Navigation Gestures မ်ား ပိုေကာင္းလာမယ့္ OnePlus 6T

0
1141

OnePlus 6T ကို ဒီလထဲမွာ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ ကုမၸဏီကလည္း သူ႔ရဲ႕ Teaser မ်ားကို မၾကာခဏ မွ်ေ၀ေနပါတယ္။ အခုလည္း ကုမၸဏီရဲ႕ Software & User Experience ဌာနမွ အႀကီးအကဲ ျဖစ္သူက အင္တာဗ်ဴး တစ္ခုမွာ ဖုန္းရဲ႕ သတင္းအခ်က္အလက္ အသစ္မ်ားကို ေျပာျပလိုက္ပါတယ္။ သူက အဲဒီ ဖုန္းအတြက္ ဖန္တီးထားတဲ့ Android အေျချပဳ OxygenOS ရဲ႕ လံုး၀ ေျပာင္းလဲသြားတဲ့ UI ကို ျမင္ရမယ္လို႔ ေျပာပါတယ္။

သူက Navigation Gestures မ်ားလည္း ပိုေကာင္းလာမယ္လို႔ ေျပာပါတယ္။ စကရင္ေအာက္ေျခကေန ညာဘက္ကို ပြတ္ဆြဲရင္ ေနာက္ဆံုး အသံုးျပဳထားတဲ့ App ကို သံုးႏုိင္မွာ ျဖစ္ပါတယ္။ ပါ၀ါခလုတ္ကို ၀.၅ စကၠန္႔ၾကာ ဖိထားရင္ Google Assistant ကို ဆင့္ေခၚႏုိင္မွာ ျဖစ္ပါတယ္။ Gesture မ်ားအျပင္ ကင္မရာမ်ားကိုလည္း ပိုေကာင္းေအာင္ ဖန္တီးထားမယ္လို႔ ကုမၸဏီက ေျပာထားပါတယ္။

ယခုလ ၃၀ ရက္ေန႔မွာ နယူးေယာက္ စီးတီးမွာ သူ႔ကို ေၾကညာေတာ့မွာပါ။ OnePlus 6T မွာ ေသးငယ္တဲ့ Display Notch နဲ႔ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ OnePlus ရဲ႕ ပထမဆံုး အေနနဲ႔ နားၾကပ္ေပါက္ကို ဖယ္ရွားထားမယ့္ စမတ္ဖုန္းလည္း ျဖစ္ပါတယ္။ OnePlus ဟာ Vivo , Xiaomi , Huawei တို႔လို မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာကို ထည့္သြင္းထားတဲ့ ကုမၸဏီ ျဖစ္လာမွာပါ။

OnePlus 6T မွာ ၆.၄ လက္မ 1080x2340p Optic AMOLED Display ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ Qualcomm ရဲ႕ Snapdragon 845 Chipset ေမာင္းႏွင္ထားႏိုင္ပါတယ္။ Face Unlock လည္း ထည့္သြင္းထားမွာ ျဖစ္ပါတယ္။

unicode

Navigation Gestures များ ပိုကောင်းလာမယ့် OnePlus 6T

OnePlus 6T ကို ဒီလထဲမှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီကလည်း သူ့ရဲ့ Teaser များကို မကြာခဏ မျှဝေနေပါတယ်။ အခုလည်း ကုမ္ပဏီရဲ့ Software & User Experience ဌာနမှ အကြီးအကဲ ဖြစ်သူက အင်တာဗျူး တစ်ခုမှာ ဖုန်းရဲ့ သတင်းအချက်အလက် အသစ်များကို ပြောပြလိုက်ပါတယ်။ သူက အဲဒီ ဖုန်းအတွက် ဖန်တီးထားတဲ့ Android အခြေပြု OxygenOS ရဲ့ လုံး၀ ပြောင်းလဲသွားတဲ့ UI ကို မြင်ရမယ်လို့ ပြောပါတယ်။

သူက Navigation Gestures များလည်း ပိုကောင်းလာမယ်လို့ ပြောပါတယ်။ စကရင်အောက်ခြေကနေ ညာဘက်ကို ပွတ်ဆွဲရင် နောက်ဆုံး အသုံးပြုထားတဲ့ App ကို သုံးနိုင်မှာ ဖြစ်ပါတယ်။ ပါဝါခလုတ်ကို ဝ.၅ စက္ကန့်ကြာ ဖိထားရင် Google Assistant ကို ဆင့်ခေါ်နိုင်မှာ ဖြစ်ပါတယ်။ Gesture များအပြင် ကင်မရာများကိုလည်း ပိုကောင်းအောင် ဖန်တီးထားမယ်လို့ ကုမ္ပဏီက ပြောထားပါတယ်။

ယခုလ ၃၀ ရက်နေ့မှာ နယူးယောက် စီးတီးမှာ သူ့ကို ကြေညာတော့မှာပါ။ OnePlus 6T မှာ သေးငယ်တဲ့ Display Notch နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ OnePlus ရဲ့ ပထမဆုံး အနေနဲ့ နားကြပ်ပေါက်ကို ဖယ်ရှားထားမယ့် စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ OnePlus ဟာ Vivo , Xiaomi , Huawei တို့လို မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကို ထည့်သွင်းထားတဲ့ ကုမ္ပဏီ ဖြစ်လာမှာပါ။

OnePlus 6T မှာ ၆.၄ လက်မ 1080x2340p Optic AMOLED Display ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ Qualcomm ရဲ့ Snapdragon 845 Chipset မောင်းနှင်ထားနိုင်ပါတယ်။ Face Unlock လည်း ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Leave a Reply