0
1125
unicode
Huawei Watch GT ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာ
ဟွာဝေးက Watch GT အမည်ရ စမတ်နာရီ အသစ်တစ်လုံးကို ဖန်တီးနေပါတယ်။ အခုတော့ ဟွာဝေးရဲ့ ဝက်ဘ်ဆိုက်မှာ Watch GT ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဟွာဝေးက အဲဒီ ဝက်ဘ်စာမျက်နှာကို ဖယ်ရှားလိုက်ပါပြီ။ သူ့ကို ယခုလ ၁၆ ရက်နေ့မှာ တရားဝင် ကြေညာမှာ ဖြစ်ပါတယ်။
ဝက်ဘ်ဆိုက်မှ သတင်းအချက်အလက်များအရ စမတ်နာရီမှာ ၁.၃၉ လက်မ 454x454p AMOLED Touchscreen ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Cortex-M4 Processor မောင်းနှင်ထားပါတယ်။ 420mAh Battery ပါပါတယ်။ Watch Mode မှာ ဆိုရင် တစ်ခါအားသွင်းထားရင် ရက်ပေါင်း ၃၀ အသုံးခံပါတယ်။ သာမာန် သုံးရင်တော့ ၂ ပတ်လောက် ခံပါတယ်။ GPS ဖွင့်ထားရင် ၂၂ နာရီ အသုံးခံပါတယ်။
ဟွာဝေးရဲ့ ကိုယ်ပိုင် OS ထည့်သွင်းထားပါတယ်။ ၂ နာရီ အားသွင်းရင် ၁၀၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။ သူက ကိုယ်လက်လှုပ်ရှားမှုနဲ့ အိပ်စက်မှု အခြေအနေများကို တိုင်းတာပေးနိုင်ပါတယ်။ Stainless Steel ကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။ ပြသပေးနိုင်ပါတယ်။ GPS/GLONASS/Beidou/Galileo များ ပါပါတယ်။
စမတ်နာရီရဲ့ အနောက်ဘက်မှာ နှလုံးခုန်နှုန်း တိုင်းတာတဲ့ ကိရိယာ ထည့်သွင်းထားပါတယ်။ 5ATM ရေစိုခံနှုန်း ရှိပါတယ်။ လက်ဗွေရာများ မထင်အောင် PVD Coating ကို အသုံးပြုထားပါတယ်။ စမတ်ဖုန်းမှ Notifications များကိုလည်း စမတ်နာရီကနေ ယူရို ၂၀၀ ဝန်းကျင်ဖြင့် ရောင်းချနိုင်ပါတယ်။
Leave a Reply