
0
691





unicode

Snapdragon 710 ပါမယ့် Vivo Z3 ကို ၁၇ ရက်နေ့မှာ ကြေညာမည်

ဒီလထဲမှာတော့ စမတ်ဖုန်း အသစ်များစွာ ထွက်နေပါတယ်။ အခုလည်း ပေါက်ကြားထွက်ပေါ်လာတဲ့ ပိုစတာ တစ်ခု အရ ဒီလ ၁၇ ရက်နေ့မှာ Vivo Z3 ကို ကြေညာမယ်လို့ ထင်ရပါတယ်။ Z3 ကို တရုတ်မှာသာ ရောင်းချနိုင်ပြီး အခြား အမည်ဖြင့် ကမ္ဘာအဝန်းမှာ ရောင်းချနိုင်ပါတယ်။ ပိုစတာမှာ Z3 တွင် Qualcomm Snapdragon 710 Chipset ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။

ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး ဂိမ်းကစားလို့ အလွန် ကောင်းစေမယ့် Dual Turbo နည်းပညာလည်း ပါလာမယ်လို့ ပိုစတာမှာ ရေးသားထားပါတယ်။ ဒီနည်းပညာကို စက်တင်ဘာလမှာ Vivo X23 နဲ့အတူ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းအရ Vivo Z3 ကို ယွမ် ၁၇၉၉ ( ၂၆၀ ဒေါ်လာ) သတ်မှတ်ထားတာက Snapdragon 710 ပါတဲ့ ဖုန်းအတွက် အလွန် တန်နေပါတယ်။

Vivo က ပြီးခဲ့တဲ့ တစ်ပတ်က နိုင်ငံတကာမှာ V11i အမည်ဖြင့် ရောင်းချပေးထားတဲ့ စမတ်ဖုန်းကို တရုတ်မှာ Z3i အမည်ဖြင့် ရောင်းချခဲ့ပါတယ်။ သူတို့ ၂ လုံးဟာ အစိတ်အပိုင်းများ အများစု တူညီကြပြီး ကွာခြားမှု အနည်းငယ်သာ ရှိပါတယ်။ ကွာခြားချက်တစ်ခုက V11i မှာ 25MP Front Camera နဲ့ Z3i မှာ 24MP Front Camera ပါပါတယ်။ နောက်ထပ် ကွာခြားချက်မှာ Z3i အတွက် 6GB/128GB Memory Option ကိုသာ ထုတ်လုပ်ပေးထားပါတယ်။ Vivo V11i အတွက် 4GB/128GB or 6GB/64GB များ ထုတ်ပေးထားတာပါ။

အခြား Specificatiions များက တူညီကြပါတယ်။ Vivo Z3i မှာ ၆.၃ လက်မ 1080x2280p IPS Display ထည့်သွင်းထားပါတယ်။ Waterdrop Notch လည်း ပါပါတယ်။ အနောက်ဘက်မှာ 16+2MP Dual Camera ပါပါတယ်။ ဘက်ထရီက 3315mAh ဖြစ်ပါတယ်။ Android 8.1 Oreo ကို Funtouch OS နဲ့ အုပ်ထားပါတယ်။ Vivo Z3i ကို တရုတ်မှာ ယွမ် ၂၃၉၈ သတ်မှတ်ထားပါတယ်။ ၃၄၆ ဒေါ်လာဝန်းကျင်လောက် ကျသင့်နိုင်ပါတယ်။ အပြာနဲ့ ပန်းရောင်များ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Leave a Reply