲ့ ပြဿနာများ ယခင်က ကြားခဲ့ဖူးပါတယ်။ အခုတော့ Sony PlayStation 4 ဂိမ်းစက်များမှာလည်း ဒီလို ဖြစ်နေတယ်လို့ လူမှုကွန်ရက်နဲ့ Reddit တို့မှာ ပြောနေကြပါတယ်။ အဲဒီ မက်ဆေ့များဟာ Android , iOS တို့အတွက် ဖန်တီးထားတဲ့ ဂိမ်းစက်ရဲ့ Message App ကို ဝင်လာတာ ဖြစ်ပါတယ်။ အဲဒီ စာများ ဝင်လာလို့ ဖတ်လိုက်တာနဲ့ ဟာ့ဒ်ဝဲများက အလုပ်မလုပ်တော့ဘူးလို့ ဆိုပါတယ်။

မက်ဆေ့မှ စာသားများဟာ ကွန်ပြူတာ ဘာသာစကားများ ဖြစ်ကြပါတယ်။ အချို့ User များက PS4 ကို Factory Reset လုပ်လိုက်ရင် ဒီပြဿနာ ပြေလည်သွားတယ်လို့ ပြောပါတယ်။ ဒါဟာ Bug ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါဟာ အွန်လိုင်းမှ ဂိမ်းကစားတဲ့ ပြိုင်ဖက်များရဲ့ လုပ်ကြံမှုလည်း ဖြစ်နိုင်ပါတယ်။

ဆိုနီကတော့ ဒီပြဿနာကို ဖြေရှင်းခြင်း မရှိသေးပါဘူး။ ဒီ လုံခြုံရေး ဟာကွက်ကို Software Update ဖြင့်ဖြေရှင်းပေးနိုင်ပါတယ်။ လက်ရှိမှာတော့ PS4 နဲ့ သူ့ရဲ့ Mobile Apps များမှ သူငယ်ချင်းများရဲ့ မက်ဆေ့များကိုသာ လက်ခံအောင် ပြုလုပ်ထားသင့်ပါတယ်။ အခြား မယုံကြည်ရသူများရဲ့ မက်ဆေ့များကို ပိတ်ပင်ထားသင့်ပါတယ်။

PS4 ရဲ့ Settings> Account Management > Privacy Settings ထဲမှာ သတ်မှတ်နိုင်ပါတယ်။ သင့် စက်မှာ ဒီပြဿနာ ဖြစ်ပွားပြီ ဆိုရင်တော့ Safe Mode နဲ့ Reboot လုပ်ပြီး ဒေတာဘေ့စ်ကို ပြန်တည်ဆောက်တဲ့ နည်းလမ်းကို စမ်းကြည့်နိုင်ပါတယ်။ ဒီနည်းလမ်းက သင့် ဒေတာများကို မပျက်ဆီးစေပါဘူး။

Leave a Reply